ဤလူများ၏ ဘဝသည် တရုတ်-လာအို ရထားလမ်းကြောင့် တိတ်တဆိတ် အပြောင်းအလဲ ဖြစ်ပွား
2023-12-13 14:51|
(ရောင်စုံတိမ်တံတား၊ ခင်ခင်) လာအိုနိုင်ငံ ရထားလမ်း အသက်မွေးဝမ်းကြောင်း နည်းပညာကောလိပ်ထဲမှ အချက်ထိန်းချုပ်ခန်းအတွင်း လာအို ဆရာ၊ ဆရာမများသည် ရထားလမ်းအချက် စစ်ဆေးရေးနှင့် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းကို ဆောင်ရွက်နေကြ၍ နည်းပညာ၏ အနှစ်သာရများကို ဖလှယ်နေကြသည်။ အိမ်ပြင်မှ အမှန်နှင့် အပုံတူသော အတုယူ ဘူတာရုံတွင် လာအိုဆရာ ဆွင်ထွန်ကျန့်သည် တရုတ်နိုင်ငံမှ ပညာရှင်များ၏ လမ်းညွှန်မှုအောက်တွင် "ရထားလမ်းဆိုင်ရာ သဘောတရား အကျဉ်းချုပ်" သင်ရိုးကို လက်တွေ့သင်ကြားပေးနေသည်။ ဤကဲ့သို့သော မြင်ကွင်းများကို လာအိုနိုင်ငံ ရထားလမ်း အသက်မွေးဝမ်းကြောင်း နည်းပညာကောလိပ်တွင် နေ့တိုင်း တွေ့မြင်နိုင်သည်။
၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁၂ ရက်နေ့တွင် တရုတ်နိုင်ငံမှ ကူညီတည်ဆောက်ပေးသည့် လာအိုနိုင်ငံ ရထားလမ်း အသက်မွေးဝမ်းကြောင်း နည်းပညာကောလိပ်ကို လာအိုနိုင်ငံသို့ တရား၀င် လွှဲပြောင်းပေးအပ်ခဲ့သည် ကတည်းက ကူမင်း ရထားလမ်း အသက်မွေးဝမ်းကြောင်း နည်းပညာကောလိပ်တွင် "တရုတ်ဘာသာစကား + အသက်မွေးပညာ" ရထားလမ်းဆိုင်ရာ သီးခြားသော လေ့ကျင့်ပျိုးထောင်မှုသင်တန်းကို ပါဝင်ခဲ့သည့် လာအို ဆရာ၊ ဆရာမ အဦး ၄၀ သည် လာအိုနိုင်ငံ ရထားလမ်း အသက်မွေးဝမ်းကြောင်း နည်းပညာကောလိပ်မှ ပထမအသုတ် ဆရာ၊ ဆရာမ ဖြစ်လာခဲ့ကြ၍ လာအိုနိုင်ငံအတွက် ရထားလမ်းဆိုင်ရာ လူချွန်များအား ပြုစုပျိုးထောင်သည့် မြင့်မြတ်တာဝန်ကို ထမ်းဆောင်နေကြသည်၊ သူတို့သည် မျိုးစေ့တစ်စေ့စေ့ကဲ့သို့ တရုတ်-လာအို ရထားလမ်းအကြားတွင် ပေါက်ဖွားကြီးထွားလာ နေကြသည်။
လာအိုရထားလမ်းဆရာ ချန်လဲ့ယန်သည် အတုယူသော ရထားမောင်းနှင်မှုကို ပြသနေခြင်း
ကျွန်တော် မူလက မော်တော်ယာဉ်စက်ယန္တရားဆိုင်ရာ အင်ဂျင်နီယာ တစ်ယောက်သာ ဖြစ်ချင်ခဲ့သည်ဟု ချန်လဲ့ယန် ပြောကြားခဲ့ခြင်း
