ဆောင်းရာသီမှာ ချယ်ရီပန်းတွေကြည့်ရှုဖို့ ပုံပြလမ်းညွှန်၊ ကူမင်းကိုသွားပြီး ပန်းလမ်းကို အတူတူလျှောက်ကြရအောင်

2023-12-20 17:47|ရောင်စုံတိမ်တံတား

(ရောင်စုံတိမ်တံတား ကိုကိုမောင်) မင်းနေတဲ့ တရုတ်နိုင်ငံ မြောက်ပိုင်းဒေသတွေမှာ ရာသီဥတုအေးချမ်းပြီး နှင်းတွေကျနေ၊ ကျွန်တော်နေတဲ့ တောင်ပိုင်းဒေသတွေမှာတော့ နေရောင်ခြည်နွေးထွေးပြီး ပန်းရနံ့တွေ ပျံ့နှံ့နေတယ်။

အခုအချိန်မှာ ကူမင်းမြို့ရှိ ဆောင်းရာသီပွင့်ချယ်ရီပန်းတွေ စတင်ပွင့်နေကြပြီ။ လမ်းမှာပဲဖြစ်ဖြစ်၊ ပန်းခြံနဲ့ ရေကန်မှာပဲဖြစ်ဖြစ် ချယ်ရီပန်းတွေဟာ မွှေးရနံ့သင်းသင်းနဲ့ တောက်ပစွာ ပွင့်လန်းလျက်ရှိပြီး တဝဲလည်လည်နဲ့ မျောနေကြတယ်။

1

ယူနန်အစောပိုင်းချယ်ရီပန်းလို့လည်း ခေါ်တဲ့ဆောင်းရာသီပွင့်ချယ်ရီပန်းက ယူနန်ပြည်နယ်ရဲ့ ဒုတိယအဆင့် အလေးပေး ကာကွယ်ထားတဲ့အပင် ဖြစ်တယ်။

ချယ်ရီပန်းတွေကြည့်ရှုဖို့ နေရာကောင်းများ

2

ယွမ်ထွန်တောင်ဥယျာဉ်

3

နှစ်စဉ်နှစ်တိုင်း နှစ်ကုန်ပိုင်းမှာ ယွမ်ထွန်တောင်ဥယျာဉ်ရှိ ဆောင်းရာသီပွင့် ချယ်ရီပန်းတွေ ပွင့်လာကာ ဒီဥယျာဉ်ကို ရိုမန်တစ်ဆန်တဲ့ ပန်းနုရောင် ပန်းပင်လယ်တစ်ကွက် ပြောင်းလဲစေတယ်။ 

ဟွန်ထာရှီးလမ်း

4

ဟွန်ထာရှီးလမ်းဟာ ကူမင်းမြို့မှာ ဆောင်းရာသီပွင့်ချယ်ရီပန်းတွေ အများဆုံး စုစည်းထားတဲ့ ရှုခင်းလမ်းဖြစ်ပြီး ရာနှင့်ချီတဲ့ ချယ်ရီပင်တွေက လမ်းနှစ်ဖက်စလုံးမှာ ဖြန့်ကျက်ထားပြီး ဒီလမ်းအတိုင်း လျှောက်သွားခြင်းက တကယ့် "ပန်းပွင့်လမ်းကို လျှောက်နေတာ" ဖြစ်တယ်။

ချိုင်ယူလမ်း

5

ချိုင်ယူလမ်းပေါ်မှာ ဆောင်းရာသီမှာ ကူမင်းမြို့ချန်ဂုံရပ်ကွက်ရဲ့ အလှဆုံးရှုခင်း ရှိပြီး "ရောင်စုံတိမ်တွေနဲ့ လွင့်ပျံတဲ့ပွင့်ဖတ်တွေ" ဆိုတဲ့ နာမည်ကောင်း ရှိတယ်။

လော့လုံဥယျာဉ်

6

ဒီနေရာရှိ ချယ်ရီပန်းလမ်းအလယ်မှာ လှေကားတွေရှိတယ်။ လူနည်းပြီး လှပတဲ့ရှုခင်းတွေရှိတယ်။

ကူမင်းရုက္ခဗေဒဥယျာဉ်

7

ဥယျာဉ်ထဲရှိ ချယ်ရီပင်တွေပေါ်မှာ ပန်းနုရောင်ဖြစ်တဲ့ ချယ်ရီပန်းတွေ အပြည့် ပွင့်နေပြီး လေပြေတိုက်တဲ့အခါ ပွင့်ဖတ်တွေ ပြုတ်ကျနေတာ နတ်ပြည်လိုပဲ လှပတယ်။

ကူမင်းမြို့မှာ ဆောင်းရာသီပွင့်ချယ်ရီပန်းတွေရဲ့  ပန်းပွင့်ချိန်က များသောအားဖြင့် နှစ်စဉ် နိုဝင်ဘာလက နောက်နှစ်မတ်လအထိ ဖြစ်တယ်၊ မင်းရဲ့ မိသားစုနဲ့ သူငယ်ချင်းတို့နဲ့ အတူတူသွားကြည့်ကြပါ။


你在北方的寒冬里大雪纷飞

我在南方的暖阳里花香四溢

目前,昆明的冬樱花渐入盛放时节。不论是在街头,还是在公园湖畔,一树树的樱花绚烂地开,一缕缕的暗香萦绕浮动。

1

冬樱花又名云南早樱,属云南省二级保护植物。

赏樱好去处

2

圆通山

3

每当岁末年初,圆通山的冬樱花便会盛开,将圆通山染成一片浪漫的粉色花海。

红塔西路

4

红塔西路是昆明冬樱花最集中的景观大道,数百株冬樱花分布在道路两旁,从这条路走过,才是真正的“走花路”。

彩云路

5

彩云路是呈贡新区冬季最美的风景线,有着“彩云飞花”美誉。

洛龙公园

6

这里樱花大道中段有楼梯!人少,景美。

昆明植物园

7

粉嫩的冬樱盛开满树的粉红,微风一吹花雨纷纷,宛如仙境。

昆明冬樱花的花期通常是从11月份到来年的3月份,快带上家人、好友一起去看看吧!

အယ်ဒီတာ: ခင်ခင် တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73ကျပ်