ဘိုင်မာဆီးနှင်းတောင် အမျိုးသားအဆင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနယ်မြေသည် ယူနန်ရွှေခြည်မွေးမျောက်ထိန်းသိမ်းရေးအပေါ် အောင်မြင်ထိရောက်မှု ရရှိ

2023-11-27 14:39|ရောင်စုံတိမ်တံတား

(ရောင်စုံတိမ်တံတား လဲ့ရွှေရည်ဘိုင်မာဆီးနှင်းတောင် အမျိုးသားအဆင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနယ်မြေသည် ယူနန်ပြည်နယ် အနောက်မြောက်ပိုင်းဒေသရှိ မြစ်သုံးသွယ် ပြိုင်တူစီးဆင်းရာ ကမ္ဘာ့သဘောဝအမွေအနှစ်အတွင်း၌ တည်ရှိပြီး ကျင်းဆားမြစ်နှင့် လန်ချန်းမြစ်တို့၏ မြစ်ဝှမ်းဒေသကြီး နှစ်ခုကို ဖြတ်သန်းပြီး စုစုပေါင်းဧရိယာ ၂၈၂၁.၀၆ စတုရန်းကီလိုမီတာရှိ၍ တရုတ်နိုင်ငံတွင် အကြီးဆုံးသော ယူနန်ရွှေခြည်မွေးမျောက် ထိန်းသိမ်းရေးနယ်မြေ ဖြစ်ပြီး တရုတ်နိုင်ငံတွင် ယူနန်ရွှေခြည်မွေးမျောက် အုပ်စုအမျိုးအစား စုစည်းမှု အရှိဆုံးသော နေရာလည်း ဖြစ်သည်။

1

နိုဝင်ဘာလ ၁၇ ရက်နေ့တွင် "ကမ္ဘာ့ရှန်ဂရီလာ" ဟူသော ခေါင်းစဉ်ဖြင့် သတင်းယူအဖွဲ့သည် ယူနန်ပြည်နယ် တီချင့် တိဗက်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ခွဲ ဝေရှီး လီဆူလူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ခရိုင်၌ တည်ရှိသည့် တရုတ်နိုင်ငံ ယူနန်ရွှေခြည်မွေးမျောက်များ သုတေသနအခြေခံစခန်းသို့ ရောက်ရှိခဲ့ကြ၍ ဘိုင်မာဆီးနှင်းတောင် အမျိုးသားအဆင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနယ်မြေ၏ ယူနန်ရွှေခြည်မွေးမျောက်အပေါ် ထိန်းသိမ်ရေးအကြောင်းများကို သိရှိခဲ့ကြသည်။

ဘိုင်မာဆီးနှင်းတောင် အမျိုးသားအဆင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနယ်မြေကို ၁၉၈၃ ခုနှစ်တွင် စတင်တည်ထောင်ခဲ့၍ ထိုအချိန်တွင် ဝေရှီးခရိုင်ရှိ ဧရိယာတစ်ခုလုံး၌ ယူနန်ရွှေခြည်မွေးမျောက် အုပ်စုအမျိုးအစား ၂ ခု၊ အကောင် ၈၀၀ ခန့်သာ တွေ့ရှိခဲ့သည်။ ၂၀၀၄ ခုနှစ်တွင် ဤထိန်းသိမ်းရေးနယ်မြေ၏ ပထမအကြိမ် သိပ္ပံလေ့လာရေးဖြင့် ယူနန်ရွှေခြည်မွေးမျောက် အုပ်စုအမျိုးအစား ၈ ခု၊ အကောင် ၁၂၀၀ ခန့်ကို တွေ့ရှိခဲ့သည်။ ယခုအချိန်တွင် မျိုးဆက်ပေါင်းများစွာ ကြိုးပမ်းအားထုတ် ခြင်းအားဖြင့် ထိန်းသိမ်းရေးနယ်မြေထဲမှ ယူနန်ရွှေခြည်မွေးမျောက်၏ အုပ်စုအမျိုးအစားပမာဏသည် ၁၄ ခုအထိ တိုးပွားလာပြီ ဖြစ်၍ အရေအတွက်မှာ အကောင် ၃ ထောင်ခန့်အထိ ရှိနေပြီ ဖြစ်သည်။ ထို့ပြင်၊ ထိန်းသိမ်းရေးနယ်မြေထဲမှ တခြား တောရိုင်းတရိစ္ဆာန်များနှင့် ရုက္ခပင်များသည်လည်း ပိုမိုကောင်းမွန်သော ထိန်းသိမ်းရေးကို ခံထား၍ ၂၀၁၈ ခုနှစ်တွင် အနီအောက်ရောင်ခြည်သုံး ကင်မရာနည်းပညာဖြင့် ထိန်းသိမ်းရေးနယ်မြေထဲတွင် တရုတ်နိုင်ငံ အမျိုးသားအဆင့် ပထမတန်းစား ကာကွယထိန်းသိမ်းရေး တိရစ္ဆာန်ဖြစ်သည့် ကျားသစ်ကို ဓာတ်ပုံရိုက်ရခဲ့သည်။