ဗီယင်ကျန်းမြို့မှ လာသည့် ချန်လဲ့ယန်သည် လာအိုနိုင်ငံ ရထားလမ်း အသက်မွေးဝမ်းကြောင်း နည်းပညာကောလိပ်မှ ဆရာတစ်ဦး မဖြစ်ခင် ဗီယင်ကျန်းမြို့၌ မော်တော်ယာဉ် ပြုပြင်ထိန်းသိမ်းရေးနှင့် စစ်ဆေးရေး အလုပ်ကို အမြဲလုပ်ကိုင်ခဲ့ပြီး မော်တော်ယာဉ်စက်ယန္တရားဆိုင်ရာ အင်ဂျင်နီယာ တစ်ယောက် ဖြစ်လာမည်ဟု မူလက စဉ်းစားခဲ့သည့် ချန်လဲ့ယန်သည် လာအို-တရုတ် ရထားလမ်း၏ အကျိုးသက်ရောက်မှုများကြောင့် ဘဝနောက်တစ်မျိုးကို တဖြည်းဖြည်း ဖြစ်စဉ်နေသည်ဟု မထင်မိနိုင်ခဲ့သည်။
လာအိုနိုင်ငံမှာ တရုတ်နိုင်ငံသို့ ရထားလမ်းဗဟုသုတများ သွားရောက်သင်ယူရန် ဝန်ထမ်းတစ်သုတ်အား စုဆောင်းရမည့် သတင်းကို ရရှိခဲ့ပြီးနောက် ချန်လဲ့ယန်သည် တက်ကြွစွာ နာမည်စာရင်းပေးသွင်းခဲ့ပြီး ရွေးချယ်မှုနှင့် စစ်ဆေးမှုအဆင့်ဆင့်ကို အောင်မြင်စွာ အတည်ပြုခဲ့ပြီးနောက် တရုတ်နိုင်ငံသို့ သွားရောက်လေ့လာသည့် အခွင့်အလမ်းကို ရရှိခဲ့သည်။
ကူမင်း ရထားလမ်း အသက်မွေးဝမ်းကြောင်း နည်းပညာကောလိပ်တွင် ပညာသင်ယူခဲ့သည့် ၂ နှစ်နီးပါးကာလအတွင်း ချန်လဲ့ယန်သည် သူ့အတွက် ရည်မှန်းချက် ချမှတ်ခဲ့သည်၊ ၎င်းသည် "လာအိုနိုင်ငံ ပြန်ပြီးရင် ထူးချွန်တဲ့ ရထားလမ်းဆရာတစ်ဦး အဖြစ် ကျောင်းသားတွေကို သင်ယူရခဲ့တဲ့ ရထားလမ်းဗဟုသုတတွေ သင်ပေးရမယ်၊ ရထားလမ်းဆိုင်ရာ လူချွန်တွေ တစ်သုတ်ပြီးတစ်သုတ် ပျိုးထောင်ရမယ်၊ လာအို-တရုတ် ရထားလမ်းကို ပိုကောင်းတဲ့ဝန်ဆောင်မှု ပေးရမယ်၊ လာအိုနိုင်ငံရဲ့ ရထားလမ်းလုပ်ငန်းထဲမှာ တက်တက်ကြွကြွ ပါဝင်ရမယ်၊ နိုင်ငံတော်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် စွမ်းအားကို ပံ့ပိုးပေးရမယ်" ဖြစ်သည်။
လက်ရှိအချိန်တွင် ချန်လဲ့ယန်သည် လာအိုနိုင်ငံ ရထားလမ်း အသက်မွေးဝမ်းကြောင်း နည်းပညာကောလိပ်မှ စကားပြောစင်မြင့်ပေါ်တွင် ရပ်တည်နေပြီး တရုတ်နိုင်ငံတွင် သင်ယူရခဲ့သည့် တန်ဖိုးကြီးဗဟုသုတများကို လာအိုကျောင်းသားများအား သင်ကြားပေး၍ နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စွမ်းအားကို ပံ့ပိုးပေးနေသည်။
