ယူနန် ဆန်းသစ်တီထွင် ယဉ်ကျေးမှုလုပ်ငန်း ကုန်စည်ပြပွဲကို အောက်တိုဘာလ ၂၀ ရက်နေ့တွင် ကူမင်းမြို့၌ ကျင်းပမည်
2023-10-19 11:17|
(ရောင်စုံတိမ်တံတား၊ မျိုးသူဇာကြော့) သတင်းစာရှင်းလင်းပွဲအရ ယူနန် ဆန်းသစ်တီထွင် ယဉ်ကျေးမှုလုပ်ငန်း ကုန်စည်ပြပွဲ (၂၀၂၂ ခုနှစ် မှ ၂၀၂၃ ခုနှစ် အထိ)ကို ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၀ ရက်နေ့မှ ၂၄ ရက်နေ့အထိ ကူမင်းမြို့၌ ကျင်းပမည် ဖြစ်ကြောင်း သိရှိရခဲ့ပါသည်။
ဤအကြိမ် ယဉ်ကျေးမှုလုပ်ငန်း ကုန်စည်ပြပွဲသည် "မျိုးစုံသော ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များ၊ ဆက်ခံခြင်းနှင့် တီထွင်ဆန်းသစ်ခြင်း" ဟူသော ခေါင်းစဉ်ဖြင့် "ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များ၏ည" ပြပွဲ၊ ဖွင့်ပွဲအခမ်းအနား၊ ဖိုရမ်၊ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များစုစည်းပြသခြင်း၊ ဒစ်ဂျစ်တယ်ယဉ်ကျေးမှုပြပွဲ၊ လှုပ်ရှားမှုနေ့နှင့် ကျင်းပရာနေရာခွဲရှိ လှုပ်ရှားမှုများ စသည့် လှုပ်ရှားမှု အခု ၅၀ ကျော် ပါဝင်သည်။ အဓိကကျင်းပရာနေရာသည် ကူမင်း တျန်းချီ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းနှင့် ပြပွဲစင်တာ၌ တည်ရှိ၍ "ယူနန်ဟု ခေါ်သည့် နေထိုင်မှုဘဝ တစ်မျိုးရှိခြင်း" ဟူသော အဓိကအကြောင်းအရာကို ဗဟိုပြု၍ ယူနန် ယဉ်ကျေးမှုလုပ်ငန်း အထွေထွေပြခန်း၊ ဆန်းသစ်တီထွင် ကူမင်းပြခန်းနှင့် ယဉ်ကျေးမှုများ ဆက်ခံခြင်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးပြခန်း ဟူသော ပြခန်း ၃ ခန်းကို စီစဉ်ထား၍ ပြသရာနေရာ အခု ၃၀၀ ကျော်ကို ရှိပြီး လုပ်ငန်းကုမ္ပဏီ အခု ၆၀၀ ကျော် ပြပွဲကို ပါဝင်မည် ဖြစ်သည်။
၎င်းအနက် ပြည်နယ်ခွဲ(မြို့) အသီးသီး၏ ယဉ်ကျေးမှုလုပ်ငန်းဆိုင်ရာ ပြသရာနေရာများတွင် ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်များကို အဓိကပြသသည့်အပြင် ယဉ်ကျေးမှုလုပ်ငန်း ကုန်စည်ပြပွဲတွင် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များ စုစည်းပြသရာနေရာကို သီးခြားစီစဉ်ပြီး အမျိုးသားနှင့် ပြည်နယ်အဆင့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များစာရင်းလုပ်ငန်းဆိုင်ရာ ပြသရာနေရာ အခု ၁၀၀ ကျော်၊ နိုင်ငံတကာ ပြသရာနေရာ ၂၄ ခုနှင့် ပြည်နယ်အပ ဒြပ်မဲ့ယဉ်ယဉ်ကျေးမှု အမွေအနှစ်များ ပြသရာနေရာ အခု ၅၀ ကျော်ကို စီစဉ်မည် ဖြစ်သည်။ ကျိန့်ရွှေခရမ်းရောင်မြေအိုး၊ ကြေးနီပြောက်၊ ကျောက်စိမ်းပန်းပုနှင့် Haicai Tunes စသည့် ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် အတတ်ပညာများကို ပုံစံသစ်ဖြင့် ပြသမည် ဖြစ်ပြီး တောင်အာရှ၊ အရှေ့တောင်အာရှ၊ ဥရောပ စသည့် နေရာများမှ လာသည့် ထူးခြားသော လက်မှုအနုပညာပစ္စည်းများနှင့် ယဉ်ကျေးမှု ဆန်းသစ်တီထွင် ထုတ်ကုန်များကိုလည်း ပြသမည် ဖြစ်သည်။
