ရှန်ဂရီလာ အမျိုးသားဥယျာဉ်၌ လူနှင့်သဘာဝအကြား သဟဇာတဖြစ်မှုကို ခံစား

2023-11-16 14:53|ရောင်စုံတိမ်တံတား

(ရောင်စုံတိမ်တံတား လဲ့ရွှေရည်နိုဝင်ဘာလ ၁၄ ရက်နေ့တွင် "ကမ္ဘာ့ရှန်ဂရီလာ" ဟူသော ခေါင်းစဉ်ဖြင့် သတင်းယူအဖွဲ့သည် ရှန်ဂရီလာ အမျိုးသားဥယျာဉ်သို့ ဝင်ရောက်၍ တောင်မြင့်များနှင့် ရေကန်များအကြား ကုန်းပြင်မြင့်၏ ဂေဟအလှများကို ခံစားပြီး လူနှင့်သဘာဝအကြား သဟဇာတဖြစ်မှုကို ခံစားခဲ့ကြသည်။

ရှန်ဂရီလာ အမျိုးသားဥယျာဉ်သည် ယူနန်ပြည်နယ် အနောက်မြောက်ပိုင်း မြစ်သုံးသွယ် ပြိုင်တူစီးဆင်းရာ ကမ္ဘာ့သဘောဝအမွေအနှစ်၏ ဗဟိုချက်မဒေသ၌ တည်ရှိ၍ တရုတ်ပြည်မကြီးရှိ ပထမဆုံး အမျိုးသားဥယျာဉ်ဖြစ်သည်။ ဥယျာဉ်၏ စုစုပေါင်းစီမံကိန်းဧရိယာသည် ၆၀၁.၁ စတုရန်းကီလိုမီတာရှိပြီး ပြသဧရိယာသည် ၃၀၀.၁၄ စတုရန်းကီလိုမီတာရှိ၍ ၄င်းအနက် ထိန်းသိမ်းရေးဧရိယာသည် စုစုပေါင်းဧရိယာ၏ ၉၉.၈၁ ရာခိုင်နှုန်း ရှိသည်။ ဥယျာဉ်ထဲမှ ပေါများကြွယ်ဝသော တိရစ္ဆာန်နှင့် ရုက္ခပင် အရင်းအမြစ်များ၊ ဂျင်းန်နှင့် သဘာဝရုက္ခပင် အမျိုးအစားများ၏ မျိုးစုံမျိုးကွဲများသည် ရှန်ဂရီလာ အမျိုးသားဥယျာဉ်၏ ရှင်သန်းသော သက်ရှိစွမ်းအားများကို ဖော်ပြထားသည်။ 

1527775

ရှန်ဂရီလာဒေသ တစ်ခုလုံးရှိ သဘာဝနှင့် လူမှုရေး ရှုခင်းများ၏ အလွန်ပျစ်ရာနေရာအဖြစ် ရှန်ဂရီလာ အမျိုးသားဥယျာဉ်၌ ပေါများကြွယ်ဝသော သဘာဝရှုခင်း ဂေဟအရင်းအမြစ်များကို ရှိရုံသာမက ဘာသာရေးယဉ်ကျေးမှုများ၊ စိုက်ပျိုးရေးနှင့် ထိန်းကျောင်းရေးယဉ်ကျေးမှုများ၊ ရိုးရာဓလေ့ထုံးစံများနှင့် အဆောက်အအုံများ စသည်တို့ကို ပါဝင်ထားသည့် လူမှုရေးရှုခင်း အရင်းအမြစ်များကိုလည်း ရှိသည်။