သင်ကြားရေးပစ္စည်းကိရိယာများကို မိတ်ဆက်ပေးနေသည့် လာအိုဆရာ ဖန်ဇိရုံ
ကျောင်းသားများကို သင်ယူရသည့် ဗဟုသုတများဖြင့် မိမိ၏ဘဝအား ပြောင်းလဲစေနိုင်သည် မျှော်လင့်သည်ဟု ဖန်ချီရုံက ပြောကြားခဲ့ခြင်း
ကျောင်းစဖွင့်ချိန်တွင် လာအိုနိုင်ငံ ရထားလမ်း အသက်မွေးဝမ်းကြောင်း နည်းပညာကောလိပ် စတင်ဖွင့်လှစ်ချိန်တွင် ရထားလမ်းပညာ သင်ကြားပေးသည့် နယ်ပယ်အသစ်နှင့် ပတ်ဝန်းကျင်အသစ်များကို ရင်ဆိုင်သည့်အခါ လာအို ဆရာ၊ ဆရာမများသည် ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်၍ သက်ဆိုင်ရာ အတွေ့အကြုံများ အားနည်းသောကြောင့် သင်ကြားရေး လုပ်ဆောင်ရာတွင် အခက်အခဲများ ရှိခဲ့သည်။
"သင်ကြားရေး လုပ်ဆောင်ရာမှာ ကျွန်တော်က မိမိသင်ယူရတဲ့ ဗဟုသုတတွေကို ကျောင်းသားတွေ သင်ကြားပေးနိုင်ပေမယ့် ဗဟုသုတတချို့ကို နက်နက်ရှိုင်းရှိုင်း နားလည်တာ မဟုတ်ဘူး၊ အဲဒီအချိန်မှာ တရုတ်နိုင်ငံကနေ စေလွှတ်လာသည့် ပညာရှင်တွေက ကျွန်တော့်အတွက် အချိန်မီ ဖြေရှင်းပေးလို့သာ ကောင်းပါတယ်"ဟု လာအို ဆရာ ဖန်ချီရုံက ပြောခဲ့သည်။ အနာဂတ်တွင် ကျောင်းသားများသည် အထူးပညာရပ်ဖြင့် သင့်တော်သော အလုပ်အကိုင် ရှာဖွေနိုင်ကြောင်း၊ သင်ယူရသည့် ဗဟုသုတများဖြင့် မိမိ၏ဘဝကို ပြောင်းလဲနိုင်ကြောင်း ဖန်ချီရုံက မျှော်လင့်သည်။
"ကျွန်တော်တို့က ဖန်ချီရုံနဲ့အတူ ကြိုးစားပြီး လျှပ်စစ်ဓာတ်အား ပို့လွှတ်ဖြန့်ဖြူးရေးနဲ့ ပတ်သက်တဲ့ ဝေါဟာရတွေကို အောင်မြင်စွာ ဖန်တီးခဲ့ပြီ ဖြစ်ပြီး လာအိုနိုင်ငံမှာ ရထားလမ်းဆိုင်ရာ လျှပ်စစ်ဓာတ်အား ပို့လွှတ်ဖြန့်ဖြူးရေးနယ်ပယ်မှာ ဝေါဟာရမရှိတဲ့ ပြဿနာကို ဖြေရှင်းပေးခဲ့ကြတယ်။ အတူတကွ ကြိုးပမ်းအားထုတ်မှုကြောင့် ကျွန်တော်တို့က နည်းပညာအကူအညီ ပေးတဲ့တာဝန်ကို အောင်မြင်စွာ ပြီးမြောက်ဆောင်ရွက်နိုင်မယ်၊ အနာဂတ်မှာ လာအိုနိုင်ငံရဲ့ ရထားလမ်းလုပ်ငန်းက ပိုကောင်းနိုင်မယ်"ဟု လာအို အခြေစိုက် တရုတ်ပညာရှင် လော်ဟိုင်ယူက ပြောခဲ့သည်။
