စီးပွားရေးနှင့်နည်းပညာ ဖွံ့ဖြိုးရေးဇုန်နှင့် ရှန်ဟိုင်းကုမ္ပဏီများ စက်မှုလုပ်ငန်းရွှေ့ပြောင်းရန် ဒေသသစ်ကို ပူးပေါင်းထုလုပ်
2023-09-08 17:52|
(ရောင်စုံတိမ်တံတား၊ ခင်ခင်) အခုတလော ၂၀၂၃ ခုနှစ် တရုတ်နိုင်ငံ စက်မှုလုပ်ငန်းရွှေ့ပြောင်းခြင်းနှင့် ဖွံ့ဖြိုးတိုးတက်ခြင်းဆိုင်ရာ စေ့စပ်ဆွေးနွေးရေးလှုပ်ရှားမှုထဲမှ (ယူနန်ပြည်နယ်) ရှန်ဟိုင်း-ယူနန် ပူးပေါင်းဆောင်ရွက်ရေး အထူးပွဲ ဖြစ်သည့် ရှန်ဟိုင်းကုမ္ပဏီများ ကူမင်းမြို့သို့ ရောက်ရှိပြီး လက်မှတ်ရေးထိုးပွဲအခမ်းအနားကို ကူမင်းစီးပွားရေးနှင့် နည်းပညာ ဖွံ့ဖြိုးရေးဇုန်နယ် (လွတ်လပ်သော ကုန်သွယ်ရေးစမ်းသပ်ဇုန် ကူမင်းဧရိယာအပိုင်း)တွင် ကျင်းပခဲ့၍ စက်မှုလုပ်ငန်းရွှေ့ပြောင်းမှု ခံယူခြင်း၊ ထုတ်လုပ်ရေးကွင်းဆက်နှင့် ထောက်ပို့ရေးကွင်းဆက်များ၏ စနစ်အသစ် ထုလုပ်ခြင်း၊ ရှန်ဟိုင်း-ယူနန် စက်မှုလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှု ဒေသအသစ်ကို အတူတည်ဆောက်ခြင်းတို့အပေါ် ကုမ္ပဏီ ၂၄ ခုသည် မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်စာချုပ်ကို ချုပ်ဆိုခဲ့ကြသည်။
ထိုနေ့တွင် စီးပွားရေးနှင့် နည်းပညာ ဖွံ့ဖြိုးရေးဇုန်နယ် (လွတ်လပ်သော ကုန်သွယ်ရေးစမ်းသပ်ဇုန် ကူမင်းဧရိယာအပိုင်း)၏ စီမံခန့်ခွဲရေးကော်မတီနှင့် တရုတ်မိုဟန်-လာအိုဘိုဒင် ပူးပေါင်းဆောင်ရွက်မှုဇုန်၏ စီမံခန့်ခွဲရေးကော်မတီတို့သည် ရှန်ဟိုင်းမြို့ လုပ်ငန်းကုမ္ပဏီများအဖွဲ့ချုပ်နှင့် ရှန်ဟိုင်းမြို့ စီးပွားရေးလုပ်ငန်းရှင်များအသင်းတို့နှင့် စီမံကိန်းများဝင်ရောက်ခြင်း၊ အလုပ်အကိုင်ဖလှယ်ခြင်း၊ အတွေ့အကြုံများမျှဝေခြင်းနှင့် စျေးကွက်လှုပ်ရှာမှုများ စသည့်နယ်ပယ်များမှ ပူးပေါင်းဆောင်ရွက်မှုအပေါ် မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်စာချုပ်ကို ချုပ်ဆိုခဲ့ကြသည်။
စီးပွားရေးနှင့်နည်းပညာ ဖွံ့ဖြိုးရေးဇုန်နယ်တွင် လွတ်လပ်သော ကုန်သွယ်ရေးစမ်းသပ်ဇုန်၊ စီးပွားရေးဖွံ့ဖြိုးရေးဇုန်၊ အထွေထွေ အခွန်ကင်းလွတ်ခွင့်ဇုန်နှင့် နယ်စပ်ဖြတ် ပူးပေါင်းဆောင်ရွက်မှုဇုန် ဟူသော ဇုန် ၄ ခုတို့၏ အားသာချက်များ ပေါင်းထားသည့် တံခါးဖွင့်ထူးခြားချက်ရှိ ဥယျာဉ်ဇုန်ရှိပြီး ဤနေရာသည် ကူမင်းမြို့နှင့် ယူနန်ပြည်နယ်တွင် တရုတ်နိုင်ငံအရှေ့ပိုင်းဒေသ အထူးသဖြင့် ရှန်ဟိုင်းမြို့၏ စက်မှုလုပ်ငန်းရွှေ့ပြောင်းခြင်းကို ခံယူသည့် အဓိကနေရာ ဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များမှာ ကူမင်းစီးပွားရေးနှင့်နည်းပညာ ဖွံ့ဖြိုးရေးဇုန်နယ်နှင့် မိုဟန်-မိုတင် ပူးပေါင်းဆောင်ရွက်မှုဇုန်သို့ ရင်းနှီးမြှုပ်နှံသွားရန် ရွေးချယ်ခြင်းသည် အချိန်နှင့် အခွင့်ကို သင့်လျောပြီး ကြီးမားသော ပြည်တွင်းစျေးကွက်နှင့် တောင်အာရှ အရှေ့တောင်အာရှဈေးကွက်တို့ကို ချိတ်ဆက်စေရမည် ဖြစ်ကြောင်း သက်ဆိုင်ရာတာဝန်ခံသူ မိတ်ဆက်ပေးခဲ့သည်။
