ဖူအော်မြို့ ကျင်မိုက်တောင် ရှေးဟောင်းလက်ဖက်တော ယဉ်ကျေးမှု ရှုခင်းသာနေရာကို ကမ္ဘာ့အမွေအနှစ်စာရင်းတွင် ထည့်သွင်းခဲ့
2023-09-18 15:57|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) စက်တင်ဘာလ ၁၇ ရက်နေ့တွင် ဆော်ဒီအာရေဗျနိုင်ငံ ရီယာ့ဒ်မြို့၌ ကျင်းပသည့် ယူနက်စကို (UNESCO) ၏ ၄၅ ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ် အစည်းအဝေး၌ "ဖူအော်မြို့ ကျင်မိုက်တောင် ရှေးဟောင်းလက်ဖက်တော ယဉ်ကျေးမှု ရှုခင်းသာနေရာ"ကို ကမ္ဘာ့အမွေအနှစ်စာရင်းတွင် ထည့်သွင်းခဲ့၍ ၎င်းသည် တရုတ်နိုင်ငံ၏ ၅၇ ခုမြောက် ကမ္ဘာ့အမွေအနှစ်နေရာ ဖြစ်လာခဲ့သည်။
"၄င်းသည် ယခုအထိ ထိန်းသိမ်းထားသည့် 'သစ်တောအောက်တွင် လက်ဖက်ပင် စိုက်ပျိုးခြင်း' ဟူသော ရိုးရာနည်းလမ်း၏ တကယ့်သက်သေပြချက်များနှင့် စံပြကိုယ်စားလှယ်များ ဖြစ်ခြင်း"၊ "၄င်းသည် လူနှင့်သဘာဝ သဟဇာတဖြစ်ပြီး လူအချင်းချင်း သဟဇာတဖြစ်သည့် ရိုးစင်းသော ဂေဟဗေဒနီတိများနှင့် ဉာဏ်ပညာများကို ဖော်ပြခြင်း" ဟူသော ကမ္ဘာ့အမွေအနှစ်ဖြစ်ရန် တင်ပြသည့် လျှောက်လွှာထဲမှ ရေးသားဖော်ပြချက်များသည် ဤကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်အသစ်၏ တန်ဖိုးများကို လူများအား ဖော်ပြပေးသည်။
ဖူအော်မြို့ ကျင်မိုက်တောင် ရှေးဟောင်းလက်ဖက်တော ယဉ်ကျေးမှု ရှုခင်းသာနေရာသည် ယူနန်ပြည်နယ် ဖူအော်မြို့ လန်ချန်း လားဟူလူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင်၌ တည်ရှိ၍ အတိုင်းအတာကြီးမားသော၊ ပြီးပြည့်စုံကောင်းမွန်အောင် ထိန်းသိမ်းထားသည့် ရှေးဟောင်းလက်ဖက်တော ၅ ခုနှင့် ၄င်းထဲ၌ ပြန့်နှံ့ထားသည့် ရှေးဟောင်းကျေးရွာ ၉ ခု၊ ရှေးဟောင်းလက်ဖက်တောများကြားရှိ ခွဲခွာကာကွယ်တော ၃ ခုတို့ ပါဝင်သည်။ မပြတ်မလပ် ဆက်စပ်သည့် မတ်စောက်သော တောင်ချိုင့်ဝှမ်းများ၊ နန်လန်မြစ်နှင့် ၄င်း၏ မြစ်ခွဲဖြစ်သည့် နန်မေမြစ်များသည် ဤရှုခင်းသာနေရာကို ဝန်းရံထား၍ နှိုင်းယှဉ်လျှင် ပိုမိုလွတ်လပ်သော ပထဝီဝင်ယူနစ်တစ်ခု ဖြစ်လာပြီး "လူ့လောက အပြင်ဘက် ငြိမ်းအေးသာယာသော မက်မွန်ပန်းရိပ်မြုံ" ကဲ့သို့ ကောင်းမွန်လှပသည်။
လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာက လူများနှင့် လက်ဖက်တို့၏ ဆုံဆည်းမှုသည် ဤနေရာ၌ ဖြစ်ပွားခဲ့ကြသည်။
အေဒီ ၁၀ ရာစု ကတည်းက ဘလောင်လူမျိုး၏ ဘိုးဘွားများသည် တောရိုင်းလက်ဖက်ပင်များကို တွေ့ရှိခဲ့ကြပြီး သိရှိနားလည်းခဲ့ကြ၍ သစ်တောဂေဟစနစ်ကို အသုံးပြုခဲ့ကြပြီး တိုင်လူမျိုး စသည့် ဘိုးစဉ်ဘောင်ဆက်မှ ဤနေရာ၌ နေထိုင်ကြသည့် တိုင်းရင်းသားလူမျိုးစုများ နှင့်အတူ သစ်တောအောက်တွင် လက်ဖက်ပင် စိုက်ပျိုးနည်းပညာကို စူးစမ်းလေ့လာခဲ့ကြသည်။ နှစ်ထောင်ပေါင်းများစွာ ကာကွယ်ခြင်းနှင့် ဖွံ့ဖြိုးတိုးတက်ခြင်းအားဖြင့် ဤနေရာ၌ သစ်တောနှင့် လက်ဖက်ပင်များ တူယှဉ်တည်ရှိသော၊ လူနှင့် မြေကြီးတို့ ပြေပြစ်စွာ အတူယှဉ်တွဲနေထိုင်သည့် ထူးခြားသော ယဉ်ကျေးမှုရှုခင်းသာနေရာကို ဖြစ်ပေါ်လာခဲ့သည်။
ရှည်လျားလှသည့် အချိန်ကာလထဲတွင် လူများသည် လက်ဖက်များနှင့် အချင်းချင်းအဖော်လုပ်ခဲ့ကြ၍ လက်ဖက်များကို မှီခိုအားကိုးပြီး အသက်မွေးဝမ်းကျောင်းခဲ့ကြသည်။ သဘာဝလောကကြီးကို ကြောက်ရွံ့ရိုသေခြင်း၊ လူများနှင့် အတူယှဉ်တွဲနေထိုင်ခြင်းတို့ ဆိုင်ရာ ဉာဏ်ပညာများသည် ကျင်မိုက်တောင်တွင် "သစ်တောနှင့် လက်ဖက်ပင်များ တူယှဉ်တည်ရှိခြင်း၊ လူနှင့် မြေကြီးတို့ ပြေပြစ်စွာ အတူယှဉ်တွဲနေထိုင်ခြင်း" ဖြစ်သည့် စည်ပင်သာယာသော မြင်ကွင်းများကို ဖန်တီးပေးခဲ့ကြသည်။
လက်ဖက်ခြောက်သည် တရုတ်နိုင်ငံမှ စတင်ဖြစ်ပေါ်ခဲ့၍ ကမ္ဘာပေါ်တွင် လူကြိုက်များခဲ့သည်။
တရုတ်နိုင်ငံ ရှေးဟောင်းယဉ်ကျေးမှုပစ္စည်း လုပ်သားများသည် "လက်ဖက်"ကို ကမ္ဘာ့အမွေအနှစ်စာရင်းတွင် မည်သို့ ထည့်သွင်းနိုင်မည်နည်းကို ကာလကြာရှည်စွာ အမြဲတမ်း စဉ်းစားလျက်ရှိသည်။ ကာလကြာရှည်သော သုတေသနပြုခြင်းနှင့် ၁၃ နှစ်ကြာသည့် ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရန် လျှောက်ထားခြင်းတို့အားဖြင့် ဖူအော်မြို့ ကျင်မိုက်တောင် ရှေးဟောင်းလက်ဖက်တော ယဉ်ကျေးမှု ရှုခင်းသာနေရာသည် ကမ္ဘာ့ပထမဆုံး "လက်ဖက်"ဖြင့် ခေါင်းစဉ်ဖြစ်သည့် ကမ္ဘာ့အမွေအနှစ်တစ်ခုကို နောက်ဆုံး ဖြစ်လာခဲ့သည်။ ၄င်း၏ ကမ္ဘာ့အမွေအနှစ်စာရင်းတွင် အောင်မြင်စွာ ထည့်သွင်းခဲ့ခြင်းသည် လက်ဖက်ပင်၏ ရှာဖွေတွေ့ရှိခြင်းနှင့် စိုက်ပျိုးခြင်း၊ လက်ဖက်ခြောက်၏ ရောင်းဝယ်ရေးနှင့် သယ်ယူပို့ဆောင်ရေး၊ လက်ဖက်ယဉ်ကျေးမှု၏ ဖြစ်လာခြင်းနှင့် ပြန့်နှံ့ခြင်း စသည့် နယ်ပယ်များတွင် တရုတ်နိုင်ငံ၏ ရှေ့ဆောင်နေရာကို ပြသနိုင်သည်။