လာအိုနိုင်ငံ ရထားလမ်း အသက်မွေးဝမ်းကြောင်း နည်းပညာကောလိပ်မှ ဒုတိယကျောင်းအုပ်ကြီး ရှီဖုံ
ကောလိပ်၏ ပြီးမြောက်တည်ဆောက်ခြင်းသည် လာအိုနိုင်ငံရဲ့ ရထားလမ်းလူချွန်မရှိသည့် သမိုင်းကို ပြီးဆုံးစေမည်ဟု ရှီဖုံကပြောကြားခဲ့ခြင်း
လာအိုနိုင်ငံ ရထားလမ်း အသက်မွေးဝမ်းကြောင်း နည်းပညာကောလိပ်သည် လာအိုနိုင်ငံအတွင်း ပထမဆုံး ရထားလမ်း အသက်မွေးဝမ်းကြောင်း နည်းပညာကောလိပ်ကျောင်း ဖြစ်ပြီး ဤကောလိပ်၏ ပြီးမြောက်တည်ဆောက်ခြင်းသည် လာအိုနိုင်ငံရဲ့ ရထားလမ်းလူချွန်မရှိသည့် သမိုင်းကို ပြီးဆုံးစေမည် ဖြစ်ကြောင်း၊ ၂၀၂၃ ခုနှစ် ပထမဆုံးအကြိမ် ကျောင်းသားများ လက်ခံခြင်းအစီအစဉ်အရ အယောက် ၃၆၀ ကို စီစဉ်လက်ခံသော်လည်း စာရင်းပေးသွင်းသူ အရေအတွက်မှာ အစီအစဉ်ထက် များသည် ဖြစ်သောကြောင့် သင်ကြားရေးဆောင်ရွက်ရာတွင် လက်တွေ့လေ့ကျင့်ခွင် မလုံလောက်သည့် အခြေအနေ စသည်တို့ကို ဖြစ်ပေါ်လာစေခဲ့သည် ဖြစ်ကြောင်း လာအိုနိုင်ငံ ရထားလမ်း အသက်မွေးဝမ်းကြောင်း နည်းပညာကောလိပ်မှ ဒုတိယကျောင်းအုပ်ကြီး ရှီဖုံက မိတ်ဆက်ပေးခဲ့သည်။
ဤကဲ့သို့သော အခြေအနေသစ်ကို ရင်ဆိုင်သည့်အခါ တရုတ်ပညာရှင် လော်ဖုန်းနှင့် ဝမ်ထောင်းတို့သည် ဖန်ချီရုံ၊ ဝေ့လဲ့နှင့် ဖုံချိန်ဆုံ့စသည့် လာအိုဆရာများကို ဦးဆောင်၍ လျှပ်စစ်ဓာတ်အားဆိုင်ရာ လက်တွေ့လေ့ကျင့်ရေး ပစ္စည်းကိရိယာတစ်သုတ်ကို ကိုယ်ပိုင်ဒီဇိုင်းဆွဲပြီး ပူးတွဲထုတ်လုပ်ခဲ့ကြသည် ဖြစ်၍ အရင်းအမြစ် မလုံလောက်သည့် ပြဿနာကို ထိရောက်စွာ ဖြေရှင်းခဲ့ကြသည်။
ထို့ပြင်၊ ဂျင်ယာနီ၊ ရှေ့ယီလဲ့နှင့် ယုဝေဟုံစသည့် တရုတ်ပညာရှင်များသည် အခြေခံ တရုတ်ဘာသာစကားသင်ရိုးကို တာဝန်သင်ကြားသည့် လာအိုဆရာ၊ ဆရာမ အဦး ၁၀ နှင့် သင်ကြားရေးအဖွဲ့ကို ဖွဲ့စည်းပြီး သင်ကြားပို့ချရေးပြင်ဆင်ချက် ရေးသားခြင်း၊ သင်တန်းအစီအစဉ်များ ပြုလုပ်ခြင်း၊ အသံပြင်ပေးခြင်းနှင့် စာသင်ခန်းစီစဉ်ခြင်း စသည့် နယ်ပယ်များမှ ဘက်စုံ သေသပ်စွာပြုလုပ်၍ သင်ကြားပေး အကြောင်းအရာများကို တရားနည်းလမ်းကျစေကာ လာအိုကျောင်းသားကျောင်းသူများကို နားလည်စေပြီး ကောင်းမွန်စွာ သင်ယူနိုင်စေသည်။
