တရုတ်နှင့် အရှေ့တောင်အာရှ ဒစ်ဂျစ်ဒယ်အနုပညာပြပွဲကို ကူမင်းမြို့တွင် ကျင်းပနေ
2023-09-22 18:03|
(ရောင်စုံတိမ်တံတား၊ ခင်ခင်) စက်တင်ဘာလ ၅ ရက်နေ့တွင် အကြီးစားသော "အမွှေးအကြိုင်မင်းသမီး"၏ ပြသခြင်းနှင့်အတူ "ဆိုင်ဟွမ့်နန်ယွင်- တရုတ်နှင့် အရှေ့တောင်အာရှ ဒစ်ဂျစ်ဒယ်အနုပညာပြပွဲ"ကို ယူနန်ပြည်နယ်ပြတိုက်၌ တရားဝင် စတင်ကျင်းပခဲ့သည်။ အဖွဲ့အစည်း အခု ၁၀ ကျော်နှင့် တရုတ်ပြည်တွင်းပြည်ပ အနုပညာရှင် အယောက် ၄၀ ကျော်၏ လက်ရာ အခု ၃၆၀ ကျော်ကို ခင်းကျင်းပြသထားသည်။ ၎င်းအနက် ကမ္ဘာကျော် မလေးရှား ဒစ်ဂျစ်ဒယ်အနုပညာရှင် Zeen Chin ၏ လက်ရာများနှင့် "The Wandering Earth" ရုပ်ရှင်၏ Visual effects အလုပ်ခန်း ဖြစ်သည့် မို့ကျင့်ထျင်းဟယ်၏ လက်ရာများကို ပထမအကြိမ် အတိအလင်း ပြသသည် ဖြစ်သည်။
ဤပြပွဲတွင် "အတူယှဉ်တွဲ၍ တည်ရှိခြင်း- သိပ္ပံပညာနှင့် အနုပညာ တွေ့ဆုံခြင်း"၊ "အဆန်းထွင်ခြင်း- ရုပ်ပုံမှ ကမ္ဘာသို့"၊ "ချိတ်ဆက်မှု- ဒစ်ဂျစ်ဒယ် အနုပညာဖြင့် နည်းလမ်းအဖြစ် အသုံးပြုခြင်း"နှင့် "ပြန်လည်ပုံသွန်းခြင်း- စက်ကရိယာအပေါ် ပြည်လည်ဘန်းစစ်ခြင်း" ဟူသော အပိုင်း ၄ ပိုင်းကို ခွဲခြားစီစဉ်ထား၍ နောက်ဆုံးပေါ် ဒစ်ဂျစ်ဒယ် တွက်ချက်အနုပညာနှင့် AI အနုပညာလက်ရာများကို ပြသထား၍ ၎င်း၏ ထူးခြားသော ဆန်းသစ်တီထွင်နိုင်ခြင်းနှင့် တွန်းလှန်ဖြိုဖျက်နိုင်ခြင်းတို့ဖြင့် အနာဂတ်အနုပညာအပေါ် စဉ်းစားစေရန် နှိုးဆော်ကာ ဒစ်ဂျစ်ဒယ်အနုပညာမှာ ရိုးရာယဉ်ကျေးမှုများတွင် အမွေဆက်ခံသည့် အတိုင်းမသိသော ဖြစ်နိုင်မှုများအကြောင်းကို ဖော်ပြသည်။ ထို့ပြင် ယူနန်ပြည်နယ်ပြတိုက်သည်လည်း သိမ်းဆည်းထားသော ရှေးဟောင်းယဉ်ကျေးမှုပစ္စည်းများနှင့် ဒစ်ဂျစ်ဒယ်အနုပညာတို့၏ ရောနှောပေါင်းစပ်မှုကို စမ်းသပ်ပြုလုပ်မည် ဖြစ်၍ အချိန်နှင့် နေရာများ ဖြတ်ကျော်နိုင်သည့် အပြန်အလှန် စကားပြောခြင်းနှင့် ရောနှောပေါင်းစပ်ခြင်းတို့ကို အကောင်အထည်ဖော်မည် ဖြစ်သည်။
ဤပြပွဲတွင် ပါဝင်သည့် အနုပညာရှင်များသည် တရုတ်၊ မလေးရှား၊ ဘင်္ဂလားဒေ့ရှ်နှင့် ထိုင်း စသည့် နိုင်ငံများမှ လာသည် ဖြစ်ကြောင်း ယူနန်အနုပညာသင်ကျောင်း ဒီဇိုင်းကောလိပ်မှ ဌာနမှူးဖြစ်သူ ဝမ့်ဖန်က မိတ်ဆက်ပေးခဲ့သည်။ "ယူနန်ပြည်နယ်ဟာ တောင်အာရှနဲ့ အရှေ့တောင်အာရှ မျက်နှာမူတဲ့ ဖြာထွက်မှုစင်တာကို တည်ဆောက်ချိန်မှာ အနုပညာနယ်ပယ်ဟာ ပထမဦးဆုံး တုံ့ပြန်သင့်တယ်။ ဒီလိုမျိုး