昆明信息港综合整理 9月17日,在沙特阿拉伯利雅得举行的联合国教科文组织第45届世界遗产大会上,“普洱景迈山古茶林文化景观”成功列入《世界遗产名录》,成为中国第57项世界遗产。
“传统的‘林下茶种植’方式保存至今的实物例证和典型代表”“彰显了人与自然和谐、人与人和谐的朴素生态伦理和智慧”——申遗文本中的描述,向人们透露出这项新晋世界文化遗产的价值所在。
“普洱景迈山古茶林文化景观”位于云南省普洱市澜沧拉祜族自治县,包含5片规模宏大、保存完好的古茶林和分布其中的9个古村寨,以及古茶林之间的3片分隔防护林。连绵的陡峭山谷、南朗河及其支流南门河将其环绕,形成了相对独立的地理单元,恍如“世外桃源”。
千百年前,人与茶的邂逅就在这里发生。
公元10世纪以来,布朗族先民发现和认识了野生茶树,利用森林生态系统,与傣族等世居民族一起,探索出林下茶种植技术。历经千年的保护与发展,这里形成林茶共生、人地和谐的独特文化景观。
在漫长的时光中,人与茶相伴、以茶为生。对自然的敬畏、与之共处的智慧,造就了景迈山“林茶共生、人地和谐”的盛景。
茶起源于中国,盛行于世界。
长久以来,中国文物工作者一直在思考,如何将“茶”置入世界遗产版图中。经过长时间的主题研究、13年的申遗之路,“普洱景迈山古茶林文化景观”最终成为全球第一项茶主题世界遗产。它的成功申遗,彰显了中国在茶树发现、栽培,茶叶贸易、运输,以及茶文化形成、传播等领域的主导地位。
အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: Xu Ting
- ၁၇ ကြိမ်မြောက် တရုတ် ကူမင်း နှစ်သစ်ကူးကုန်စည်ပြပွဲကို ကျင်းပနေ
- ယူနန်ပြည်နယ် တာ့လီမြို့တွင် ပထမဆုံး နိုင်ငံတကာ တိုက်ရိုက်လေကြောင်းလိုင်းကို ဖွင့်လှစ်
- ယူနန်ပြည်နယ်မှ ပြည်သူများသည် ကျီးဇူစန်းတောင်သို့ အခမဲ့ လည်ပတ်ကြည့်ရှုနိုင်
- Lucky Air သည် ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ကူမင်း-ဗီယင်ကျန်း နိုင်ငံတကာ လေကြောင်းလိုင်းသစ်ကို စတင်ဖွင့်လှစ်
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- အရှေ့တောင်အာရှ ကုန်ပစ္စည်းကလေးများသည် ကူမင်းမြို့ရှိ "နှစ်သစ်ကူးကုန်စည်ပြပွဲ"တွင် ရေပန်းစားနေ
- "ရထားလမ်း ဖွင့်လှစ်တာနဲ့အမျှ အားလုံး အရှိန်တိုးလာနေတယ်" ဟု ဟွန်ကျွင့်ကျယ်က ပြောဆိုခဲ့
- တရုတ်-လာအို ရထားလမ်းနှင့် မိုဟန်ဆိပ်ကမ်းတို့သည် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြု
- တရုတ်-လာအို ရထားလမ်းကို မှီခိုပြီး မိုဟန်မြို့နယ်သည် ဖွံ့ဖြိုးတိုးတက်မှုရလဒ်များ ရရှိ