လာအိုနိုင်ငံ အခြေစိုက် တရုတ်ဆရာများ၏ လမ်းညွှန်မှုဖြင့် လာအိုနိုင်ငံ ရထားလမ်း အသက်မွေးဝမ်းကြောင်း နည်းပညာကောလိပ်မှ ဆရာများသည် သင်ကြားရေးစည်းကမ်းများ တဖြည်းဖြည်း ကျွမ်းကျင်လာကြသည် ဖြစ်၍ သင်းခန်းစာစီစဉ်ခြင်းနှင့် သင်ကြားရေးနည်းလမ်း စသည့်အဖက်ဖက်အပေါ် ပိုမိုရှင်းလင်းသော သိရှိနားလည်မှု ရှိလာသောကြောင့် သင်ကြားရေးလုပ်ငန်းကို စနစ်တကျ ဆောင်ရွက်နိုင်ကြသည်။
ကူမင်း ရထားလမ်း အသက်မွေးဝမ်းကြောင်း နည်းပညာကောလိပ်မှ ဆရာမ ယုဝေဟုံ
တာဝန်ကြီးလေး၍ မလျှော့သောဇွဲဖြင့် အားထုတ်လုံးပမ်းရမည်ဟု ယုဝေဟုံက ပြောကြားခဲ့ခြင်း
"ကျွန်မတို့က လာအိုနိုင်ငံ ရထားလမ်း အသက်မွေးဝမ်းကြောင်း နည်းပညာကောလိပ်ကို ရောက်ရှိခြင်းဟာ အစတစ်ခုပဲ ဖြစ်ပြီး နောက်နောင်မှ အကူအညီပေးတာဝန်က ကြီးလေးမယ်နဲ့ မလျှော့သောဇွဲဖြင့် အားထုတ်လုံးပမ်းရမယ်လို့ ဆိုနိုင်တယ်၊ တရုတ်-လာအို နှစ်ဖက်တို့ရဲ့ ကြိုးစားမှုဖြင့် တရုတ်-လာအို ရထားလမ်းအတွက် အရည်အချင်း ပြည့်မှီတဲ့ နည်းပညာနဲ့ အတတ်ပညာ လူချွန်တွေကို ပျိုးထောင်ပေးရမယ်၊ ကျွန်မက လာအိုနိုင်ငံ အခြေစိုက် တရုတ်ဆရာ၊ ဆရာမတွေ အဦး ၁၅ နဲ့အတူ ရထားလမ်းဆိုင်ရာ ဗဟုသုတနဲ့ ကြွယ်ဝတဲ့ အတွေ့အကြုံတွေကို လာအိုနိုင်ငံရဲ့ ပညာရေးစနစ်အတွင်းသို့ ထည့်သွင်းပေးရမယ်၊ နိုင်ငံတကာအဆင့်အတန်းနဲ့ တိုက်ညီတဲ့ ရထားလမ်းလူလျွန်တွေ ပျိုးထောင်ရေးအတွက် ခိုင်မာတဲ့ အခြေခံအုတ်မြစ်ကို တည်ဆောက်ပေးရမယ်" ဟု ကူမင်း ရထားလမ်း အသက်မွေးဝမ်းကြောင်း နည်းပညာကောလိပ်မှ ဆရာမ ယုဝေဟုံက ပြောခဲ့သည်။
