တောင်အာရှ အရှေ့တောင်အာရှ အပြည်ပြည်ဆိုင်ရာ ခေတ်မီ ကုန်စည်ပို့ဆောင်ရေးပြပွဲကို ကူမင်းမြို့၌ ကျင်းပမည်
2023-11-22 16:25|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) ၂၀၂၃ ခုနှစ် ပထမအကြိမ် တောင်အာရှ အရှေ့တောင်အာရှ အေးခဲကွင်းဆက် ကုန်စည်ပို့ဆောင်ရေး အရည်းအသွေးမြင့် ဖွံ့ဖြိုးတိုးတက်ရေးဖိုရမ်နှင့် တောင်အာရှ အရှေ့တောင်အာရှ အပြည်ပြည်ဆိုင်ရာ ခေတ်မီ ကုန်စည်ပို့ဆောင်ရေးပြပွဲကို နိုဝင်ဘာလ ၂၄ ရက်နေ့မှ ၂၆ ရက်နေ့အထိ ကူမင်း တျန်းချီ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းနှင့် ပြပွဲစင်တာ၌ ကျင်းပမည်ဖြစ်ကြောင်း သတင်းထောက်က သတင်းစာရှင်းလင်းပွဲမှ သိရှိရခဲ့သည်။
ဤအကြိမ်ပြပွဲတွင် အကြောင်းအရာ ၉ ခုကို အခြေခံပြုပြီး သက်ဆိုင်ရာလှုပ်ရှားမှုများကို ကျင်းပမည် ဖြစ်ကာ "ရပ်ဝန်းတစ်ခု လမ်းကြောင်းတစ်ခု"ကို အခြေခံပြုပြီး အေးခဲကွင်းဆက်ဆိုင်ရာ အခွင့်အလမ်းများအောက်တွင် နိုင်ငံအသီးသီးမှ ဆေးဝါးစနစ်များအကြား ချိတ်ဆက်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များ၊ ယူနန်-အရှေ့တောင်အာရှ အေးခဲကွင်းဆက် တစ်ခုတည်းဖြစ်စေခြင်းနှင့် ကွန်ရက်ဖြစ်စေခြင်းဆိုင်ရာ အထွေထွေ ဝန်ဆောင်မှုများ၊ လတ်ဆတ်သော လယ်ယာထွက်ကုန်ပစ္စည်းများ၊ အအေးခဲအစားအစာများ၊ မိုးဆန်းပန်းများ၊ မီးရှည်များ၊ ကြိုတင်ပြုလုပ်ထားသော ဟင်းလျာများနှင့် ဇီဝဆေးဝါးများ စသည်တို့ဆိုင်ရာ ယူနန်ပြည်နယ်မှ အားသာချက်ရှိသော စက်မှုလုပ်ငန်းများမှာ အေးခဲကွင်းဆက်ဆိုင်ရာ အခွင့်အလမ်းများအောက်တွင် လမ်းကြောင်းအသစ်များဖန်တီးနိုင်ပုံ စသည်တို့ကို ဆွေးနွေးခြင်းသည် ၎င်းအနက် ပါဝင်ရမည် ဖြစ်သည်။
ပြပွဲ၏ ပြသဧရိယာအကျယ်အဝန်းသည် စတုရန်းမီတာ ၁ သောင်းခန့် ရှိ၍ ပြပွဲဧရိယာ ၅ ခုကို စီစဉ်မည်ဖြစ်ပြီး ခေတ်မီကုန်စည်ပို့ဆောင်ရေး ပြပွဲဧရိယာ၊ အေးခဲကွင်းဆက် ကုန်စည်ပို့ဆောင်ရေး ပြပွဲဧရိယာ၊ အမြန်ချောပို့လုပ်ငန်းများ ပြပွဲဧရိယာ၊ စွမ်းအင်သစ်သုံး ကုန်တင်မော်တော်ယာဉ်များ ပြပွဲဧရိယာ၊ ကုန်စည်ပို့ဆောင်ရေးနှင့် ထောက်ပံ့ရေးကွင်းဆက် ပြပွဲဧရိယာတို့ ဖြစ်သည်။ ၂၀၂၃ ခုနှစ် ယူနန်ပြည်နယ် (ကူမင်းမြို့) အပြည်ပြည်ဆိုင်ရာ အေးခဲကွင်းဆက် ကုန်စည်ပို့ဆောင်ရေးပြပွဲ၊ ၂၀၂၃ ခုနှစ် ယူနန်ပြည်နယ် (ကူမင်းမြို့) အမြန်ချောပို့လုပ်ငန်းများပြပွဲ၊ ၂၀၂၃ ခုနှစ် ယူနန်ပြည်နယ် (ကူမင်းမြို့) စွမ်းအင်သစ်သုံး ကုန်တင်မော်တော်ယာဉ်များပြပွဲနှင့် ယူနန်ပြည်နယ် (ကူမင်းမြို့) ကုန်စည်ပို့ဆောင်ရေးနှင့် ထောက်ပံ့ရေးကွင်းဆက်ပြပွဲ ၄ ခုတို့ကို တချိန်တည်း ကျင်းပရမည် ဖြစ်သည်။
昆明信息港讯(昆明日报 记者彭诗淇 实习生周红梅)记者从发布会获悉,2023首届南亚东南亚冷链物流高质量发展论坛暨南亚东南亚国际现代物流博览会将于11月24日至26日在昆明滇池国际会展中心举行。
本届博览会相关活动将围绕九大主题展开,包括围绕“一带一路”讨论冷链机遇下各国医药体系链接合作问题,云南—东南亚冷链一体化和网络化综合服务,云南优势产业生鲜农产品、冰鲜、鲜花、米线、预制菜、生物医药等如何在冷链机遇下打造新赛道等。
博览会展览面积约1万平方米,将设置5个展区,分别为现代物流展区、制冷冷链物流展区、快递产业展区、新能源物流车展区和物流供应链展区。同期举办4个展会:2023云南(昆明)国际冷链物流展览会、2023云南(昆明)快递产业展览会、2023云南(昆明)新能源物流车展览会、2023云南(昆明)物流与供应链展览会。
အယ်ဒီတာ: ခင်ခင် တာဝန်ခံအယ်ဒီတာ: Xu Ting
- ၁၇ ကြိမ်မြောက် တရုတ် ကူမင်း နှစ်သစ်ကူးကုန်စည်ပြပွဲကို ကျင်းပနေ
- ယူနန်ပြည်နယ် တာ့လီမြို့တွင် ပထမဆုံး နိုင်ငံတကာ တိုက်ရိုက်လေကြောင်းလိုင်းကို ဖွင့်လှစ်
- ယူနန်ပြည်နယ်မှ ပြည်သူများသည် ကျီးဇူစန်းတောင်သို့ အခမဲ့ လည်ပတ်ကြည့်ရှုနိုင်
- Lucky Air သည် ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ကူမင်း-ဗီယင်ကျန်း နိုင်ငံတကာ လေကြောင်းလိုင်းသစ်ကို စတင်ဖွင့်လှစ်
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- အရှေ့တောင်အာရှ ကုန်ပစ္စည်းကလေးများသည် ကူမင်းမြို့ရှိ "နှစ်သစ်ကူးကုန်စည်ပြပွဲ"တွင် ရေပန်းစားနေ
- "ရထားလမ်း ဖွင့်လှစ်တာနဲ့အမျှ အားလုံး အရှိန်တိုးလာနေတယ်" ဟု ဟွန်ကျွင့်ကျယ်က ပြောဆိုခဲ့
- တရုတ်-လာအို ရထားလမ်းနှင့် မိုဟန်ဆိပ်ကမ်းတို့သည် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြု
- တရုတ်-လာအို ရထားလမ်းကို မှီခိုပြီး မိုဟန်မြို့နယ်သည် ဖွံ့ဖြိုးတိုးတက်မှုရလဒ်များ ရရှိ