၄ ကြိမ်မြောက် လန်ချန်း-မဲခေါင် တက္ကသိုလ်ကျောင်းသားများ ချစ်ကြည်ရေး အားကစားပြိုင်ပွဲကို ကူမင်းမြို့၌ ကျင်းပနေ
2023-10-17 17:54|
(ရောင်စုံတိမ်တံတား၊ ခင်ခင်) အောက်တိုဘာလ ၁၆ ရက်နေ့တွင် ၄ ကြိမ်မြောက် လန်ချန်းမြစ်-မဲခေါင်မြစ် တက္ကသိုလ်ကျောင်းသားများ ချစ်ကြည်ရေး အားကစားပြိုင်ပွဲနှင့် ၆ ကြိမ်မြောက် တောင်အာရှနှင့် အရှေ့တောင်အာရှနိုင်ငံများမှ တက္ကသိုလ်ကျောင်းသားများ ယဉ်ကျေးမှုနှင့် အားကစားလှုပ်ရှားမှုဆိုင်ရာ ကူမင်းရှိ ဖလှယ်ရက်သတ္တပတ်တို့၏ ဖွင့်ပွဲအခမ်းအနားကို ကူမင်းသိပ္ပံနှင့်နည်းပညာတက္ကသိုလ် (Kunming University of Science and Technology) ၌ ကျင်းပခဲ့သည်။ ၁၀ ရက်ကြာ ဆက်လက်ကျင်းပသည့် လှုပ်ရှားမှုများတွင် တရုတ်၊ ဘင်္ဂလားဒေ့ရှ်နှင့် ကမ္ဘောဒီးယား အပါအဝင် နိုင်ငံနှင့် ဒေသ ၁၁ ခုမှ တက္ကသိုလ်နှင့် ကောလိပ် ၁၈ ခုမှ ဆရာနှင့် ကျောင်းသား အယောက်ပေါင်း ၅၇၀ ကျော်သည် အမျိုးသားဘောလုံး၊ ဘော်လီဘောနှင့် ကြက်တောင် အပါအဝင် ပြိုင်ပွဲ အမျိုးအစားကြီး ၃ မျိုးထဲမှ အမျိုးအစားသေး ၇ မျိုးတွင် ပါဝင်ယှဉ်ပြိုင်မည့်အပြင် ယဉ်ကျေးမှုဖလှယ်ခြင်းနှင့် ကွင်းဆင်းလေ့လာခြင်းဆိုင်ရာ လှုပ်ရှားမှုထဲတွင်လည်း ပါဝင်မည် ဖြစ်သည်။
ဤလှုပ်ရှားမှုသည်လည်း ၆ ကြိမ်မြောက် တောင်အာရှနှင့် အရှေ့တောင်အာရှ ပညာရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကူမင်းဖိုရမ်၏ လှုပ်ရှားမှုစီးရီးထဲမှ တစ်ခု ဖြစ်ပြီး ယခုအချိန်အထိ ၅ ကြိမ်တိုင်တိုင် အောင်မြင်စွာ ကျင်းပခဲ့ပြီ ဖြစ်၍ ဒေသတွင်း၌ နာမည်ကောင်း ရှိသည်။ "အပြည့်ဝဆုံး အားမာန်နဲ့ ကြိုးကြိးစားစား ပါဝင်ယှဉ်ပြိုင်ပြီး ကိုယ့်ကိုကိုယ် ကျော်လွန်ရမယ်" ဟု အားကစားသမား ကိုယ်စားလှယ်ဖြစ်သူ၊ လာအိုနိုင်ငံ Souphanouvong တက္ကသိုလ်မှ ကျောင်းသား ရှင်ဆနတ်ဖုန်မာလိက ပြောဆိုခဲ့သည်။ "ဒီပြိုင်ပွဲဟာ ဘာသာစကား အတားအဆီးတွေကို ကျော်လွှားပြီး နိုင်ငံအသီးသီးက လူငယ်ကျောင်းသားတွေကို အတူတကွ ယှဉ်ပြိုင်စေပြီး အချင်းချင်း သူငယ်ချင်းဖြစ်စေပါတယ်၊ အနာဂတ်မှာ ယူနန်ပြည်နယ်က ကျောင်းသူကျောင်းသားတွေလည်း လာအိုနိုင်ငံစတဲ့ တောင်အာရှနဲ့ အရှေ့တောင်အာရှနိုင်ငံတွေကို သွားပြီး ယဉ်ကျေးမှုနဲ့ အားကစားဆိုင်ရာ ဖလှယ်ရေးကို လုပ်ဆောင်နိုင်မယ်လို့ မျှော်လင့်ပါတယ်"ဟု ကြက်တောင်ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် ကူမင်းသိပ္ပံနှင့်နည်းပညာတက္ကသိုလ်မှ လာအိုပညာတော်သင် လီဝေက ပြောဆိုခဲ့သည်။
昆明信息港讯(昆明日报 记者余苏晏)10月16日,第四届澜沧江—湄公河大学生友好运动会暨第六届南亚东南亚国家大学生文化体育昆明交流周开幕式在昆明理工大学举行。在为期10天的活动中,来自中国、孟加拉国、柬埔寨等11个国家和地区的18所高校570余名师生,将参加包括男子足球、排球和羽毛球等3个大项7个小项的比赛及文化交流考察活动。
据介绍,此项活动也是第六届南亚东南亚教育合作昆明论坛的系列活动之一,至今已成功举办5届,在区域内享有良好的声誉。外国运动员代表、老挝苏发努冯大学学生辛萨纳·峰马立说:“我们将以最饱满的精神状态参加比赛,努力拼搏、超越自我。”来自昆明理工大学环境与工程学院的老挝留学生李伟将参加羽毛球赛项的比拼,他表示,活动跨越了语言限制,让各国青年学生同场竞技,成为朋友。希望将来云南的同学们也能去老挝等南亚东南亚国家进行文化体育交流。
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
- ၁၇ ကြိမ်မြောက် တရုတ် ကူမင်း နှစ်သစ်ကူးကုန်စည်ပြပွဲကို ကျင်းပနေ
- ယူနန်ပြည်နယ် တာ့လီမြို့တွင် ပထမဆုံး နိုင်ငံတကာ တိုက်ရိုက်လေကြောင်းလိုင်းကို ဖွင့်လှစ်
- ယူနန်ပြည်နယ်မှ ပြည်သူများသည် ကျီးဇူစန်းတောင်သို့ အခမဲ့ လည်ပတ်ကြည့်ရှုနိုင်
- Lucky Air သည် ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ကူမင်း-ဗီယင်ကျန်း နိုင်ငံတကာ လေကြောင်းလိုင်းသစ်ကို စတင်ဖွင့်လှစ်
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- အရှေ့တောင်အာရှ ကုန်ပစ္စည်းကလေးများသည် ကူမင်းမြို့ရှိ "နှစ်သစ်ကူးကုန်စည်ပြပွဲ"တွင် ရေပန်းစားနေ
- "ရထားလမ်း ဖွင့်လှစ်တာနဲ့အမျှ အားလုံး အရှိန်တိုးလာနေတယ်" ဟု ဟွန်ကျွင့်ကျယ်က ပြောဆိုခဲ့
- တရုတ်-လာအို ရထားလမ်းနှင့် မိုဟန်ဆိပ်ကမ်းတို့သည် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြု
- တရုတ်-လာအို ရထားလမ်းကို မှီခိုပြီး မိုဟန်မြို့နယ်သည် ဖွံ့ဖြိုးတိုးတက်မှုရလဒ်များ ရရှိ