"ဒီတစ်ကြိမ် ပူးပေါင်းဆောင်ရွက်မှုက လာအိုနိုင်ငံ ရထားလမ်း အသက်မွေးဝမ်းကြောင်း နည်းပညာကောလိပ်နဲ့ ကူမင်း ရထားလမ်း အသက်မွေးဝမ်းကြောင်း နည်းပညာကောလိပ်တို့ရဲ့ ပထမဆုံး ပူးပေါင်းဆောင်ရွက်မှု ဖြစ်ပြီး အဆိုပါကောလိပ်က လာအိုနိုင်ငံအတွင်း ရထားလမ်းဆိုင်ရာ အသက်မွေးပညာ သင်ကြားပို့ချပေးတဲ့ ထမဆုံးကျောင်း ဖြစ်တယ်။ တရုတ်-လာအို ရထားလမ်း စတင်ပြေးဆွဲပြီးနောက် လာအိုပြည်သူပြည်သားတွေက ရထားလမ်း တည်ဆောက်မှုကို လက်တွေ့မျက်မြင်သက်သေခွင့် ရရှိနိုင်လို့ အရမ်းပျော်ရွှင်မိကြတယ်" ဟု လာအိုနိုင်ငံ ရထားလမ်း အသက်မွေးဝမ်းကြောင်း နည်းပညာကောလိပ်မှ ဒုတိယကျောင်းအုပ်ကြီး ရှီဖုံက ပြောခဲ့သည်။
在老挝铁道职业技术学院信号控制室内,老挝教师们正在进行铁道信号检查维护操作,交流着技术的精髓;在室外的铁路模拟车站,老挝教师孙同建在中方专家的指导下开展《铁道概论》课程的现场教学。这样的情形,每天都在老挝铁道职业技术学院上演。
自2023年10月12日中国援建的老挝铁道职业技术学院正式移交老方以来,40名曾在昆明铁道职业技术学院接受“中文+职业技能”铁路专业培训的老挝教师,成为老挝铁道职业技术学院首批铁路师资力量,肩负起为老挝培养铁路人才的崇高使命,他们正如一颗颗种子,在中老铁路中萌芽生长。
老挝铁路教师陈乐阳正在演示机车驾驶模拟操作
陈乐阳:我原本只想成为一名汽车机械工程师
来自万象的陈乐阳在成为老挝铁道职业技术学院教师之前,一直在当地从事汽车维修检验工作,原以为会成为一名汽车机械工程师的他没想到,在老中铁路的熏陶下,另一种人生在慢慢萌芽。
得知国家要招聘一批人员到中国学习铁路知识的消息后,陈乐阳踊跃报名,在经过层层选拔与考核后得到前往中国学习的机会。
在昆明铁道职业技术学院学习的近两年时间里,陈乐阳就给自己定下目标:“回国后我要把学到的铁路知识都教给学生,做一名优秀的铁路专业教师,培养一批又一批的铁路人才,更好的服务老中铁路,积极的投入老挝铁路事业发展中,为国家的发展贡献力量”。
如今,陈乐阳站在老挝铁道职业技术学院的讲台上,把在中国学到的宝贵知识传承给老挝学生,以实际行动践行着他的初心,为国家的发展贡献着自己的力量。
正在介绍教学设备的老挝教师方志勇
方志勇:希望学生用所学知识改变自己的生活
开学初,面对铁路专业教学的新领域、新环境,老挝铁道职业技术学院的老挝教师们感到有些手足无措,缺乏相关经验使得教学过程中面临一定困难。
负责供电专业课的老挝教师方志勇坦言:“在教学过程中,我能把自己所学的知识教授给学生,但是部分知识还没有理解透彻,幸好派驻的中方专家及时为我解答。”他同时表达了对培养铁路人才的期望,希望将来学生能靠专业找到合适的工作,用所学的知识改变自己的生活。
派驻老挝的专家罗海云表示:“我们和老方教师共同努力,成功构建了一些供电专业词汇,破解了老挝缺乏铁道供电专业词汇的问题。”罗海云对老挝铁道教育的未来充满信心,他说:“在我们的共同努力下,我们将顺利完成技术援建任务,老挝的铁道明天将会更美好。”
老挝铁道职业技术学院副院长西蓬
老挝铁道职业技术学院副院长西蓬:学院的建成将填补老挝铁路人才空白
“2023年首次招生计划360人,但报名人数远远超出计划”,老挝铁道职业技术学院副院长西蓬表示,老挝铁道职业技术学院是老挝国内第一所铁道职业技术院校,学院的建成填补了老挝铁路人才培养的空白,现在报名人数远超计划,也导致教学中出现了如电工实训室工位不足的矛盾。
