ကူမင်းမြို့ရှိ ဟိုင်ဟုံစိုစွတ်မြေဥယျာဉ်ထဲတွင် ထင်းရှူးအရွက်များ တဖြည်းဖြည်းနီလာ၍ လူနှင့်ခေါင်းနီစင်ရော်များသည် လှပရှုခင်းများကို အတူရှုစား
2023-12-15 16:56|
(ရောင်စုံတိမ်တံတား၊ ခင်ခင်) ဆောင်းရာသီတွင် နွေဦးမြို့ဟုခေါ်သည့် ကူမင်းမြို့၌ ဟိုင်ဟုံစိုစွတ်မြေဥယျာဉ်ထဲတွင် ထင်းရှူးအရွက်များ တဖြည်းဖြည်းနီလာ၍ အစိမ်းရောင်၊ အဝါရောင်နှင့် အနီရောင် အပြန်အလှန် ရောင်ပြန်ဟပ်ပြီး နွေးထွေးသော နေရောင်ခြည်အောက်တွင် ရွှန်းတင့်တောက်ပသည်၊ ခရီးသည်များသည် ရေပေါ်မှ သစ်တောထဲတွင် လှေလှော်ပြီး လွန်းထိုးကြ၍ ကလေးပုံပြင်လောကထဲသို့ ဝင်ရောက်သကဲ့သို့ ခံစားမိသည်။
ယခုအချိန်တွင် နွေဦးမြို့၌ ခေါင်းနီစင်ရော်များ ကြည့်ရှုရန် အကောင်းဆုံးသော ရာသီချိန် ရောက်ရှိနေပြီ ဖြစ်၍ ကောင်းမွန်လှပသော သဘာဝရှုခင်းများ ရှိသည့် ဟိုင်ဟုံစိုစွတ်မြေဥယျာဉ်သည် မြို့သူမြို့သားများနှင့် ခရီးသည်များအတွက် ရှုခင်းများနှင့် ခေါင်းနီစင်ရော်များ ကြည့်ရှုရန် အွန်လိုင်း ရေပန်းစားသော နေရာတစ်ခု ဖြစ်လာသည်။ ခေါင်းနီစင်ရော်များ ပျံသန်းကြသည့် တျန်းချီရေကန်ကမ်းနားတွင် လူနှင့် ခေါင်းနီစင်ရော်များ သဟဇာတနေထိုင်ပြီး အတူကြည်နူးပျော်ရွှင်သည့် လှပရှုခင်းများကို နေရာအနှံ့ တွေ့မြင်နိုင်သည်။
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
- ယီပင်း-ဖန်းကျီးဟွား အမြန်လမ်းမကြီး၏ ဆွေကျန်းလမ်းခွဲကို တည်ဆောက်ပြီးစီး၍ ယာဉ်များဖြတ်သန်းသွားလာနိုင်
- ယူနန်ပြည်နယ်ရှိ အမြန်လမ်းမကြီး ၄ လိုင်းကို ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် ဖွင့်လှစ်မည်
- "ယူနန်ပြည်နယ် မြို့ပြဘောလုံးလိဂ်"နှင့်အတူ ဆောင်းရာသီတွင် နွေဦးမြို့တော်ကို လည်ပတ်ကြည့်ရှုမည်
- ကူမင်းမြို့၌ ဂျင်ဂိုအရွက်များ ရွှေဝါရောင် ဖြစ်လာနေ၍ ရှုစားရန် အကောင်းဆုံးချိန်သို့ ရောက်ရှိလာပါပြီ
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- တရုတ်-လာအို ရထားလမ်း၏ ပထမဆုံး ယူနန့်ကော်ဖီစေ့ပို့ဆောင်ရေး အထူးရထားသည် လည်ပတ်ပြေးဆွဲ
- ကူမင်းမြို့မှ စီမံခန့်ခွဲခြင်းဖြင့် မိုဟန်မြို့နယ်သည် တံခါးဖွင့်ဒေသသစ်အဖြစ် ပြောင်းလဲသွားသည် ဟုဗဟိုမီဒီယာက ချီးကျူး
- ဟယ်ခုတ်ဆိပ်ကမ်းမှ ပြည်ဝင်ပြည်ထွက်လူဦးရေက ယူနန့်ဖွင့်လှစ်သောဆိပ်ကမ်း၏ ပထမနေရာတွင် သုံးနှစ်ဆက်ရပ်တည်
- ယူနန်ထောပတ်သီးများကို မလေးရှားနိုင်ငံသို့ ပထမဦးဆုံး တင်ပို့ခဲ့


