စီးပွားရေးနှင့်နည်းပညာ ဖွံ့ဖြိုးရေးဇုန်နယ်သည် "ရှန်ဟိုင်းကုမ္ပဏီများ+ ယူနန့်အရင်းအမြစ်များ" "ရှန်ဟိုင်းမှတီထွင်မှု+ယူနန်မှထုတ်လုပ်မှု" "ရှန်ဟိုင်းမှစျေးကွက်+ယူနန်မှထုတ်ကုန်များ" "ရှန်ဟိုင်းမှဌာနချုပ်+ ယူနန်မှအခြေခံစခန်း"ဟူသော စနစ်တို့ဖြင့် ကုမ္ပဏီများအတွက် အကောင်းဆုံးသော ဝန်ဆောင်မှုများ၊ ဦးစားပေးသော မူဝါဒများနှင့် အကောင်းဆုံးသော ပတ်ဝန်းကျင်တို့ကို ပေးကြရမည် ဖြစ်၍ ကုမ္ပဏီများ၏ ဝိတ်တာအနေနှင့် ကုမ္ပဏီများနှင့်အတူ ကြိုးစားရမည် ဖြစ်သည်။
日前,2023中国产业转移发展对接活动(云南)沪滇合作专场——上海企业入昆签约仪式在经开区(自贸试验区昆明片区)举办,24家企业签订了战略合作协议,承接产业转移,打造产业链供应链新体系,共建沪滇产业合作新高地。
当天,经开区(自贸试验区昆明片区)管委会、中国老挝磨憨—磨丁合作区管委会与上海市企业联合会、上海市企业家协会就项目导入、行业交流、经验分享、市场活动等方面的合作签订战略合作协议。
相关负责人介绍,经开区有自贸试验区、经济开发区、综合保税区、跨境合作区4区优势叠加的开放型特色园区,是昆明市乃至云南省承接东部尤其是上海市产业转移的核心区域,企业家选择到昆明经开区、磨憨—磨丁合作区投资,逢时逢势,将直接串联起庞大的国内市场和南亚东南亚市场。
据悉,经开区将通过“上海企业+云南资源”“上海研发+云南制造”“上海市场+云南产品”“上海总部+云南基地”的乘数效应,为企业提供最优质的服务、最优惠的政策和最优良的环境,当好企业“服务员”,与企业同频共振、同向发力。(云南日报 记者张雁群)
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
- ၉ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို ဇွန်လ ၁၉ ရက်နေ့မှ ၂၄ ရက်နေ့အထိ ကူမင်းမြို့၌ ကျင်းပမည်
- အမှည့်စောသော ဘေဘာရီသီးများသည် ဈေးကွက်တွင် စတင်ရောင်းချခဲ့
- ခေါင်းနီစင်ရော်များသည် နွေရာသီအမွေးကို ပြောင်းလဲဝတ်ဆင်ထား၍ စတင်ပြန်သွားနေကြ
- ကမ္ဘာ့ ပထမဆုံး မြင်ကွင်းကျယ် တောတောင် ရှုခင်းကြည့်ရထားသည် လိကျန်းမြို့တွင် စတင်ပြေးဆွဲ
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- ယူနန်ပြည်နယ်မှ Tachysurus fulvidraco များကို ထိုင်းနိုင်ငံသို့ ပထမဦးဆုံး တင်ပို့ခဲ့
- တရုတ်နိုင်ငံ ယူနန်ပြည်နယ်- ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့ အထူးထုတ်ကုန်မိတ်ဆက်ပွဲကို ကျင်းပခဲ့
- ယူနန်ပြည်နယ်၌ လတ်ဆတ်သောဖြတ်ပန်းပွင့်များ၏ တင်ပို့မှု ပမာဏနှင့် တန်ဖိုး နှစ်မျိုးလုံး တိုးတက်လာခဲ့
- ကူမင်းမှ ဟနွိုင်းအထိ ပန်းရနံ့များထဲတွင် တရုတ်-ဗီယက်နမ် စီးပွားရေးနှင့် ကုန်သွယ်ရေး၏ သက်ဝင်အားကို ခံစား