နွေဦးမြို့ဟုခေါ်သည့် ကူမင်းမြို့တွင် ခေါင်းနီစင်ရော်များ ကြည့်ရှုသည့်ရာသီချိန် ရောက်ရှိ
2023-11-03 14:55|
(ရောင်စုံတိမ်တံတား၊ ခင်ခင်) အောက်တိုဘာလ ၂၉ ရက်နေ့တွင် ဆောင်းရာသီကူးရန် ကူမင်းမြို့သို့ ရောက်ရှိကြသည့် ခေါင်းနီစင်ရော်များသည် တျန်းချီရေကာတာမှ စောင်ဟိုင်ရေပြင်နယ်နိမိတ်တွင် စုဝေးကျက်စားနေကြခဲ့ပြီ ဖြစ်ပြီး မြို့သူမြို့သားနှင့် ခရီးသည် အများအပြားကို ခေါင်းနီစင်ရော်များအား လာရောက်ကြည့်ရှုကျွေးမွေးရန် ဆွဲဆောင်ခဲ့၍ လူသားများနှင့် ခေါင်းနီစင်ရော်များအကြား စည်းလုံးညီညွတ်စွာ ပျော်မြူးကြသည့် မြင်ကွင်းကို တွေ့မြင်နိုင်ခဲ့သည်။
လက်ရှိအချိန်တွင် ကူမင်းမြို့သို့ ရောက်ရှိနေသည့် ခေါင်းနီစင်ရော်များသည် တိန်ချီးရေကာတာမှ လုံမိန်ရွာအထိ တစ်လျှောက်ရှိ ရေပြင်နယ်နိမိတ်တွင် အဓိကစုဝေးနေကြပြီ ဖြစ်ပြီး ၎င်းတို့၏ အရေအတွက်မှာ အကောင် ၅ ထောင်ကျော် ရှိနေပြီဖြစ်ကာ နိုဝင်ဘာလထဲသို့ ဝင်လျှင် ပိုများသော ခေါင်းနီစင်ရော်များသည် ကူမင်းမြို့သို့ ရောက်ရှိတော့မည် ဖြစ်၍ ကူမင်းမြို့တွင် ခေါင်းနီစင်ရော်များကြည့်ရှုရန် အကောင်းဆုံးသောရာသီချိန် ရောက်ရှိမည် ဖြစ်သည်။
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
- China Southern Airlines သည် တာ့လီ-ချန်ရှား-တာ့လျန် လေကြောင်းလိုင်းသစ်ကို ဖွင့်လှစ်ခဲ့
- မာလူထန် အထူးတံတားကြီး ချိတ်ဆက်လိုက်ပြီဖြစ်ရာ ထျန်းပေါင်-မာလီပို အမြန်လမ်းမကြီး၏ အဓိကလမ်းကြောင်း ပြီးစီး
- ကူမင်း ချန်ချုံတောင်တွင် ကြိုပို့ရန်တက္ကစီများ ရှိနေပြီ ဖြစ်၍ ၂၄ နာရီ စဉ်ဆက်မပြတ် ပြေးဆွဲ
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ ကူမင်းမြို့၌ ဖွင့်လှစ်ကျင်းပ
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- တရုတ်-လာအိုရထားလမ်း နယ်စပ်ဖြတ်ကျော် ခရီးသည် ပို့ဆောင်မှု ယခင်နှစ်ကာလတူထက် ၅၀ ရာခိုင်နှုန်းကျော် တိုးလာ
- တရုတ်-လာအို ရထားလမ်း၏ ယခုနှစ် ပထမ ၇ လအတွင်း ပို့ကုန်သွင်းကုန် ကုန်စည်တန်ဖိုး ယွမ် ဘီလီယံ ၂၀ ကျော် ရှိလာ
- တရုတ်-လာအို ရထားလမ်းမှ ပို့ဆောင်သည့် ကုန်စည်အမျိုးအစား ၃,၉၀၀ ကျော်အထိရှိလာ
- ကူမင်း-ရန်ကုန် ကုန်တင်လေယာဉ်လမ်းကြောင်းကို တရားဝင် ပြန်လည်စတင်ပျံသန်း




