面对这样的新情况,中方专家罗峰和王涛带领方志勇、魏乐、冯丞宋等老挝教师,自主设计并共同制作一批电工实训设备,有效解决了资源不足的问题。
同时,金雅妮、谢一乐、余为红等中方专家,与10名负责《基础汉语》课程教学的老挝教师组成教学团队,从教案备写、课件制作、语音纠正到课堂组织等多个方面进行全方位打磨,确保教学内容科学合理,贴近实际,注重理论与实践的结合,确保老挝学生听得懂、学得会。
在派驻的中国教师的一对一指导下,老挝铁道职业技术学院的教师们逐渐掌握教学规律。通过与派驻的专家深入交流,老挝教师们对于课程设计、教学方法等方面有了更为清晰的认识,使得教学工作能够有条不紊地实施,为培养更多高素质的铁路从业人才奠定了坚实的基础。
昆明铁道职业技术学院教师余为红
昆明铁道职业技术学院教师余为红:任重道远再接再厉
“我们来到老挝铁道职业技术学院只是开了一个头,今后的援建项目可以说是任重道远,在教育能力建设及教育技术合作方面还要再接再励,通过中老双方的努力,争取为中老铁路培养合格的技术技能人才。”昆明铁道职业技术学院派驻老挝教师余为红说,她将和15位派驻老挝教师一起,将铁路专业的丰富经验与知识注入到老挝的教育体系,为培养具备国际水平的铁路人才搭建坚实基础。
“这次合作是老挝铁道职业技术学院与昆明铁道职业技术学院的首次合作,学院是老挝首个开展铁路专业教育的学校”,老挝铁道职业技术学院副院长西蓬说,在中老铁路开通后,老挝人民有机会亲眼见证铁路的建设,“他们对此感到非常开心”。(昆明信息港 记者洪俊杰 实习记者张玉)
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
- ၁၇ ကြိမ်မြောက် တရုတ် ကူမင်း နှစ်သစ်ကူးကုန်စည်ပြပွဲကို ကျင်းပနေ
- ယူနန်ပြည်နယ် တာ့လီမြို့တွင် ပထမဆုံး နိုင်ငံတကာ တိုက်ရိုက်လေကြောင်းလိုင်းကို ဖွင့်လှစ်
- ယူနန်ပြည်နယ်မှ ပြည်သူများသည် ကျီးဇူစန်းတောင်သို့ အခမဲ့ လည်ပတ်ကြည့်ရှုနိုင်
- Lucky Air သည် ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ကူမင်း-ဗီယင်ကျန်း နိုင်ငံတကာ လေကြောင်းလိုင်းသစ်ကို စတင်ဖွင့်လှစ်
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- အရှေ့တောင်အာရှ ကုန်ပစ္စည်းကလေးများသည် ကူမင်းမြို့ရှိ "နှစ်သစ်ကူးကုန်စည်ပြပွဲ"တွင် ရေပန်းစားနေ
- "ရထားလမ်း ဖွင့်လှစ်တာနဲ့အမျှ အားလုံး အရှိန်တိုးလာနေတယ်" ဟု ဟွန်ကျွင့်ကျယ်က ပြောဆိုခဲ့
- တရုတ်-လာအို ရထားလမ်းနှင့် မိုဟန်ဆိပ်ကမ်းတို့သည် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြု
- တရုတ်-လာအို ရထားလမ်းကို မှီခိုပြီး မိုဟန်မြို့နယ်သည် ဖွံ့ဖြိုးတိုးတက်မှုရလဒ်များ ရရှိ