"ယူနန်ဟုခေါ်သည့် ဘဝတစ်မျိုး" ဟူသော အနုပညာဆိုင်ရာ တင်ဆက်ကပြပွဲကို ကူမင်းမြို့၌ ကျင်းပခဲ့
2023-10-31 17:52|
(ရောင်စုံတိမ်တံတား၊ ခင်ခင်) အောက်တိုဘာလ ၁၆ ရက်နေ့တွင် တတိယကြိမ်မြောက် "ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်ခု" ဂီတပညာရေး မဟာမိတ်အဖွဲ့ အပြည်ပြည်ဆိုင်ရာ အစည်းအဝေးအောက်ရှိ လှုပ်ရှားမှုများထဲမှ တစ်ခု ဖြစ်သည့် "ယူနန်ဟုခေါ်သည့် ဘဝတစ်မျိုး" ဟူသော အနုပညာဆိုင်ရာ တင်ဆက်ကပြပွဲကို ကူမင်းမြို့၌ ကျင်းပခဲ့သည်။
ကမ္ဘောဒီးယား၊ အိန္ဒိယ၊ သီရိလင်္ကာ၊ စင်ကာပူနှင့် ဗြိတိန် စသည့် နိုင်ငံများနှင့် ဒေသများမှ လာသည့် ဂီတပညာရှင်များသည် ကူမင်းမြို့၌ အတူတူစုရုံးခဲ့ကြ၍ ယူနန့်ထူးခြားချက်များနှင့် မေတ္တာများကို အပြည့်အဝရှိသည့် အမြင်နှင့်အကြားဆိုင်ရာ ကြီးကျယ်ခမ်းနားသော တင်ဆက်ကပြပွဲကို အတူတူ ရှုစားခဲ့ကြကာ "ယူနန်ဟုခေါ်သည့် ဘဝတစ်မျိုး"ကို ခံစားခဲ့ကြသည်။
ဤကပြပွဲသည် ဂီတကို တံတားအနေနှင့် "ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်ခု" အတူတူတည်ဆောက်သည့် နိုင်ငံများအကြားမှ ယဉ်ကျေးမှုဖလှယ်ရေး မြှင့်တင်စေပြီး နိုင်ငံအသီးသီး၏ ယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်ရေး၊ ယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ်ရေးနှင့် ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများ အပြန်အလှန် ဖှလယ်ရေးလုပ်ငန်းများကို ပူးတွဲတွန်းအားပေးကြ၍ ကောင်းမွန်သော ပိုးလမ်းမကြီးယဉ်ကျေးမှုများကို အမွေဆက်ခံကာ ရောင်စုံသော ခေတ်မီယဉ်ကျေးမှုကို တည်ဆောက်ကြသည်။ တင်ဆက်ပြသမှုထဲတွင် တေးဆိုမှု၊ တူရိယာတေးဂီတနှင့် အကစသည့် ကွဲပြားသော အမျိုးအစားများ ပါဝင်၍ ယူနန်ပြည်နယ်ရှိ ထွန်းတောက်ရွှန်းတင့်သော တိုင်းရင်းသားဓလေ့ထုံးတမ်းများနှင့် တမူထူးခြားသော ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များ၏ ညှို့နိုင်စွမ်းများကို ဘက်ပေါင်းစုံမှ ပြသခဲ့ကြသည်။
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
- China Southern Airlines သည် တာ့လီ-ချန်ရှား-တာ့လျန် လေကြောင်းလိုင်းသစ်ကို ဖွင့်လှစ်ခဲ့
- မာလူထန် အထူးတံတားကြီး ချိတ်ဆက်လိုက်ပြီဖြစ်ရာ ထျန်းပေါင်-မာလီပို အမြန်လမ်းမကြီး၏ အဓိကလမ်းကြောင်း ပြီးစီး
- ကူမင်း ချန်ချုံတောင်တွင် ကြိုပို့ရန်တက္ကစီများ ရှိနေပြီ ဖြစ်၍ ၂၄ နာရီ စဉ်ဆက်မပြတ် ပြေးဆွဲ
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ ကူမင်းမြို့၌ ဖွင့်လှစ်ကျင်းပ
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- တရုတ်-လာအို ရထားလမ်းမှ ပို့ဆောင်သည့် ကုန်စည်အမျိုးအစား ၃,၉၀၀ ကျော်အထိရှိလာ
- ကူမင်း-ရန်ကုန် ကုန်တင်လေယာဉ်လမ်းကြောင်းကို တရားဝင် ပြန်လည်စတင်ပျံသန်း
- မြန်မာ့ကျောက်စိမ်းပြပွဲ တရုတ်-မြန်မာ နယ်စပ်ဒေသ ရွှေလီမြို့တွင် လေလံစတင်
- "ကျိန့်ဟော်"ရထား ဖွင့်လှစ်ခြင်း တစ်နှစ်ပြည့်၊ နယ်စပ်ဖြတ်ကျော် ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်း ချောမွေ့စွာ လည်ပတ်လျက်ရှိ


