တရုတ်-လာအိုနှင့် တရုတ်-ဗီယက်နမ် ရထားလမ်းများမှ နိုင်ငံတကာ အအေးထိန်းကုန်တင်ရထား နှစ်ခုလုံးသည် စတင်ပြေးဆွဲ
2023-10-17 17:31|
(ရောင်စုံတိမ်တံတား၊ ခင်ခင်) အောက်တိုဘာလ ၁၆ ရက်နေ့ နံနက်ပိုင်းတွင် ယူနန်ထွက် ဘရိုကိုလီ၊ မုန်ညင်းဖြူနှင့် သလဲသီးစသည့် အထူးအသီးအနှံများနှင့် ဟင်းသီးဟင်းရွက်များကို အပြည့်တင်ဆောင်ထားသည့် အအေးထိန်းကုန်တင်ရထား နှစ်စီးသည် ယူနန်ပြည်နယ် ယုရှီးမြို့ရှိ ရမ်ဟယ်ဘူတာရုံမှ တစ်ချိန်တည်း ထွက်ခွာခဲ့ကြပြီး နောက်တစ်ရက်တွင် လာအိုနိုင်ငံ ဗီယင်ကျန်းမြို့နှင့် ဗီယက်နမ်နိုင်ငံ လောင်ကိုင်မြို့သို့ ခွဲခြားရောက်ရှိမည် ဖြစ်၍ ၄င်းသည် တရုတ်-လာအိုနှင့် တရုတ်-ဗီယက်နမ် ရထားလမ်းများမှ နိုင်ငံတကာ အအေးထိန်းကုန်တင်ရထားများသည် တရားဝင် စတင်လည်ပတ်ပြေးဆွဲခြင်းကို အမှတ်အသားပြုထားသည် ဖြစ်သည်။
တရုတ်-လာအို နိုင်ငံတကာ အအေးထိန်းကုန်တင်ရထားသည် တရုတ်-လာအို ရထားလမ်းကို အားကိုးပြီး ထုလုပ်သည် ဖြစ်၍ ယူနန်ပြည်နယ် ကူမင်းမြို့၊ ယုရှီးမြို့နှင့် လာအိုနိုင်ငံ ဗီယင်ကျန်းမြို့အကြားမှ အသွားအပြန် ပြေးဆွဲခြင်းကို အကောင်အထည်ဖော်ကာ ခရီးစဉ်တစ်ခုလုံးမှာ ၂၆ နာရီကြာ လိုအပ်သည်။ တရုတ်-ဗီယက်နမ် နိုင်ငံတကာ အအေးထိန်းကုန်တင်ရထားသည် ကူမင်း-ယုရှီး-ဟယ်ခုတ် ရထားလမ်းနှင့် တရုတ်-ဗီယက်နမ် တစ်မီတာရထားလမ်း (Metre-gauge railway)တို့ကို အားကိုးပြီး ထုလုပ်သည် ဖြစ်၍ ယူနန်ပြည်နယ် ကူမင်းမြို့၊ ယုရှီးမြို့မှ ဗီယက်နမ်နိုင်ငံ လောင်ကိုင်မြို့သို့ တိုက်ရိုက်ရောက်ရှိခြင်းကို အကောင်အထည်ဖော်ကာ ခရီးစဉ်တစ်ခုလုံးမှာ ၂၀ နာရီကြာ လိုအပ်သည်။ တရုတ်-လာအိုနှင့် တရုတ်-ဗီယက်နမ် နိုင်ငံတကာ အအေးထိန်းကုန်တင်ရထားမှာ တရုတ်ပြည်တွင်း၌ ယူနန်ပြည်နယ်မှတစ်ဆင့် အတွင်းပိုင်းဒေသများနှင့် ချိတ်ဆက်ထားပြီး ပြည်ပ၌ တရုတ်-အင်ဒိုချိုင်းနား စီးပွားရေးစင်္ကြံနှင့် ချိတ်ဆက်ထားကာ ယူနန်ပြည်နယ်သည် "ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်ခု (One Belt One Road)" အရည်အသွေးမြင့် အတူတည်ဆောက်ရေးကို ဝန်ဆောင်ပေးရန်နှင့် ပါဝင်ရန်၊ အဆင့်မြင့် တံခါးဖွင့်မှုကို ချဲ့ထွင်ရန် တံတားအား ခင်းကျင်းထားပြီး သစ်လွင်သော သက်ဝင်အားများ တိုးဖြည့်ပေးသည် ဖြစ်သည်။
