ကျောက်ထုံးမြို့ တာ့ဆန်းပေါင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး နယ်မြေတွင် လည်ပင်းနက်ကြိုးကြာငှက်နှင့် လမင်း အတူရှိနေ၍ အလွန်လှပ
2023-12-15 17:20|
(ရောင်စုံတိမ်တံတား၊ ခင်ခင်) ဆောင်းရာသီထဲမှ ယူနန်ပြည်နယ် တာ့ဆန်းပေါင်း လည်ပင်းနက်ကြိုးကြာငှက်များ အမျိုးသားအဆင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး နယ်မြေ၌ ကြည်လင်သောရေနှင့် ကောင်းကင်ပြာ၊ ကုန်းပြင်မြင့်နှင့် စိုစွတ်မြေများ ရှိ၍ ပန်းချီကား ကဲ့သို့သော ရှုခင်းများသည် လူများအား မျှော်မှန်းတမ်းတစေကာ လည်ပင်းနက်ကြိုးကြာငှက်များ၏ ရောက်ရှိခြင်းသည် ဤလှပသော ပန်းချီကားလိပ်အတွက် ရိုမန်တစ်နှင့် သွက်လက်မှု တစ်ခု ပို၍ တိုးဖြည့်ပေးသည်။
ကျနေသည် အနောက်ဘက်သို့ ကျဆင်းသွားနေပြီး နေနှင့်လ အချိန်တည်း ပေါ်ထွက်လာ၍ လည်ပင်းနက်ကြိုးကြာငှက်များနှင့် လမင်း အတူရှိနေကာ အလွန်လှပသည်။ လည်ပင်းနက်ကြိုးကြာငှက်များသည် ခပ်ကြော့ကြော့နှင့် တစ်ခါတစ်ရံ တောင်ပံခတ်ပြီး ပျံသန်းချင်ပုံ ပေါ်လာခြင်း၊ တစ်ခါတစ်ရံ တောင်ပံဖြန့်ပြီး ပျံသန်းနေခြင်း၊ တစ်ခါတစ်ရံ ရပ်နားပြီး အနားယူခြင်း၊ တစ်ခါတစ်ရံ အသံကျယ်ကျယ် သီချင်းဆိုခြင်းတို့ ဖြစ်ကာ စိတ်ပြေလက်ပျောက် ပျော်ရွှင်ဖွယ်ရာ ကောင်းလှသည်။
လည်ပင်းနက်ကြိုးကြာငှက်သည် တရုတ်နိုင်ငံ အမျိုးသားအဆင့် ပထမအဆင့် အလေးပေး ကာကွယ်ထားသော တောရိုင်းတိရစ္ဆာန် ဖြစ်၍ တစ်ကမ္ဘာလုံးရှိ ကုန်းပြင်မြင့်ပေါ်တွင် နေထိုင်သည့် တစ်ခုတည်းသော ကြိုးကြာမျိုး ဖြစ်သည်။ စောင့်ကြည့်လေ့လာမှုအရ ဤနှစ်တွင် ဆောင်းရာသီကူးရန် တာ့ဆန်းပေါင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး နယ်မြေသို့ ပျံသန်းရောက်ရှိသည့် လည်ပင်းနက်ကြိုးကြာငှက်၏ အရေအတွက်သည် အများဆုံးအားဖြင့် ၂၃၄၂ ကောင် ရှိ၍ ၂၀၂၂ ခုနှစ် အလားတူအချိန်ကာလထက် ၈၂ ကောင် ပိုများလာ၍ သမိုင်းစံချိန်သစ် တင်ဖြစ်သည်။
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
- မာလူထန် အထူးတံတားကြီး ချိတ်ဆက်လိုက်ပြီဖြစ်ရာ ထျန်းပေါင်-မာလီပို အမြန်လမ်းမကြီး၏ အဓိကလမ်းကြောင်း ပြီးစီး
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ ကူမင်းမြို့၌ ဖွင့်လှစ်ကျင်းပ
- ကူမင်းမှ ထူလူဖန်းသို့ တိုက်ရိုက်ပျံသန်းသည့် ခရီးသွား စင်းလုံးငှားလေယာဉ်ကို ၂၀ ရက်နေ့တွင် ဖွင့်လှစ်မည်
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို ဇွန်လတွင် ဖွင့်လှစ်မည်ဖြစ်ပြီး ပြပွဲကို ပါဝင်ရန် ကူမင်းမြို့မှ ဖိတ်ခေါ်
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- ပထမအကြိမ် မြန်မာ့ကျောက်မျက်ရတနာပြပွဲ (တရုတ်နိုင်ငံ ရွှေလီမြို့) မကြာမီ ကျင်းပမည်
- တရုတ်-လာအိုရထားလမ်း လာအိုလမ်းပိုင်းတွင် ခရီးဆောင်အိတ်ရထားတွဲဖြင့် ခရီးဆောင်အိတ် အထုပ်အပိုးများ ပို့ဆောင်ခြင်းလုပ်ငန်း စတင်ဆောင်ရွက်
- မိုဟန်နယ်စပ်စစ်ဆေးရေးဂိတ်သည် ကြံပင်ပေါင်း တန်ချိန် ၁.၂၄ သန်းကျော်ကို လာအိုမှ တရုတ်သို့ တင်သွင်းနိုင်ရန် ပံ့ပိုးပေး
- မြန်မာ့စိန်တလုံးသရက်သီးများကို တရုတ်ဈေးကွက် အထူးအားပေးကြိုဆို


















