ယူနန်-တိဗက် ရထားလမ်းမှ လိကျန်း-ရှန်ဂရီလာ လမ်းထောက်အပြည့် သံလမ်းလမ်းခင်းမှုလုပ်ငန်းသည် ပြီးဆုံးသွားခဲ့ပြီ
2023-09-21 15:10|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) စက်တင်ဘာလ ၁၉ ရက်နေ့တွင် ယူနန်-တိဗက် ရထားလမ်းမှ လိကျန်း-ရှန်ဂရီလာ လမ်းထောက်အပြည့် သံလမ်းလမ်းခင်းမှုလုပ်ငန်းသည် ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။ စီမံကိန်းအရ ယူနန်-တိဗက် ရထားလမ်းမှ လိကျန်း-ရှန်ဂရီလာ လမ်းထောက်တစ်ခုလုံးကို ဤနှစ်အတွင်း ဖွင့်လှစ်ပြေးဆွဲမည်ဖြစ်၍ တည်ဆောက်ပြီးဆုံးသွားခဲ့ပြီး ဖွင့်လှစ်ပြေးဆွဲခဲ့သည့် ကူမင်း-ချူရှုံ-တာ့လီ ရထားလမ်းနှင့် ချိတ်ဆက်သွားမည်ဖြစ်ကာ ထိုအချိန်ရောက်လျှင် ကူမင်းမှ ရှန်ဂရီလာသို့ ၅ နာရီခန့်ကြာ ရောက်နိုင်သည့် မျှော်လင့်ချက်ရှိပြီး တီချင့်ပြည်နယ်ခွဲ၌ ရထားလမ်း မဖွင့်လှစ်သည့် သမိုင်းကို ပြီးဆုံးသွားစေမည် ဖြစ်သည်။
ယူနန်-တိဗက် ရထားလမ်းမှ လိကျန်း-ရှန်ဂရီလာ လမ်းထောက်သည် ယူနန်ပြည်နယ် အနောက်မြောက်ပိုင်းဒေသ၌ တည်ရှိ၍ လိကျန်းမြို့နှင့် တီချင့် တိဗက်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲတို့ကို ချိတ်ဆက်ကာ လမ်းတစ်ခုလုံး ၁၃၉.၇ ကီလိုမီတာ ရှည်ပြီး ခရီးသည်တင်ရထားများ၏ ပြေးဆွဲခြင်း ပစ်မှတ်အမြန်နှုန်းသည် တစ်နာရီလျှင် ကီလိုမီတာ ၁၄၀ ဖြစ်သည်။
အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: Xu Ting
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- ကော်ဖီသည် ကူမင်းမြို့မှ ကမ္ဘာသို့ ကမ်းလှမ်းပေးသည့် နာမည်ကတ်ပြား နောက်တစ်စောင် ဖြစ်လာ
- ယူနန်ပြည်နယ်သည် မြန်မာနိုင်ငံမှ မက္ကဒေးမီးယားသီးနှံများကို ပထမဆုံးအကြိမ် တင်သွင်းခဲ့
- တရုတ်-လာအို ပထမဆုံး နယ်စပ်ဖြတ်ကျော် ဘတ်စ်ကားကို ၁၁ လပိုင်း ၃ ရက်နေ့ ဖွင့်လှစ်၍ နေ့တိုင်း ၅ ကြိမ် သွားလာနိုင်
- တရုတ်-လာအို ၂၀၂၅ ခုနှစ်မှ ၂၀၂၆ ခုနှစ် ကြံကြိတ်ရာသီအတွက် ကြံများကို နယ်စပ်ဖြတ်ကျော် သယ်ယူပို့ဆောင်ရေး စတင်ခဲ့

