တရုတ်-လာအို ရထားလမ်း သယ်ယူပို့ဆောင်ရေးကွန်ရက်သည် "ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်သွယ်" အတူတည်ဆောက်ကြသည့် နိုင်ငံ ၁၂ ခုသို့ ဖြာထွက်ခဲ့

2023-09-22 17:32|ရောင်စုံတိမ်တံတား

(ရောင်စုံတိမ်တံတား မျိုးသူဇာကြော့ကူမင်းအကောက်ခွန်ရုံး၏ စာရင်းကောင်းယူခြင်းအရ ၂၀၂၃ ခုနှစ် သြဂုတ်လ ၃၁ ရက်နေ့အထိ ကူမင်းအကောက်ခွန်ရုံးသည် တရုတ်-လာအို ရထားလမ်းမှ သွင်းကုန်ပို့ကုန် စုစုပေါင်း တန်ချိန် ၅.၁၂၃၁ သန်း ပြည်ဝင်ပြည်ထွက်ရန် စောင့်ကြပ်ခွင့်ပြုခဲ့သည် ဖြစ်ကြောင်း သိရသည်။ တရုတ်-လာအို ရထားလမ်း သယ်ယူပို့ဆောင်ရေးကွန်ရက်သည် ပြည်တွင်း၌ ပြည်နယ် (ဒေသ၊ မြို့) ၃၁ ခုကို ချိတ်ဆက်ခဲ့ပြီ ဖြစ်၍ ပြည်ပ၌ လာအို၊ ထိုင်း၊ ကမ္ဘောဒီးယားနှင့် စင်ကာပူ စသည့် "ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်သွယ်"အတူတည်ဆောက်ကြသည့် နိုင်ငံ ၁၂ ခုသို့  ဖြာထွက်ခဲ့ပြီ ဖြစ်သည်။

စက်တင်ဘာလ ၁၂ ရက်နေ့ မနက်ပိုင်း ၁၀ နာရီတွင် စုစုပေါင်းတန်ဖိုး ယွမ် ၃.၁၅ သန်းကျော် ရှိသည့် သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များ၊ အီလက်ထရွန်းနစ်ပစ္စည်းများ၊ နေရောင်ခြည်စွမ်းအင်သုံးပစ္စည်းများ စသည့် ကုန်ပစ္စည်များကို အပြည့်တင်ဆောင်ထားသည့် တရုတ်-လာအို ရထားလမ်း "လန်ချန်း-မဲခေါင် အမြန်လမ်း" ကုန်တင်ရထား တစ်စီးသည် ကူမင်းအကောက်ခွန်ရုံး၏ လက်အောက်ခံ တျန်းကျုံးအကောက်ခွန်ရုံးမှ စောင့်ကြပ်စစ်ဆေးခဲ့ပြီးနောက် ကူမင်း ဝမ်ကျားယင်အနောက်ပိုင်းဘူတာရုံမှ ထွက်ခွာခဲ့ပြီး လာအိုနိုင်ငံသို့ ခုတ်မောင်းပြေးဆွဲသွားခဲ့သည်။ "ဒီကုန်ပစ္စည်းတွေက 'ရထားလမ်းရဲ့ အကောက်ခွန် အမြန်ရှင်းလင်းရေး' ပုံစုံဖြင့် ကုမ္ပဏီတွေက အနီးဆုံး ဒေသခံအကောက်ခွန်ရုံးမှာ သတင်းပို့ခြင်းနဲ့ စစ်ဆေးခြင်း စတဲ့ လုပ်ငန်းတွေကို ဆောင်ရွက်နိုင်ပြီး စစ်ဆေးရာ မူမမှန်မှုမရှိပြီးတော့ ခုတ်မောင်းပြေးဆွဲနိုင်တယ်။ မိုဟန်ရထားလမ်းဆိပ်ကမ်းကို ရောက်ရှိတာနဲ့အတူ 'တစ်ခုတည်းပြတင်းပေါက်'ဟာ ဆိုက်ရောက်ခြင်းသတင်းကို အလိုအလျောက် စတင်တင်ပို့နိုင်မယ်၊ အကောက်ခွန်ရုံးက manifest စနစ်မှာ သတင်းတင်ပို့ခြင်း ပုံမှန်ဖို့ အတည်ပြုပြီးတော့ ခုတ်မောင်းပြေးဆွဲဖို့ တိုက်ရိုက်ခွင့်ပြုနိုင်တယ်" ဟု ကူမင်းအကောက်ခွန်ရုံး၏ လက်အောက်ခံ မုန်လာ့အကောက်ခွန်ရုံး ရထားလမ်းဆိပ်ကမ်း စောင့်ကြပ်ရေးဌာန၏ တာဝန်ရှိသူက မိတ်ဆက်ပေးခဲ့သည်။