ပြပွဲတွေ ကျင်းပခြင်းဖြင့် ယူနန်ပြည်နယ်ရဲ့ အနုပညာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကို ပြည်တွင်းမှာ တွဲဖက်ဆောင်ရွက်စေနိုင်ပြီး ပြည်ပမှာ တောင်အာရှနဲ့ အရှေ့တောင်အာရှကို ဖြာထွက်စေနိုင်တာ ဖြစ်ပြီး ယူနန်ပြည်နယ်ရဲ့ နယ်ခြားတည်နေရာကို တံခါးဖွင့်စင်တာရဲ့ ဗဟိုအားသာချက်အဖြစ် ပြောင်းလဲစေလို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်" ဟု ဝမ့်ဖန်က ပြောကြားခဲ့သည်။
ဤပြပွဲသည် အခယူရမည့်ပြပွဲ ဖြစ်၍ ပုံမှန်လက်မှတ်ခမှာ ယွမ် ၃၀၊ ဦးစားပေးလက်မှတ်ခမှာ ၁၈ ယွမ် ဖြစ်ကာ နိုဝင်ဘာလ ၃၀ ရက်အထိ ဆက်လက်ကျင်းပသွားမည် ဖြစ်သည်။
9月5日,在巨型“香料公主”的陪伴中,“彩焕南云——中国与东南亚数字艺术展”在云南省博物馆正式拉开帷幕。10余个参展机构,40余位中外艺术家的360余件展品与大家见面。其中,全球知名的马来西亚数字艺术家Zeen Chin(陈景辉)、电影“流浪地球”视觉特效工作室墨境天合的作品首次公开展出。
本次展览分为“共生:科学遇见艺术”“创造:从图像到世界”“连结:数字艺术作为方法”“重塑:机器之上的反思”四个单元,展出最前沿的数字算法艺术、人工智能(AI)艺术作品,以其独特的创新性和颠覆性,激发对未来艺术的思考,讲述数字艺术在传统文化中传承的无限可能。同时,云南省博物馆也将尝试馆藏文物与数字技术的结合,达成跨越时空的对话与融合。
云南艺术学院设计学院院长万凡介绍,本次参展艺术家覆盖了中国、马来西亚、孟加拉国、泰国等多个国家。“云南要建设面向南亚东南亚辐射中心,艺术应该率先响应。我们希望通过这样的展览,让云南艺术的发展能够对内协同,对外辐射南亚东南亚,把云南的边疆区位转变成开放平台的中心优势。”万凡说。
本次展览为收费展,正价票30元,优惠票18元。展览将持续至11月30日。(云南网 记者李熙临)
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
- ကျောက်ဇီတောင်တွင် ဇလပ်နီပန်း ယဉ်ကျေးမှု ခရီးသွားပွဲတော်ကို ကျင်းပမည်
- ၉ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို ဇွန်လ ၁၉ ရက်နေ့မှ ၂၄ ရက်နေ့အထိ ကူမင်းမြို့၌ ကျင်းပမည်
- အမှည့်စောသော ဘေဘာရီသီးများသည် ဈေးကွက်တွင် စတင်ရောင်းချခဲ့
- ခေါင်းနီစင်ရော်များသည် နွေရာသီအမွေးကို ပြောင်းလဲဝတ်ဆင်ထား၍ စတင်ပြန်သွားနေကြ
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- မေဒေး အားလပ်ရက်အတွင်း ရွှေလီဆိပ်ကမ်းတွင် ပြည်ဝင်ပြည်ထွက် သွားလာမှု ပမာဏသည် အကြိမ်ရေ ၇.၅၉ သောင်းအထိ ရောက်ရှိခဲ့
- မဟာမဲခေါင်ဒေသခွဲရှိ တရုတ်-လာအို-ကမ္ဘောဒီးယား နယ်စပ်ဖြတ်ကျော် တိုက်ရိုက် သယ်ယူပို့ဆောင်ရေး စတင်
- ယူနန်ပြည်နယ်မှ Tachysurus fulvidraco များကို ထိုင်းနိုင်ငံသို့ ပထမဦးဆုံး တင်ပို့ခဲ့
- တရုတ်နိုင်ငံ ယူနန်ပြည်နယ်- ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့ အထူးထုတ်ကုန်မိတ်ဆက်ပွဲကို ကျင်းပခဲ့