ပထမအကြိမ် ကမ္ဘာ့"ရှန်ဂရီလာ" ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးပွဲကို အောက်တိုဘာလ ၂၉ ရက်နေ့တွင် ကွင်းဖွင့်မည်

2023-10-16 14:49|ရောင်စုံတိမ်တံတား

(ရောင်စုံတိမ်တံတား လဲ့ရွှေရည်တီချင့် တိဗက်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ခွဲ၌ အောက်တိုဘာလ ၂၉ ရက်နေ့တွင် ပထမအကြိမ် ကမ္ဘာ့"ရှန်ဂရီလာ" ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးပွဲကို ကျင်းပမည်ဖြစ်၍ ကမ္ဘာ့"ရှန်ဂရီလာ" ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးပွဲဆိုင်ရာ အမှတ်တံဆိပ်ကို ထုလုပ်ပြီး တီချင့်ပြည်နယ်ခွဲကို ကမ္ဘာအဆင့် ခရီးသွားနေရာတစ်ခု တည်ဆောက်ရန် ကူညီပေးမည် ဖြစ်သည်။

1

ဤအကြိမ် ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးပွဲတွင် ကြီးကျယ်ခမ်းနားသော ဖွင့်ပွဲအခမ်းအနားကို ကျင်းပပြီး "အိပ်မက်၊ ကမ္ဘာ့ရှန်ဂရီလာ" ဟူသော သမိုင်းဝင် အမျိုးသား အဆိုအကဇာတ်ကို ပထမဦးဆုံး တင်ဆက်ပြသ၍ ယူနန်ပြည်နယ် အနောက်မြောက်ပိုင်းဒေသတွင် ခရီးသွားလုပ်ငန်းများကို အရည်အသွေးမြင့်မားစွာ ပြောင်းလဲစေရန်နှင့် အဆင့်အတန်းတိုးလာစေရန် တာ့လီ၊ လစ်ကျန်းနှင့် တီချင့် တို့သည် ပူးတွဲပြီး ပိုမိုလျင်မြန်စွာ တွန်းအားပေးသည့် ပထမအကြိမ် ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရေး ပူးတွဲအစည်းအဝေးကို ကျင်းပ၍ ကမ္ဘာ့"ရှန်ဂရီလာ" ကို လည်ပတ်ကြည့်ရှုရန် ခရီးသွားကျွမ်းကျင်သူ ၁၀၀ ခန့်ကို ဖွဲ့စည်၍ ပေါများကြွယ်ဝသော ယဉ်ကျေးမှုခံစားချက်နှင့် တင်ဆက်ပြသလှုပ်ရှားမှု အမျိုးမျိုးကို ကျင်းပမည်ဖြစ်ကာ ကမ္ဘာ့"ရှန်ဂရီလာ" ကို အဆင့်များစွာနှင့် ရှုထောင့်အပြည့်ဖြင့် ပြသခြင်း၊ ရှင်းပြခြင်းနှင့် ထုတ်ယူဆင်ခြင်ခြင်းတို့ကို ဆောင်ရွက်မည်ဖြစ်ကာ ၄င်း၏ သဘာဝအလှ၊ လူမှုရေးအလှနှင့် ပြေပြစ်မှုအလှများကို ပြသပြီး တီချင့်ပြည်နယ်ခွဲ၏ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေး အမှတ်တံဆိပ်များ၏ အနက်အဓိပ္ပယ်ကို ပေါများကြွယ်ဝစေမည် ဖြစ်သည်။