2

ဘိုင်မာဆီးနှင်းတောင် အမျိုးသားအဆင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနယ်မြေ၏ စီမံခန့်ခွဲမှု အဆင့်အတန်းသည် အဆက်မပြတ် မြှင့်တင်လာသည်နှင့်အမျှ ယူနန်ရွှေခြည်မွေးမျောက်များကို လေ့လာစောင့်ကြည့်ရာတွင် ပိုများသော အဆင့်မြင့်နည်းပညာများကို စဉ်ဆက်မပြတ် ထည့်သွင်းအသုံးပြုခဲ့သည်။ ၂၀၂၀ ခုနှစ်တွင် ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာကွန်ဗင်းရှင်း (Convention on Biological Diversity - CBD) ၁၅ ကြိမ်မြောက် စာချုပ်ချုပ်ဆိုသောနိုင်ငံများညီလာခံ (COP15) ကျင်းပရာတွင် ဘိုင်မာဆီးနှင်းတောင် အမျိုးသားအဆင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနယ်မြေသည် 5G မီလီမီတာ လှိုင်းထုတ်လွှင့်မှုကွန်ရက်စနစ်ကိုလည်း သွင်းယူခြင်းအားဖြင့် ယူနန်ရွှေခြည်မွေးမျောက်များကို အချိန်နှင့်တစ်ပြေးညီ စောင့်ကြည့်စစ်ဆေးခဲ့ပြီး ဤညီလာခံ ကျင်းပရာတွင် ယူနန်ရွှေခြည်မွေးမျောက်များကို အချိန်နှင့်တစ်ပြေးညီ အွန်လိုင်း တိုက်ရိုက်ထုတ်လွှင့်ရန် အကောင်အထည်ဖော်ခဲ့၍ ကောင်းမွန်သော ပြသမှုဆိုင်ရာ အကျိုးသက်ရောက်မှုများကို ရရှိခဲ့သည်။


白马雪山国家级自然保护区位于滇西北“三江并流”世界自然遗产地范围内,跨金沙江和澜沧江两大流域,总面积2821.06平方千米,是中国最大的滇金丝猴保护区,也是中国滇金丝猴种群分布最集中的地区。

1

11月17日,世界的“香格里拉”主题采访团来到位于云南省迪庆藏族自治州维西傈僳族自治县的中国滇金丝猴研究基地,了解白马雪山国家级自然保护区关于滇金丝猴的保护情况。

白马雪山国家级自然保护区于1983年成立初期,整个维西片区被发现的滇金丝猴仅有2个种群,个体数量在800只左右。2004年,通过该地区的第一次科学考察,发现了8个滇金丝猴种群,约1200只猴子。如今,通过几辈人前仆后继地努力,保护区滇金丝猴的种群数量已增长至14个种群,个体数量达3000只左右。除此之外,保护区内的其他野生动植物也得到了较好的保护,2018年借助红外相机技术,首次在保护区内拍摄到了国家一级保护动物金钱豹。

2

据了解,随着白马雪山自然保护区的管理水平不断提升,很多先进技术被不断投入到对滇金丝猴的监测中。2020年联合国生物多样性大会(COP15)期间,白马雪山自然保护区还引进了5G毫米波的网络传输系统,对滇金丝猴进行实时监控,在大会期间实现了对滇金丝猴的实时在线直播,取得了良好的展示成效。(昆明信息港 记者刘欣琳 劳学丽)

အယ်ဒီတာ: ခင်ခင် တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73ကျပ်