ဥယျာဉ်ထဲမှ တစ်ခုတည်းသော ရိုးရာကျေးရွာအဖြစ် လော့ဇုံရွာသည် ရှန်ဂရီလာ အမျိုးသားဥယျာဉ်ရှိ လူနှင့်သဘာဝ သဟဇာတဖြစ်စွာ အတူယှဉ်တွဲနေထိုင်သည့် ဘဝပုံစံကို စုစည်းပြသထားသည်။ လက်ရှိ စိမ်းလန်းစိုပြေသော တောတောင်ရေမြေများကို ကောင်းမွန်အောင် ထိန်းသိမ်းထားသည့်အတွက် လော့ဇုံရွာမှ ရွာသူရွာသားများသည် "ဂေဟပတ်ဝန်းကျင် ထိန်းသိမ်းရေး" ကို စည်းကမ်းသတ်မှတ်ချက်များထဲသို့ ဖြည့်စွက်ရေးသားခဲ့သည်။ ရှန်ဂရီလာ အမျိုးသားဥယျာဉ်သည် စီးပွားရေးဖွံ့ဖြိုးတိုးတက်ကို တိုက်ရိုက်မြှင့်တင်ခြင်း၊ ပညာရေးတောက်ပံ့မှုများနှင့် အလုပ်အကိုင်များ ပံ့ပိုးပေးခြင်း စသည့် နည်းလမ်းများဖြင့် ရွာသူရွာသားများကို ဆင်းရဲနွမ်းပါးမှုမှ သာယာဝပြောမှုသို့ ဖော်ဆောင်ရန် ကူညီပေးသည့်အပြင် ၄င်း၏ ထူးခြားသော ညှို့နိုင်စွမ်းများဖြင့် ဤနေရာသို့ လာရောက်လုပ်ကိုင်သည့်၊ လည်ပတ်ကြည့်ရှုသည့် လူများကိုလည်း ဆွဲဆောင်ထားသည်။

1527776

ယခုအချိန်တွင် တစ်နေ့ထက်တစ်နေ့ ပိုများသော ပြည်တွင်းပြည်ပ ခရီးသည်များသည် ရှန်ဂရီလာ အမျိုးသားဥယျာဉ်သို့ လာရောက်ပြီး ဤနေရာရှိ ကြီးကျယ်ခမ်းနား သာယာလှပသော လမှုရေးနှင့် သဘာဝ ရှုခင်းများကို ကြည့်ရှုခံစားကြသည်။ ရွာသူရွာသားများ၏ ဝင်ငွေသည် တစ်နှစ်ထက်တစ်နှစ် တိုးလာပြီး ဂေဟစနစ် ထိန်းသိမ်းရေး အယူအဆများလည်း တဖြည်းဖြည်း တိုးလာသည်။ သူတို့သည် အမျိုးသားဥယျာဉ်၏ တည်ဆောက်ရေးနှင့် ဂေဟစနစ် ထိန်းသိမ်းရေးလုပ်ငန်းများတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်ကြ၍ လူနှင့်သဘာဝ သဟဇာတဖြစ်စွာ အတူယှဉ်တွဲနေထိုင်သည့် သဘောတရားများသည် ရွာသူရွာသား တစ်ယောက်တိုင်း၏ နှလုံးသားထဲတွင် နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေသည်။

11月14日,“世界的香格里拉”主题采访团走进香格里拉国家公园,在高山与湖泊之间体验高原生态之美,感受人与自然的和谐统一。

香格里拉国家公园位于滇西北三江并流世界自然遗产中心地带,是中国大陆第一个国家公园。公园总规划面积601.1平方公里,展示面积300.14平方公里,其中保护地面积占总面积的99.81%。公园内丰富的动植物资源以及基因和生态植被类型的多样性,展示着香格里拉国家公园旺盛的生命活力。

1527775

香格里拉国家公园景区内,被誉为“高原仙子”的属都湖

作为整个香格里拉地区自然和人文景观的浓缩,香格里拉国家公园不仅有着丰富的自然景观生态资源,还有着包括宗教文化、农牧文化、民俗风情和房屋建筑等在内的人文景观资源。

作为公园内唯一的传统村落,洛茸村集中体现着香格里拉国家公园人与自然和谐共生的生活方式。为守护好眼前的绿水青山,洛茸村村民把“保护生态环境”写进了村规民约。香格里拉国家公园则通过直接经济反哺、教育补贴、解决就业等形式带动村民脱贫致富。同时,也以其独特的魅力吸引着每一个来到这里工作和游玩的人们。

1527776

洛茸村一角

如今,越来越多的国内外游客来到香格里拉国家公园,感受这里壮美的人文自然景观。村民收入逐年增加,生态保护意识也逐渐增强。他们都积极参与到国家公园的建设和生态保护中,人与自然和谐共生的理念深刻在了每一位村民心里。(昆明信息港 记者刘欣琳 劳学丽)

အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73ကျပ်