2

တီချင့်ပြည်နယ်ခွဲ၌ ဆောင်းဦးရာသီအတွင်း ခရီးသွားလုပ်ငန်းများကို ပိုမိုကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် တီချင့်ပြည်နယ်ခွဲ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေး ဦးစီးဌာနသည် "ခရီးသည်များကို ဗဟိုပြုခြင်း"ဖြင့် LY.COM၊ တီချင့်ပြည်နယ်ခွဲရှိ အဓိက ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးလုပ်ငန်းကုမ္ပဏီများနှင့် လုပ်ငန်းအဖွဲ့များ စသည်တို့နှင့် ပူးတွဲပြီး ဆောင်းဦးရာသီအတွင်း ခရီးသွားရာတွင် "ဆောင်းရာသီတွင် ရှန်ဂရီလာသို့ လည်ပတ်ကြည့်ရှုခြင်း"ဆိုင်ရာ ဦးစားပေးဆောင်ရွက်ချက်များကို အတူတူတင်ပြခဲ့သည်ဖြစ်ကာ ထိုအခါရောက်လျှင် ပြည်သူလူထုများ၏ စားသုံးသည့် စိတ်အားထက်သန်မှုများကို လှုံ့ဆော်ပေးသည့်အတွက် ပြည်တွင်းပြည်ပ ခရီးသည်များသို့ အဖိုးတန် အယွမ် ၁၀ သန်းရှိသည့် "ဆောင်းရာသီတွင် ရှန်ဂရီလာသို့ လည်ပတ်ကြည့်ရှုခြင်း" စားသုံးမှုလက်မှတ်များကို ထုတ်ပေးမည်ဖြစ်သည်။

3

ထို့ပြင်၊ တီချင့်ပြည်နယ်ခွဲ ကုန်သွယ်ရေးဦစီးဌာနသည် ၂၀၂၃ ခုနှစ် အောက်တိုဘာလမှ ဒီဇင်ဘာလအထိ ပြည်နယ်ခွဲတစ်ခုလုံး၌ "အစားအသောက်များဖြင့် တီချင့်ပြည်နယ်ခွဲကို အကျိုးရရှိစေခြင်း" ဟူသော ခေါင်းစဉ်ဖြင့် အစားအသောက် အရောင်းမြှင့်တင်စေရေး လှုပ်ရှားမှုနှင့် "ရှန်ဂရီလာ၌ ပျော်ပျော်ပါးပါး ဝယ်ယူခြင်း" ဟူသော ခေါင်းစဉ်ဖြင့် စားသုံးမှုလက်မှတ်များ ထုတ်ပေးခြင်း လှုပ်ရှားမှုများကိုလည်း ကျင်းပမည်ဖြစ်၍ စားသုံးမှု ကိန်းဝပ်စွမ်းအားများကို တစ်ဆင့်တိုးပြီး တူးဖော်ရန် စားသုံးမှု သက်ဝင်အားများကို ထုတ်လွှတ်ရန် စားသုံးမှု အတိုင်းအတာကို တိုးချဲ့ရန် ပြည်နယ်ခွဲတစ်ခုလုံးရှိ လက်ကား၊ လက်လီ၊ အစားအသောက်နှင့် တည်းခိုနေထိုင်ရေး လုပ်ငန်းကုမ္ပဏီများ၏ လုပ်ငန်းလည်ပတ်မှု ဝင်ငွေကို တည်ငြိမ်စွာ တိုးတက်လာစေရန် ရည်ရွယ်ချက်များ ရှိကြသည်။


迪庆藏族自治州将于10月29日举办首届世界的“香格里拉”文化旅游节,打造世界的“香格里拉”文化旅游节品牌,助推迪庆州建设世界级旅游目的地。

1

据介绍,本次文化旅游节将举办盛大的开幕式,首演民族歌舞史诗剧《梦·世界的香格里拉》,举办大理丽江迪庆联合加快推动滇西北旅游高质量转型升级第一次协作联席会,组织百位旅游达人探访世界的“香格里拉”以及开展各类丰富的文化体验和展演活动,多层次、全维度展现、解读、演绎世界的“香格里拉”,展现其自然之美、人文之美、和谐之美,丰富迪庆文化旅游品牌内涵。

2

为了更好地促进迪庆冬季旅游的发展,迪庆州文化和旅游局以“游客为中心”,携手联合同程旅行、迪庆州主要文旅企业、行业协会等,在冬季旅游期间共同推出“冬游香格里拉”系列优惠政策,届时将面向国内外游客发放价值1000万元的“冬游香格里拉”消费券,激发广大群众的消费热情。

3

此外,迪庆州商务局将在2023年10月至12月在全州开展以“食惠迪庆”为主题的餐饮促消费活动和以“悦购香格里拉”为主题的消费券发放活动,进一步挖掘消费潜力,释放消费活力,扩大消费规模,促进全州批发、零售、餐饮、住宿企业营业收入平稳增长。

အယ်ဒီတာ: ခင်ခင် တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73ကျပ်