ယူနန်ပြည်နယ် ကုန်သွယ်ရေးအဖွဲ့သည် ဆဋ္ဌမ အကြိမ်မြောက် တရုတ် နိုင်ငံတကာ သွင်းကုန်ပြပွဲတွင် ပါဝင်
2023-11-05 15:42|
(ရောင်စုံတိမ်တံတား၊ မျိုးသူဇာကြော့) နိုဝင်ဘာလ ၅ ရက်နေ့မှ ၁၀ ရက်နေ့အထိ ဆဋ္ဌမ အကြိမ်မြောက် တရုတ် နိုင်ငံတကာ သွင်းကုန်ပြပွဲကို ရှန်ဟိုင်းမြို့၌ အော့ဖ်လိုင်းပုံစံဖြင့် ကျင်းပမည် ဖြစ်သည်။ ယူနန်ပြည်နယ် ကုန်သွယ်ရေးအဖွဲ့သည် ဤပြပွဲတွင် ပါဝင်ရန် နာမည်စာရင်းပေးသွင်းသည်အတွက် လုပ်ငန်းအဖွဲ့အစည်း ၂၃၂၃ ခု (လုပ်ငန်းကုမ္ပဏီ အခု ၁၇၃၀ အပါအဝင်) နှင့် လူအယောက် ၅၆၀၀ ကျော် (လုပ်ငန်းဝန်ထမ်း အယောက် ၃၀၄၀ အပါအဝင်) ကို ဖွဲ့စည်းခဲ့သည် ဖြစ်၍ နိုင်ငံတကာဝယ်ယူရေးကို ဆောင်ရွက်ပြီး ရင်းနှီးမြှုပ်နှံမှုနှင့် ပူးပေါင်းဆောင်ရွက်ရေးကို ရှေ့သို့တွန်းတင်ပြီး တံခါးဖွင့်ခြင်း ရုပ်ပုံလွှာကို ပြသမည် ဖြစ်သည်။
ပြပွဲကျင်းပရာတွင် ယူနန်ပြည်နယ် ကုန်သွယ်ရေးအဖွဲ့သည် တရုတ် (ယူနန်) စက်မှုလုပ်ငန်းများ ရွှေ့ပြောင်းဖွံ့ဖြိုးတိုးတက်မှုနှင့် ဆိပ်ကမ်းစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာ မိတ်ဆက်ပွဲ၊ "ယူနန်ပြည်နယ်ကို ရင်းနှီးမြှုပ်နှံမှု" ဟူသော ဇီဝဆေးဝါးဆိုင်ရာ အထူးဆွေးနွေးပွဲ၊ တရုတ်-လာအို ရထားလမ်းတလျှောက်လုံးရှိ ယူနန်၏ တံခါးဖွင့်ဇုန် (လွတ်လပ်သော ကုန်သွယ်ရေးစမ်းစပ်ဇုန်)၏ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆွေးနွေးပွဲစသည့် လှုပ်ရှားမှုများကို ကျင်းပမည်ဖြစ်ကာ ယူနန်၏ "3815 (သုံးနှစ်အတွင်း လှေကားထစ်ပေါ်တက်ရမည်၊ ရှစ်နှစ်အတွင်း ကြီးမားသော ဖွံ့ဖြိုးတိုးတက်မှုကို ရရှိရမည်၊ ၁၅ နှစ်အတွင်း ကြီးမားသော ကျော်လွန်ခြင်းကို ရရှိရမည်)" ဟူသော မဟာဗျူဟာ ဖွံ့ဖြိုးတိုးတက်ရေး ရည်ရွယ်ချက်များနှင့် အရင်းအမြစ်စီးပွားရေး၊ ဆိပ်ကမ်းစီးပွားရေး၊ ဇုန်စီးပွားရေးတို့ကို အားတွန်ခွန်စိုက် ဖွံ့ဖြိုးတိုးတက်စေသည့် ဆောင်ရွက်ချက်များကို ဘက်စုံအသီးသီးသို့ မိတ်ဆက်ပေးမည်ဖြစ်ကာ ယူနန်၏ တည်ဆောင်ရေး အောင်မြင်မှုအသစ်များကို ပြသပြီး တံခါးဖွင့်ရန်နှင့် ပူးပေါင်းဆောင်ရွက်ရန် လုပ်ဆောင်သည့် ယုံကြည်စိတ်ကို ကမ်းလှမ်းပေးပြီး ပြည်တွင်းပြည်ပရှိ လုပ်ငန်းကုမ္ပဏီများအား ယူနန်ပြည်နယ်ကို ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်မည် ဖြစ်သည်။
