လိကျန်း-ရှန်ဂရီလာ ရထားလမ်းဖြင့် သယ်ယူပို့ဆောင်သည့် ကုန်စည်များမှာ တန်ချိန် ၈ ထောင်ကို ကျော်လွန်
2023-12-11 17:30|
(ရောင်စုံတိမ်တံတား၊ ခင်ခင်) လိကျန်း-ရှန်ဂရီလာ ရထားလမ်းသည် နိုဝင်ဘာလ ၂၆ ရက်နေ့တွင် စတင်ဖွင့်လှစ်လည်ပတ်ပြီးနောက် သယ်ယူပို့ဆောင်သည့် ကုန်စည်များမှာ စုစုပေါင်း တန်ချိန် ၈ ထောင်ကို ကျော်လွန်၍ စားနပ်ရိက္ခာများ၊ သံမဏိများနှင့် ကျောက်မီးသွေးများ စသည့် ကုန်ပစ္စည်းများကို ကူမင်းမြို့နှင့် ယွိရှီးမြို့ စသည့်နေရာများမှ တီချင့်ပြည်နယ်ခွဲသို့ အဆက်မပြတ် ပို့ဆောင်လျက်ရှိ၍ ရထားလမ်းတစ်လျှောက်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားကောင်းခိုင်မာသော တွန်းအားများကို သွင်းပေးကြောင်း ဒီဇင်ဘာ ၇ ရက်နေ့တွင် သတင်းထောက်က China Railway Kunming Bureau Group Co. , Ltd မှ သိရှိရခဲ့သည်။
ယခုအချိန်တွင် လိကျန်း-ရှန်ဂရီလာ ရထားလမ်းပေါ်တွင် နေ့စဉ်နေ့တိုင်း ကုန်တင်ရထား ၂ စီး ပြေးဆွဲရန် စီစဉ်၍ ဆောက်လုပ်ရေးပစ္စည်းများနှင့် နေ့စဉ်သုံးပစ္စည်းများ စသည့် ကုန်စည်များကို ရထားလမ်းဖြင့် ရှန်ဂရီလာသို့ လျင်မြန်စွာ ပို့ဆောင်နိုင်ပြီး ရထားလမ်းတစ်လျှောက်ရှိ မွေးမြူရေးထွက်ကုန်များနှင့် ဒေသထွက်ကုန်များ စသည်တို့ကို ရထားလမ်းဖြင့် တစ်နိုင်ငံလုံး နေရာအသီးသီးသို့ ရောင်းချနိုင်သည်။
လိကျန်း-ရှန်ဂရီလာ ရထားလမ်းသည် စုစုပေါင်း ၁၃၉ ကီလိုမီတာ ရှည်လျားပြီး ယွိလုံဆီးနှင်းတောင်၊ ဟူထျောင့်လျှိုမြောင်နှင့် ဟားပါးဆီးနှင်းတောင် စသည်တို့ကို ဖြတ်ကျော်၍ တံတားနှင့် ဥမင်လိုဏ်ခေါင်းသည် ရထားလမ်း၏ ၇၃.၄ ရာခိုင်နှုန်း ရှိကာ ပင်လယ်ရေမျက်နှာပြင်ထက် မီတာ ၈၀၀ မြင့်တက်လာပြီး စံပြုလောက်သည့် ကုန်းပြင်မြင့် ရထားလမ်း ဖြစ်သောကြောင့် ကုန်တင်ရထားများ ဘေးကင်းလုံခြုံစွာ ပြေးဆွဲလည်ပတ် နိုင်သည့်အတွက် ကြီးမားသော စိန်ခေါ်မှု ရှိသည်။
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
- China Southern Airlines သည် တာ့လီ-ချန်ရှား-တာ့လျန် လေကြောင်းလိုင်းသစ်ကို ဖွင့်လှစ်ခဲ့
- မာလူထန် အထူးတံတားကြီး ချိတ်ဆက်လိုက်ပြီဖြစ်ရာ ထျန်းပေါင်-မာလီပို အမြန်လမ်းမကြီး၏ အဓိကလမ်းကြောင်း ပြီးစီး
- ကူမင်း ချန်ချုံတောင်တွင် ကြိုပို့ရန်တက္ကစီများ ရှိနေပြီ ဖြစ်၍ ၂၄ နာရီ စဉ်ဆက်မပြတ် ပြေးဆွဲ
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ ကူမင်းမြို့၌ ဖွင့်လှစ်ကျင်းပ
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- တရုတ်-လာအို ရထားလမ်းမှ ပို့ဆောင်သည့် ကုန်စည်အမျိုးအစား ၃,၉၀၀ ကျော်အထိရှိလာ
- ကူမင်း-ရန်ကုန် ကုန်တင်လေယာဉ်လမ်းကြောင်းကို တရားဝင် ပြန်လည်စတင်ပျံသန်း
- မြန်မာ့ကျောက်စိမ်းပြပွဲ တရုတ်-မြန်မာ နယ်စပ်ဒေသ ရွှေလီမြို့တွင် လေလံစတင်
- "ကျိန့်ဟော်" ရထား ဖွင့်လှစ်ပြေးဆွဲခြင်း တစ်နှစ်ပြည့်၊ နယ်စပ်ဖြတ်ကျော် ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်း ချောမွေ့စွာ လည်ပတ်လျက်ရှိ