တရုတ်-လာအို ရထားလမ်း ဖွင့်လှစ်လည်ပတ်ပြီးနောက် ကူမင်းအကောက်ခွန်ရုံးသည် အဆင့်အတန်းမြင့်မာစွာ တံခါးဖွင့်ရန် ဝန်ဆောင်မှုပေးခြင်းကို ဗဟိုပြု၍ စီးပွားရေးပတ်ဝန်းကျင်ကို ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ချက် ၁၈ ပုဒ်ကို ထုတ်ပြန်ခဲ့၍ ကုမ္ပဏီများအတွက် အကောက်ခွန်ရှင်းလင်းရေး လွယ်ကူလျင်မြန်အောင် ဆောင်ရွက်ချက် ၁၃ ပုဒ်ကို ရေးဆွဲချမှတ်ခဲ့၍ "တစ်သားတည်း အကောက်ခွန်ရှင်းလင်းရေး" နှင့် "ရထားလမ်းရဲ့ အကောက်ခွန် အမြန်ရှင်းလင်းရေး" စသည့် လုပ်ပုံလုပ်နည်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကို ပိုမိုနက်ရှိုင်းစွာ ဆောင်ရွက်ခဲ့သည့်အပြင် စမတ်အကောက်ခွန်ရုံး တည်ဆောက်မှုကို တက်ကြွစွာ ရှေ့တိုးခဲ့၍ ရထားလမ်း စသည့် ဌာနများနှင့် သတင်းအချက်အလက်များ အတူမျှဝေရန် အားဖြည့်ပေးခဲ့၍ အဆင့်မြင့်သိပ္ပံနည်းပညာ စောင့်ကြပ်စစ်ဆေးရေး ကိရိယာများ၏ အသုံးချမှုကို တိုးမြှင့်ခဲ့သည် ဖြစ်သည်။

တရုတ်-လာအို ရထားလမ်းဖြင့် ပို့ဆောင်သည့် ကုန်ပစ္စည်းအမျိုးအစားသည် တစ်နေ့တစ်ခြား ပေါများကြွယ်ဝလာပြီး ယူနန်ပြည်နယ်မှ ဟင်းသီးဟင်းရွက်နှင့် မိုးဆန်းပန်းများ၊ စီချွမ်းပြည်နယ်မှ လျှပ်စစ်စက်ပစ္စည်းများ၊ ချုံချင့်မြို့မှ မော်တော်ယာဉ် အစိတ်အပိုင်းပစ္စည်များ စသည်တို့ကို တရုတ်-လာအို ရထားလမ်း နိုင်ငံတကာ ကုန်တင်ရထားမှတစ်ဆင့် အာဆီယံနိုင်ငံများသို့ သယ်ယူပို့ဆောင်၍ အာစီယံနိုင်ငံများမှ သတ္တုတွင်းပစ္စည်းများ၊ သစ်သီးဝလံများ စသည့် ထူးခြားချက်ရှိ ထုတ်ကုန်ပစ္စည်းများသည် တရုတ်ဈေးကွက်သို့ အဆက်မပြတ် ဝင်ရောက်သည် ဖြစ်ကြောင်း သိရှိရခဲ့ပါသည်။ ဆစ်ဆောင်ပန်းနား လျောင်ဂူ အကောက်ခွန်ရုံးထံ သတင်းပို့ခြင်း ကုမ္ပဏီလီမိတက်၏ တာဝန်ရှိသူက "တရုတ်-လာအို ရထားလမ်း စတင်ဖွင့်လှစ်ပြီးတော့ ထိုင်းနိုင်ငံရဲ့ ဒူးရင်းသီးတွေဟာသီးခြံကနေ တရုတ်ပြည်တွင်းထံ သယ်ယူပို့ဆောင်ချိန်ကို မူလ ၅ ရက်က ၇ ရက်အထိ ကနေ အခု ၃ ရက်အထိ အတိုချုံစေပြီး ကုန်ကျစရိတ်ကို ရာခိုင်နှုန်း ၃၀ ကျော် ချွေတာစေပါတယ်"ဟု ပြောဆိုခဲ့ပါသည်။

据昆明海关统计,截至2023年8月31日,昆明海关累计监管验放中老铁路进出口货运总量达512.31万吨。中老铁路运输网对内已联通31个省(区、市),对外辐射至老挝、泰国、柬埔寨、新加坡等12个共建“一带一路”国家。

9月12日上午10时,一列满载总货值超315万元的果蔬、电子产品、光伏产品等货物的中老铁路“澜湄快线”货物列车,经昆明海关所属滇中海关监管验放后,驶出昆明王家营西站开向老挝。“这批货物采用‘铁路快通’模式,企业可就近在属地海关完成报关申报、查验等工作,查验无异常后即可发车。列车一到磨憨铁路口岸,‘单一窗口’就会自动触发运抵数据,海关在舱单系统确认数据传输正常后就可直接放行。”昆明海关所属勐腊海关铁路口岸监管科负责人介绍。

中老铁路开通运营以来,昆明海关围绕服务高水平对外开放,推出18条措施进一步优化营商环境,为企业量身定制了13项通关便利化措施,深化“通关一体化”“铁路快通”等业务模式改革,同时积极推进智慧海关建设,加强与铁路等部门的信息数据共享,推进高科技监管查验设备应用。

据介绍,中老铁路发送货物品类日益丰富,云南的蔬菜和鲜花、四川的机电产品、重庆的汽车配件等搭乘中老铁路国际货物列车运达东盟国家,东盟国家的矿产品、水果等特色产品也源源不断进入中国市场。西双版纳寮谷报关有限公司相关负责人说:“中老铁路开通后,泰国榴莲从果园到国内的运输时间从原来的5天至7天缩短至3天,成本节约超过30%。”(云南日报 记者刘子语 通讯员郭娟 南江露)

အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73ကျပ်