ယူနန်လုပ်ငန်းကုမ္ပဏီများသည် ၂၀ ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲတွင် ပါဝင်ခဲ့ကြ
2023-09-22 17:28|
(ရောင်စုံတိမ်တံတား၊ မျိုးသူဇာကြော့) စက်တင်ဘာလ ၁၇ ရက်နေ့တွင် ၂၀ ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲကို ကွမ်ရှီး ကျွမ့်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်နင်းမြို့၌ စတင်ကျင်းပခဲ့ပြီး ယူနန်ပြည်နယ်သည် ပြပွဲတွင် ပါဝင်ရန် ထူးခြားချက်လက္ခဏာရှိ လုပ်ငန်းကုမ္ပဏီတစ်ချို့ကို ဖွဲ့စည်းခဲ့ပါသည်။
နန်နင်း နိုင်ငံတကာပြပွဲ စင်တာရှိ ပြခန်း အမှတ် B1 ထဲမှ ယူနန်သရုပ်ပြသရေးဒေသတွင် မိုးဆန်းပန်းများဖြင့် ဝန်းရံထားသည့် "有一种叫云南的生活(ယူနန်ဟု ခေါ်သည့် ဘဝ တစ်မျိုးရှိခြင်း)" ဟူသော ဟန်စာလုံးများကို တွေ့မြင်နိုင်ပါသည်။
Yunnan State Farms Group Co., Ltd. ၏ ပြသရာနေရာရှေ့၌ "ဘာကျောင်ထင် (ကုမ္ပဏီတစ်ခုရဲ့ နာမည်)" လက်ဖက်ခြောက်များ၊ အခွံမာအသီးများ၊ "ယူခါ (အမှတ်တံဆိပ်တစ်ခု)" ကော်ဖီများနှင့် "အယ်ဟိုင်လျူရှန် (ဆန်တစ်မျိုး)" ဆန်မွှေးအပျော့ စသည့် ထုတ်ကုန်ပစ္စည်းများကို ခင်းကျင်းပြသထား၍ ၄င်းသည် ကြည့်ရှုသူ အများအပြားကို ဆွဲဆောင်ခဲ့ကြပါသည်။ သူသည် ကော်ဖီ၏ နှစ်သက်သူတစ်ဦး ဖြစ်၍ ယူနန်ပြည်နယ်မှလာသည့် ကော်ဖီများကို တွေ့လျှင် ၎င်းကို ဝယ်ပြီးနောက် အိမ်သို့ ယူဆောင်သွားပြီး မြည်းစမ်းကြည့်ရမည် ဖြစ်ကြောင်း ကြည့်ရှုသူဖြစ်သည့် မစ္စတာချန်က ပြောဆိုခဲ့ပါသည်။ ပိုများသော စားလုံးသူများကို ယူနန်ပြည်နယ်နှင့် ယူနန်ပြည်နယ်မှလာသည့် ထူးခြားချက်ရှိ ထုတ်ကုန်ပစ္စည်းများ သိရှိနားလည်နိုင်စေရန် တရုတ်-အာဆီယံ ကုန်စည်ပြပွဲတွင် ကုမ္ပဏီ၏ ထုတ်ကုန်အမှတ်တံဆိပ်များကို တစ်ဆင့်တိုး၍ ဝါဒဖြန့်မည် ဖြစ်၍ "ယူနန်ထုတ်ကုန်များ"ကို ယူနန်ပြညနယ်အတွင်းမှ ထွက်ခွာစေရန် တွန်းအားပေးမည် ဖြစ်ကြောင်း Yunnan State Farms Group Co., Ltd. ၏ ဝန်ထမ်းက ပြောကြားခဲ့ပါသည်။
