ယူနန်-တိဗက် ရထားလမ်းမှ လိကျန်း-ရှန်ဂရီလာ လမ်းထောက်အပြည့် သံလမ်းလမ်းခင်းမှုလုပ်ငန်းသည် ပြီးဆုံးသွားခဲ့ပြီ
2023-09-21 15:10|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) စက်တင်ဘာလ ၁၉ ရက်နေ့တွင် ယူနန်-တိဗက် ရထားလမ်းမှ လိကျန်း-ရှန်ဂရီလာ လမ်းထောက်အပြည့် သံလမ်းလမ်းခင်းမှုလုပ်ငန်းသည် ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။ စီမံကိန်းအရ ယူနန်-တိဗက် ရထားလမ်းမှ လိကျန်း-ရှန်ဂရီလာ လမ်းထောက်တစ်ခုလုံးကို ဤနှစ်အတွင်း ဖွင့်လှစ်ပြေးဆွဲမည်ဖြစ်၍ တည်ဆောက်ပြီးဆုံးသွားခဲ့ပြီး ဖွင့်လှစ်ပြေးဆွဲခဲ့သည့် ကူမင်း-ချူရှုံ-တာ့လီ ရထားလမ်းနှင့် ချိတ်ဆက်သွားမည်ဖြစ်ကာ ထိုအချိန်ရောက်လျှင် ကူမင်းမှ ရှန်ဂရီလာသို့ ၅ နာရီခန့်ကြာ ရောက်နိုင်သည့် မျှော်လင့်ချက်ရှိပြီး တီချင့်ပြည်နယ်ခွဲ၌ ရထားလမ်း မဖွင့်လှစ်သည့် သမိုင်းကို ပြီးဆုံးသွားစေမည် ဖြစ်သည်။
ယူနန်-တိဗက် ရထားလမ်းမှ လိကျန်း-ရှန်ဂရီလာ လမ်းထောက်သည် ယူနန်ပြည်နယ် အနောက်မြောက်ပိုင်းဒေသ၌ တည်ရှိ၍ လိကျန်းမြို့နှင့် တီချင့် တိဗက်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲတို့ကို ချိတ်ဆက်ကာ လမ်းတစ်ခုလုံး ၁၃၉.၇ ကီလိုမီတာ ရှည်ပြီး ခရီးသည်တင်ရထားများ၏ ပြေးဆွဲခြင်း ပစ်မှတ်အမြန်နှုန်းသည် တစ်နာရီလျှင် ကီလိုမီတာ ၁၄၀ ဖြစ်သည်။
အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: Xu Ting
- China Southern Airlines သည် တာ့လီ-ချန်ရှား-တာ့လျန် လေကြောင်းလိုင်းသစ်ကို ဖွင့်လှစ်ခဲ့
- မာလူထန် အထူးတံတားကြီး ချိတ်ဆက်လိုက်ပြီဖြစ်ရာ ထျန်းပေါင်-မာလီပို အမြန်လမ်းမကြီး၏ အဓိကလမ်းကြောင်း ပြီးစီး
- ကူမင်း ချန်ချုံတောင်တွင် ကြိုပို့ရန်တက္ကစီများ ရှိနေပြီ ဖြစ်၍ ၂၄ နာရီ စဉ်ဆက်မပြတ် ပြေးဆွဲ
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ ကူမင်းမြို့၌ ဖွင့်လှစ်ကျင်းပ
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- တရုတ်-လာအို ရထားလမ်းမှ ပို့ဆောင်သည့် ကုန်စည်အမျိုးအစား ၃,၉၀၀ ကျော်အထိရှိလာ
- ကူမင်း-ရန်ကုန် ကုန်တင်လေယာဉ်လမ်းကြောင်းကို တရားဝင် ပြန်လည်စတင်ပျံသန်း
- မြန်မာ့ကျောက်စိမ်းပြပွဲ တရုတ်-မြန်မာ နယ်စပ်ဒေသ ရွှေလီမြို့တွင် လေလံစတင်
- "ကျိန့်ဟော်" ရထား ဖွင့်လှစ်ပြေးဆွဲခြင်း တစ်နှစ်ပြည့်၊ နယ်စပ်ဖြတ်ကျော် ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်း ချောမွေ့စွာ လည်ပတ်လျက်ရှိ