ထို့ပြင် ဤနှစ်တွင် ယူနန်ပြည်နယ် ကုန်သွယ်ရေးအဖွဲ့သည် တရုတ် နိုင်ငံတကာ သွင်းကုန်ပြပွဲမှ တရုတ်ရှေးဟောင်းနာမည်ကျော်တံဆိပ်များနှင့် အမျိုးသားအဆင့် ခြေလျင်လျှောက်လမ်း၏ လုပ်ငန်းအခြေအနေများပြပွဲတွင် ဆက်လက်ပါဝင်မည်။ ယူနန်ပြခန်းသည် အမျိုးသား ကွန်ဗင်းရှင်းနှင့်ပြပွဲစင်တာ (ရှန်ဟိုင်း) ထဲမှ အထပ် ၈ မီတာမြင့်သည့် F1 ရပ်ကွက်၌ တည်ရှိ၍ ဧရိယာ ၃၀၆ စတုရန်းမီတာ ကျယ်ဝန်းကာ ပြပွဲပါဝင်ရန် ယူနန်လုပ်ငန်းကုမ္ပဏီ ၁၈ ခုသည် နာမည်စာရင်းပေးသွင်းခဲ့သည် ဖြစ်၍ ယူနန်၏ ထူးခြားသော ညှို့နိုင်စွမ်းများနှင့် ရှေးဟောင်းနာမည်ကျော်တံဆိပ်များမှ ထူးခြားချက်ရှိသည့် ထုတ်ကုန်ပစ္စည်းများကို အလေးထားပြသမည် ဖြစ်သည်။
11月5日至10日,第六届中国国际进口博览会在上海市全面线下举办。云南省交易团组织2323家单位(其中企业1730家)、5600余人(企业人员3040人)报名参会,开展国际采购、推进投资合作、展示开放形象。
会期,云南省交易团举办中国(云南)产业转移发展及口岸经济合作主题推介会、“投资云南”生物医药专场恳谈会、中老铁路沿线云南开放型园区(自贸试验区)贸易投资恳谈会等活动,面向各方介绍云南“3815”战略发展目标,大力发展资源经济、口岸经济、园区经济的举措,展示云南建设新成效,传递开放合作信心,向海内外企业发出投资云南的邀请。
此外,今年云南省交易团继续参与进博会的中华老字号、国家级步行街业态展示。云南展区位于国家会展中心(上海)8米层F1区域,面积306平方米,18家云南企业报名参展,重点展示云南独特魅力和老字号特色产品。(云南网 记者韩成圆 刘子语)
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
- ၁၇ ကြိမ်မြောက် တရုတ် ကူမင်း နှစ်သစ်ကူးကုန်စည်ပြပွဲကို ကျင်းပနေ
- ယူနန်ပြည်နယ် တာ့လီမြို့တွင် ပထမဆုံး နိုင်ငံတကာ တိုက်ရိုက်လေကြောင်းလိုင်းကို ဖွင့်လှစ်
- ယူနန်ပြည်နယ်မှ ပြည်သူများသည် ကျီးဇူစန်းတောင်သို့ အခမဲ့ လည်ပတ်ကြည့်ရှုနိုင်
- Lucky Air သည် ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ကူမင်း-ဗီယင်ကျန်း နိုင်ငံတကာ လေကြောင်းလိုင်းသစ်ကို စတင်ဖွင့်လှစ်
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- အရှေ့တောင်အာရှ ကုန်ပစ္စည်းကလေးများသည် ကူမင်းမြို့ရှိ "နှစ်သစ်ကူးကုန်စည်ပြပွဲ"တွင် ရေပန်းစားနေ
- "ရထားလမ်း ဖွင့်လှစ်တာနဲ့အမျှ အားလုံး အရှိန်တိုးလာနေတယ်" ဟု ဟွန်ကျွင့်ကျယ်က ပြောဆိုခဲ့
- တရုတ်-လာအို ရထားလမ်းနှင့် မိုဟန်ဆိပ်ကမ်းတို့သည် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြု
- တရုတ်-လာအို ရထားလမ်းကို မှီခိုပြီး မိုဟန်မြို့နယ်သည် ဖွံ့ဖြိုးတိုးတက်မှုရလဒ်များ ရရှိ