"ဒီနှစ် သြဂုတ်လမှာ ကျွန်တော်တို့က တရုတ်-တောင်အာရှ ကုန်စည်ပြပွဲမှာ ပါဝင်ခဲ့ကြပြီး ဒီပြပွဲမှာ ကျွန်တော်တို့က ပြည်ပကုန်ကူးသမားတွေရဲ့ လိုအပ်ချက်တွေအတွက် နောက်ထပ် စုံစမ်းခြင်းနဲ့ သိရှိနားလည်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပါတယ်၊ အဲဒီအတွေ့အကြုံတွေက ကျွန်တော်တို့ တရုတ်-အာဆီယံ ကုန်စည်ပြပွဲမှာ ပါဝင်တဲ့အတွက် လေ့လာနိုင်ဖွယ်အနက်လဲ ရှိပါတယ်။" Yunnan Botanee Bio-Technology Group Co., Ltd သည် အရှေ့တောင်အာရှကို မျက်နှာမူသည့် ပထဝီဝင်အားသာချက်များ ရှိ၍ ဤသည် တရုတ်-အာဆီယံ ကုန်စည်ပြပွဲတွင် ပထမဆုံးအကြိမ် ပါဝင်ခဲ့သည် ဖြစ်၍ ဤပြပွဲမှတစ်ဆင့် ကုမ္ပဏီ၏ အမှတ်တံဆိပ်များကို တရုတ်နိုင်ငံမှ ထွက်ခွာစေပြီး ကမ္ဘာသို့ သွားရောက်စေနိုင်သည့် မျှော်လင့်ချက်ရှိကြောင်း Yunnan Botanee Bio-Technology Group Co., Ltd ၏ ဝန်ထမ်းက မိတ်ဆက်ပေးခဲ့ပါသည်။
昆明信息港综合整理 9月17日,第20届中国—东盟博览会(简称东博会)在广西壮族自治区南宁市开幕,云南省组织了一批特色企业参展。
在南宁国际会展中心B1展厅内的云南形象展示区,鲜花围绕着的“有一种叫云南的生活”字句映入眼帘。
在云南农垦集团有限责任公司展位前摆放着“八角亭”茶叶、坚果、“云啡”咖啡、“洱海留香”软香米等产品,吸引了不少参观者。观展者陈先生说,自己是咖啡爱好者,看到来自云南的咖啡一定要买回家尝尝。云南农垦集团工作人员表示,在东博会上将进一步宣传公司产品品牌,推动“云品”出滇,让更多消费者了解云南和来自云南的特色产品。
“今年8月,我们参加了中国—南亚博览会,南博会上我们进一步对海外客商的需求进行摸排和了解,这些经验对我们参与东博会也具有借鉴意义。”云南贝泰妮生物科技集团股份有限公司工作人员介绍,贝泰妮有面向东南亚地缘优势,这是贝泰妮第一次参加东博会,希望借助东博会让公司的品牌矩阵走出国门,走向世界。
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
- ၁၇ ကြိမ်မြောက် တရုတ် ကူမင်း နှစ်သစ်ကူးကုန်စည်ပြပွဲကို ကျင်းပနေ
- ယူနန်ပြည်နယ် တာ့လီမြို့တွင် ပထမဆုံး နိုင်ငံတကာ တိုက်ရိုက်လေကြောင်းလိုင်းကို ဖွင့်လှစ်
- ယူနန်ပြည်နယ်မှ ပြည်သူများသည် ကျီးဇူစန်းတောင်သို့ အခမဲ့ လည်ပတ်ကြည့်ရှုနိုင်
- Lucky Air သည် ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ကူမင်း-ဗီယင်ကျန်း နိုင်ငံတကာ လေကြောင်းလိုင်းသစ်ကို စတင်ဖွင့်လှစ်
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- အရှေ့တောင်အာရှ ကုန်ပစ္စည်းကလေးများသည် ကူမင်းမြို့ရှိ "နှစ်သစ်ကူးကုန်စည်ပြပွဲ"တွင် ရေပန်းစားနေ
- "ရထားလမ်း ဖွင့်လှစ်တာနဲ့အမျှ အားလုံး အရှိန်တိုးလာနေတယ်" ဟု ဟွန်ကျွင့်ကျယ်က ပြောဆိုခဲ့
- တရုတ်-လာအို ရထားလမ်းနှင့် မိုဟန်ဆိပ်ကမ်းတို့သည် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြု
- တရုတ်-လာအို ရထားလမ်းကို မှီခိုပြီး မိုဟန်မြို့နယ်သည် ဖွံ့ဖြိုးတိုးတက်မှုရလဒ်များ ရရှိ