အထူသဖြင့် ဤအကြိမ် ယဉ်ကျေးမှုလုပ်ငန်း ကုန်စည်ပြပွဲတွင် အထူးဖိတ်ကြားမှု ပြသရာဧရိယာကို ပထမဆုံးအကြိမ် စီစဉ်မည်ဖြစ်၍ တရုတ် အမျိုးသားပြတိုက် ယဉ်ကျေးမှုတီထွင်ဖန်တီးမှု၊ ချန်အန်း ယဉ်ကျေးမှုတီထွင်ဖန်တီးမှု၊ Douyin ယဉ်ကျေးမှုတီထွင်ဖန်တီးမှုနှင့် ational South-West Associated University ယဉ်ကျေးမှုတီထွင်ဖန်တီးမှု စသည်တို့ကို ပြပွဲတွင် ပါဝင်ရန် ဖိတ်ခေါ်မည်ဖြစ်ကာ ဒစ်ဂျစ်တယ်ယဉ်ကျေးမှုပြသဧရိယာကို သစ်လွင်စီစဉ်မည်ဖြစ်ပြီး ပြည်တွင်းပြည်ပ ရှေ့တန်းကျနည်းပညာများဖြင့် သိပ္ပံနှင့်နည်းပညာ ထူးခြားချက်များနှင့် ပြည့်စုံသော စမတ်ကျသော ယဉ်ကျေးမှုတီထွင်ဖန်တီးမှု ကုန်စည်ပြပွဲကို ပူးတွဲထုလုပ်မည် ဖြစ်သည်။
ထို့ပြင်၊ ကူမင်းဥယျာဉ် 1903 ညစီးပွားရေး စံပြဧရိယာ၊ ထိန်ချုံး ကောင်းလီကုန့် ယဉ်ကျေးမှု အဆန်းထွင်မှုလုပ်ငန်းဇုန်၊ ကျိန့်ရွှေ ခရမ်းရောင်မြေအိုး ယဉ်ကျေးမှုလုပ်ငန်း စံပြဇုန် စသည့်နေရာများ၌ ကျင်းပရာနေရာခွဲ ၁၇ ခုနှင့် ယဉ်ကျေးမှုတီထွင်ဖန်တီးမှု ထုတ်ကုန်များ အသေးစားရောင်းစျေး များစွာကို စီစဉ်မည် ဖြစ်သည်။
新华网昆明10月11日电(范芳钰)据新闻发布会消息,创意云南文化产业博览会(2022-2023)(以下简称“文博会”)将于2023年10月20日至24日在昆明市举办。
本届文博会以“七彩非遗·传承与创新”为主题,由“非遗之夜”展演、启动仪式、主旨论坛、非遗大集、文化数字化展、主题活动日、分会场主题活动等50余项活动组成。主会场设在昆明滇池国际会展中心,围绕“有一种叫云南的生活”主线,设置云南文化产业综合馆、创意昆明馆、文化传承发展馆三大主题展馆,设置展位300余个,600余户商家参展。
其中,除各州(市)文化产业展位以非遗为主之外,文博会特设非遗大集展区,设置100余个国家和省级非物质文化遗产名录项目展位,以及24个国际展位和50余个省外非遗展区。建水紫陶、斑铜、玉雕、海菜腔等一批非遗技艺将以全新面貌亮相,来自南亚、东南亚、欧洲等地的特色手工艺品、文创商品也将悉数亮相。
值得一提的是,本届文博会首次设置特邀展区,邀请国图文创、长安文创、抖音文创、西南联大文创等参展布展;新设文化数字化展区,运用国内外领先技术,共同打造充满科技亮点的智慧文创。
同时,在昆明公园1903夜间经济示范街区、腾冲高黎贡文化创意产业园区、建水紫陶文化产业示范园区等地设置了17个分会场及多个文创微集市。
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
- ၁၇ ကြိမ်မြောက် တရုတ် ကူမင်း နှစ်သစ်ကူးကုန်စည်ပြပွဲကို ကျင်းပနေ
- ယူနန်ပြည်နယ် တာ့လီမြို့တွင် ပထမဆုံး နိုင်ငံတကာ တိုက်ရိုက်လေကြောင်းလိုင်းကို ဖွင့်လှစ်
- ယူနန်ပြည်နယ်မှ ပြည်သူများသည် ကျီးဇူစန်းတောင်သို့ အခမဲ့ လည်ပတ်ကြည့်ရှုနိုင်
- Lucky Air သည် ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ကူမင်း-ဗီယင်ကျန်း နိုင်ငံတကာ လေကြောင်းလိုင်းသစ်ကို စတင်ဖွင့်လှစ်
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- အရှေ့တောင်အာရှ ကုန်ပစ္စည်းကလေးများသည် ကူမင်းမြို့ရှိ "နှစ်သစ်ကူးကုန်စည်ပြပွဲ"တွင် ရေပန်းစားနေ
- "ရထားလမ်း ဖွင့်လှစ်တာနဲ့အမျှ အားလုံး အရှိန်တိုးလာနေတယ်" ဟု ဟွန်ကျွင့်ကျယ်က ပြောဆိုခဲ့
- တရုတ်-လာအို ရထားလမ်းနှင့် မိုဟန်ဆိပ်ကမ်းတို့သည် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြု
- တရုတ်-လာအို ရထားလမ်းကို မှီခိုပြီး မိုဟန်မြို့နယ်သည် ဖွံ့ဖြိုးတိုးတက်မှုရလဒ်များ ရရှိ