တရုတ်-လာအိုနှင့် တရုတ်-ဗီယက်နမ် နိုင်ငံတကာ အအေးထိန်းကုန်တင်ရထားများ လည်ပတ်အစအဦးကာလတွင် ကူမင်းမှ ဗီယင်ကျန်းသို့ တစ်ရက်စီ ၁ စီး ပြေးဆွဲမည် ဖြစ်ပြီး ကူမင်းမှ လောင်ကိုင်သို့ တစ်ပတ်စီ ၁ စီး ပြေးဆွဲမည် ဖြစ်ကြောင်း၊ ရထားလမ်းဌာနသည် ဖောက်သည်များ၏ လိုအပ်ချက်များအရ ရထားလည်ပတ်မှု အကြိမ်ရေကို အခါမလပ် ပြန်လည်စီမံမည်ဖြစ်ကြောင်း သိရှိရပါသည်။
昆明信息港讯 记者上官艳君 10月16日上午,两列满载着云南西兰花、白菜、石榴等特色果蔬的冷链班列,同时从云南省玉溪市研和站驶出,1天后将分别抵达老挝万象和越南老街,这标志着中老、中越铁路国际冷链货运班列正式开通运营。
中老国际冷链货运班列依托中老铁路打造,实现云南昆明、玉溪至老挝万象双向对开,全程运行26小时;中越国际冷链货运班列依托昆(明)玉(溪)河(口)铁路、中越米轨铁路打造,实现云南昆明、玉溪至越南老街一站式直达,全程运行20小时。中老、中越国际冷链货运班列对内通过云南连通内陆,对外连通中国—中南半岛经济走廊,为云南服务和融入高质量共建“一带一路”、扩大高水平对外开放搭建了桥梁,注入了新的活力。
据悉,中老、中越国际冷链货运班列运营初期,昆明至万象每天1列,昆明至老街每周1列,铁路部门将根据客户需求,动态调整班列开行频次,满足客户需求。
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
- China Southern Airlines သည် တာ့လီ-ချန်ရှား-တာ့လျန် လေကြောင်းလိုင်းသစ်ကို ဖွင့်လှစ်ခဲ့
- မာလူထန် အထူးတံတားကြီး ချိတ်ဆက်လိုက်ပြီဖြစ်ရာ ထျန်းပေါင်-မာလီပို အမြန်လမ်းမကြီး၏ အဓိကလမ်းကြောင်း ပြီးစီး
- ကူမင်း ချန်ချုံတောင်တွင် ကြိုပို့ရန်တက္ကစီများ ရှိနေပြီ ဖြစ်၍ ၂၄ နာရီ စဉ်ဆက်မပြတ် ပြေးဆွဲ
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ ကူမင်းမြို့၌ ဖွင့်လှစ်ကျင်းပ
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- တရုတ်-လာအို ရထားလမ်းမှ ပို့ဆောင်သည့် ကုန်စည်အမျိုးအစား ၃,၉၀၀ ကျော်အထိရှိလာ
- ကူမင်း-ရန်ကုန် ကုန်တင်လေယာဉ်လမ်းကြောင်းကို တရားဝင် ပြန်လည်စတင်ပျံသန်း
- မြန်မာ့ကျောက်စိမ်းပြပွဲ တရုတ်-မြန်မာ နယ်စပ်ဒေသ ရွှေလီမြို့တွင် လေလံစတင်
- "ကျိန့်ဟော်" ရထား ဖွင့်လှစ်ပြေးဆွဲခြင်း တစ်နှစ်ပြည့်၊ နယ်စပ်ဖြတ်ကျော် ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်း ချောမွေ့စွာ လည်ပတ်လျက်ရှိ








