အာဆီယံ မြန်နှုန်းမြင့်ရထားလမ်း စီမံခန့်ခွဲမှု အမှုထမ်းသင်တန်းကို ကူမင်းမြို့၌ ဖွင့်လှစ်ခဲ့

2023-11-30 17:53|ရောင်စုံတိမ်တံတား

(ရောင်စုံတိမ်တံတား ခင်ခင်ယခုလောက ၂၀၂၃ ခုနှစ် အာဆီယံ မြန်နှုန်းမြင့်ရထားလမ်း စီမံခန့်ခွဲမှု အမှုထမ်းသင်တန်းကို ကူမင်း ရထားလမ်း အသက်မွေးဝမ်းကျောင်းနှင့် နည်းပညာကောလိပ်၌ စတင်ဖွင့်လှစ်ခဲ့သည်။

ဤအကြိမ် သင်တန်းအစီအစဉ်ကို ယူနန်ပြည်နယ် ကူးသန်းရောင်းဝယ်ရေးဌာနသည် ကြီးမှူးကျင်းပခြင်း ဖြစ်၍ ကူမင်း စီးပွားရေးနှင့်နည်းပညာ ဖွံ့ဖြိုးရေးဇုန် (လွတ်လပ်သော ကုန်သွယ်ရေးစမ်းသပ်ဇုန် ကူမင်းဧရိယာအပိုင်း) စီမံခန့်ခွဲရေးကော်မတီနှင့် ကူမင်း ရထားလမ်း အသက်မွေးဝမ်းကျောင်းနှင့် နည်းပညာကောလိပ်တို့မှ တာဝန်ယူ၍ ယူနန် ကျုံးဟွာ အသက်မွေးဝမ်းကျောင်း ပညာသင်ကြားရေးအသင်းမှ ပူးတွဲစီစဉ်ခြင်းဖြစ်ကာ ၄င်း၏ ရည်ရွယ်ချက်သည် တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများအကြားမှ ရထားလမ်းတစ်လျှောက်ရှိ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို တစ်ဆင့်တိုးပြီး မြှင့်တင်မည် ဖြစ်သည်။ လာအို၊ မြန်မာနှင့် ကမ္ဘောဒီးယား အပါအဝင် နိုင်ငံ ၆ နိုင်ငံမှ ရထားလမ်းအရာရှိနှင့် တက္ကသိုလ်ခေါင်းဆောင် ၁၁ ဦးသည် ဤသင်တန်းတွင် ပါဝင်ခဲ့ကြသည်။

သင်တန်းကျင်းပရာတွင် ကူမင်း ရထားလမ်း အသက်မွေးဝမ်းကျောင်းနှင့် နည်းပညာကောလိပ်သည် အာဆီယံနိုင်ငံများမှ မြန်နှုန်းမြင့်ရထားလမ်း အရာရှိများ၏ လိုအပ်ချက်များအရ "သီအိုရီသင်ကြားခြင်း+ လက်တွေ့လေ့လာကြည့်ရှုခြင်း+ ဖလှယ်ဆွေးနွေးခြင်း" ဟူသော လေ့ကျင့်မှုစနစ်ကို ထူထောင်ခဲ့၍ ကောလိပ်ရှိ ယူနန်ပြည်နယ် မြန်နှုန်းမြင့်ရထားလမ်း နည်းပညာ အများပိုင် လက်တွေ့လေ့ကျင့်ရေး အခြေခံစခန်းထဲမှ လက်တွေ့လေ့ကျင့်ရေးကိရိယာ အမျိုးမျိုးကို အသုံးပြု၍ သင်တန်းပါဝင်သူများကို သီအိုရီအသိအမြင်များနှင့် ပေါင်းစပ်ပြီး လက်တွေ့လေ့ကျင့်ရာတွင် လုပ်ကိုင်ဆောင်ရွက်ပြီး အစမ်းလေ့ကျင့်စေခဲ့သည်။ ထို့ပြင်၊ သင်တန်းတွင် ကူမင်း မြေအောက်ရထားလမ်း လည်ပတ်ခြင်း ကုမ္ပဏီလီမိတက်၊ တရုတ် ရထားလမ်းဆောက်လုပ်ရေး အဆင့်မြင့်ပစ္စည်းကိရိယာ အစုစပ်ကုမ္ပဏီလီမိတက်၊ ယူနန် လွတ်လပ်သော ကုန်သွယ်ရေးစမ်းသပ်ဇုန် ကူမင်းဧရိယာအပိုင်း၏ စီမံခန့်ခွဲရေးကော်မတီနှင့် ဆီလင်ခရိုင် ကွေးစန်းမြို့နယ် စသည့်နေရာများကို သွားရောက်လည်ပတ်ကြည့်ရှုသည့် နေရာများအဖြစ် သတ်မှတ်ခြင်းအားဖြင့် သင်တန်းပါဝင်သူများကို မြေအောက်ရထား၏ အဆင်ပြေမှုနှင့် အာသာပြေမှုများကို လက်တွေ့ခံစားစေခဲ့သည်။

昆明信息港讯(昆明日报 记者蔡晓磊)近日,2023年东盟高铁管理干部培训班在昆明铁道职业技术学院开班。

本次培训项目由云南省商务厅主办,昆明经开区自贸试验区昆明片区管委会及昆明铁道职业技术学院联合承办,云南中华职业教育社协办,旨在进一步加强中国同东盟国家铁路沿线国际合作。来自老挝、缅甸、柬埔寨等6个国家的11名铁路官员和高校负责人参加培训。

培训过程中,昆明铁道职业技术学院针对东盟国家高铁官员需求,设置“理论学习+实训参观+交流研讨”的培训模式,利用学院云南高速铁路技术公共实训基地的各种实训设备,让学员结合理论知识在实训中进行操作体验。同时,课程还将昆明地铁运营有限公司、中国铁建高新装备股份有限公司、云南自贸区昆明片区管委会、石林县圭山镇等地设为参观点,让培训班学员切身体验地铁的便捷和舒适。

အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73ကျပ်