၂၀၂၃ ခုနှစ် ကူမင်း ကုန်းပြင်မြင့် ထက်ဝက်မာရသွန်အပြေးပြိုင်ပွဲကို အောက်တိုဘာလ ၂၂ ရက်နေ့တွင် ကျင်းပမည်
2023-09-28 16:16|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) ၂၀၂၃ ခုနှစ် ကူမင်း ကုန်းပြင်မြင့် ထက်ဝက်မာရသွန်အပြေးပြိုင်ပွဲကို အောက်တိုဘာလ ၂၂ ရက်နေ့တွင် ကူမင်းမြို့အဆင့် စီမံအုပ်ချုပ်ရေးစင်တာရှိ ကူမင်းစည်းဝေးခန်းမရှေ့၌ စတင်ကျင်းပမည်ဖြစ်၍ အခုအချိန်တွင် ပြိုင်ပွဲအတွက် နာမည်စာရင်းပေးသွင်းသည့် လမ်းကြောင်းကို ဖွင့်လှစ်ခဲ့ပြီဖြစ်၍ အချိန်သည် စက်တင်ဘာလ ၂၅ ရက်နေ့ ၁၄ နာရီမှ အောက်တိုဘာလ ၈ ရက်နေ့ ၂၄ နာရီအထိ ဖြစ်သည်။
ယူနန်ပြည်နယ် အားကစားဦးစီးဌာနနှင့် ကူမင်းမြို့ ပြည်သူ့အစိုးရတို့ ဦးစီးကျင်းပသည့် ကူမင်း ကုန်းပြင်မြင့် ထက်ဝက်မာရသွန်အပြေးပြိုင်ပွဲသည် ယခုနှစ်တွင် ၄င်း၏ ၁၀ နှစ်ပြည့် မွေးနေ့ကို ကြိုဆိုလာသည် ဖြစ်သည်။ ပထမအကြိမ်တွင် လူအယောက် ၅ ထောင် ပါဝင်ခြင်းမှ လက်ရှိတွင် လူအယောက် ၁.၅ သောင်း ပါဝင်ခြင်းအထိ၊ ၄င်း၏ အတိုင်းအတာသည် အဆက်မပြတ် တိုးချဲ့လာပြီး သြဇာလွှမ်းမိုးမှုသည်လည်း အဆက်မပြတ် တိုးလာ၍ လူထောင်ပေါင်းများစွာကို အပြေးပြိုင်ပွဲထဲတွင် ပါဝင်စေပြီး သူတို့ကို ခြေလှမ်းများဖြင့် နွေဦးမြို့၏ အလှများအား တိုင်းတာစေလျက်ရှိသည်။
ဤအကြိမ်ပြိုင်ပွဲတွင် ထက်ဝက်မာရသွန်အပြေးပြိုင်ပွဲ (လူအယောက် ၆ ထောင်)၊ ၁၀ ကီလိုမီတာရှည်သည့် ပျော်ပျော်ရွှင်ရွှင်ပြေးခွဲခြင်း (လူအယောက် ၆ ထောင်)၊ မိဘနှင့် ကလေးများ အတူတူ ပြေးခွဲခြင်း (လူအယောက် ၃ ထောင်) ဟူသော အဖွဲ့ ၃ ဖွဲ့ကို စီစဉ်မည်ဖြစ်၍ နာမည်စာရင်းပေးသွင်းခမှာ တစ်ဦးလျှင် အယွမ် ၁၅၀၊ အယွမ် ၁၀၀ နှင့် အယွမ် ၆၀ ကို ခွဲခြားစီစဉ်ထားသည်။ "ကူမင်း ကုန်းပြင်မြင့် ထက်ဝက်မာရသွန်အပြေးပြိုင်ပွဲ" ၏ တရားဝင်ဝဘ်ဆိုဒ် (http://kmmarathon.saihuitong.com/)၊ ဤပြိုင်ပွဲ၏ နာမည်စာရင်းပေးသွင်းရန် ပူးပေါင်းဆောင်ရွက်သည့် တရားဝင်ပလက်ဖောင်း ဖြစ်သည့် "数字心动" နှင့် "马拉马拉"App တို့မှ နာမည်စာရင်း ပေးသွင်းနိုင်သည် ဖြစ်သည်။
昆明信息港讯 2023昆明高原半程马拉松将于10月22日在市级行政中心昆明会堂前鸣枪起跑,目前赛事报名通道已开启,时间为9月25日14时至10月8日24时。
由云南省体育局、昆明市人民政府主办的昆明高原国际半程马拉松,今年迎来十岁生日。从首届5000人参赛,到如今15000人参赛,规模不断扩大,影响力也不断扩大,带动千千万万的人加入奔跑的行列,用脚步丈量春城之美。
本届赛事设半程马拉松(6000人)、10公里乐跑(6000人)、亲子跑(3000人)三个组别,报名费分别为150元/人、100元/人、60元/人。可通过“昆明高原国际半程马拉松”官方网站(http://kmmarathon.saihuitong.com/)及赛事官方报名合作平台“数字心动”、“马拉马拉”App报名。
အယ်ဒီတာ: ခင်ခင် တာဝန်ခံအယ်ဒီတာ: Xu Ting
- ကျောက်ဇီတောင်တွင် ဇလပ်နီပန်း ယဉ်ကျေးမှု ခရီးသွားပွဲတော်ကို ကျင်းပမည်
- ၉ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို ဇွန်လ ၁၉ ရက်နေ့မှ ၂၄ ရက်နေ့အထိ ကူမင်းမြို့၌ ကျင်းပမည်
- အမှည့်စောသော ဘေဘာရီသီးများသည် ဈေးကွက်တွင် စတင်ရောင်းချခဲ့
- ခေါင်းနီစင်ရော်များသည် နွေရာသီအမွေးကို ပြောင်းလဲဝတ်ဆင်ထား၍ စတင်ပြန်သွားနေကြ
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- မေဒေး အားလပ်ရက်အတွင်း ရွှေလီဆိပ်ကမ်းတွင် ပြည်ဝင်ပြည်ထွက် သွားလာမှု ပမာဏသည် အကြိမ်ရေ ၇.၅၉ သောင်းအထိ ရောက်ရှိခဲ့
- မဟာမဲခေါင်ဒေသခွဲရှိ တရုတ်-လာအို-ကမ္ဘောဒီးယား နယ်စပ်ဖြတ်ကျော် တိုက်ရိုက် သယ်ယူပို့ဆောင်ရေး စတင်
- ယူနန်ပြည်နယ်မှ Tachysurus fulvidraco များကို ထိုင်းနိုင်ငံသို့ ပထမဦးဆုံး တင်ပို့ခဲ့
- တရုတ်နိုင်ငံ ယူနန်ပြည်နယ်- ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့ အထူးထုတ်ကုန်မိတ်ဆက်ပွဲကို ကျင်းပခဲ့