အရှအတွင်းမှ အကြီးဆုံးသော နိုင်ငံတကာပန်းမန်ပြပွဲကို စက်တင်ဘာလ ၁၅ ရက်တွင် ကူမင်းမြို့၌ စတင်ကျင်းပမည်

2023-09-06 10:20|ရောင်စုံတိမ်တံတား

1

(ရောင်စုံတိမ်တံတား လဲ့ရွှေရည်"အာရှဆင်များ ယူနန်ပြည်နယ်သို့ သွားရောက်ခြင်း၊ ကမ္ဘာ့ဥယျာဉ်ပန်းခြံ" ဟူသော ခေါင်းစဉ်ဖြင့် ၂၁ ကြိမ်မြောက် တရုတ်နိုင်ငံ ကူမင်းမြို့  နိုင်ငံတကာ ပန်းမန်ပြပွဲကို စက်တင်ဘာလ ၁၅ ရက်နေ့မှ ၁၇ ရက်နေ့အထိ ကျင်းပတော့မည် ဖြစ်၍ ဤအကြိမ်ပြပွဲတွင် ယူနန်ပြည်နယ်ရှိ မိုးဆန်းပန်း အမျိုးသစ် ၁၀၀ ကျော်ကို ပြသရမည်ဖြစ်ပြီး နိုင်ငံနှင့် ဒေသပေါင်း ၂၀ ကျော်ကို ပါဝင်ရန် ဖိတ်ကြားရမည် ဖြစ်သည်။

2

ဤအကြိမ်ပန်းမန်ပြပွဲ၏ အဓိကကျင်းပရာနေရာသည် တိန်ချီးအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ၌ တည်ရှိ၍ ပြပွဲ၏ ဧရိယာသည် စတုရန်းမီတာ ၅ သောင်း ကျယ်ဝန်းပြီး ပြပွဲပါဝင်တက်ရောက်ရန် နာမည်စာရင်း ပေးသွင်းသည့် လုပ်ငန်းကုမ္ပဏီသည် အခု ၄၀၀ကျော် ရှိပြီ ဖြစ်၍ ၄င်းသည် ကမ္ဘာ့ပထမတန်းစားဖြစ်ပြီး အရှာအတွင်းမှ အကြီးဆုံးသော ပန်းပြပွဲ ဖြစ်သည်။ ထို့ပြင်၊ ဟုံဟယ်ပြည်နယ်ခွဲ ခိုင်းယန်မြို့ရှိ ဇေဟွားမြို့နယ်ကလေး၌ ကျင်းပရာနေရာခွဲကို စီစဉ်ရမည် ဖြစ်သည်။

3

ပြပွဲတွင် ပန်းအမျိုးမျိုးများ၏ သစ်လွင်ကောင်းမွန်သော အမျိုးအစားများနှင့် ပန်းအနုပညာလက်ရာ အမျိုးမျိုးကို ပြသမည် ဖြစ်သည်။ ဤအကြိမ်ပန်းပြပွဲ၏ အဓိက ဧည့်သည်တော်နိုင်ငံအနေနှင့် နယ်သာလန်နိုင်ငံသည် ၄င်း၏ ပန်းမန်ဆိုင်ရာ နောက်ဆုံးပေါ် ဖွံ့ဖြိုးတိုးတက်ရေး ရလဒ်များကို ပြသသည့်အတွက် ထွေပြားစုံလင်သော ပန်းမန်ဆိုင်ရာ ဆွေးနွေးဖလှယ်ရေး လှုပ်ရှားမှုများကို ကျင်းပရမည် ဖြစ်သည်။

4

ထို့ပြင်၊ တရုတ်နိုင်ငံရှိ အစ္စရေးနှင့် အခြားနိုင်ငံများမှ သံရုံးများနှင့် ကောင်စစ်ဝန်ရုံးများမှ ကိုယ်စားလှယ်များ၊ ဗီယက်နမ်၊ မြန်မာနှင့် ကမ္ဘောဒီးယား စသည့် နိုင်ငံနှင့် ဒေသပေါင်း ၂၀ ကျော်မှ သက်ဆိုင်ရာ အဖွဲ့အစည်းများသည် အပြည်ပြည်ဆိုင်ရာ ကူးလူးဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက် တိုးမြှင့်နိုင်သည့်အတွက် သက်ဆိုင်ရာလှုပ်ရှားမှုများကို ပါဝင်တက်ရောက်ရန် အတည်ပြုခဲ့ကြသည်။

5

ပန်းပြပွဲကျင်းပရာတွင် ပရော်ဖက်ရှင်နယ် ဆွေးနွေးပွဲများ၊ ထုတ်ကုန်အသစ်များ ထုတ်ပြန်ခြင်း၊ ထုတ်လုပ်မှုနှင့် ရောင်းချမှု ချိတ်ဆက်ခြင်း စသည့် လှုပ်ရှားမှုများကို ကျင်းပမည်ဖြစ်ကာ ပြည်တွင်းပြည်ပ ပန်းမန်နှင့် ဥယျာဉ်ခြံစိုက်ပျိုးပြုစုရေးလုပ်ငန်းမှ ကျွမ်းကျင်ပညာရှင်များကို ပြပွဲ ကြည့်ရှုရန်နှင့် ဆွေးနွေးပွဲများ တက်ရောက်ရန် ဖိတ်ခေါ်မည် ဖြစ်သည်။ ထို့ပြင်၊ ဤအကြိမ်ပန်းပြပွဲသည် ပြည်သူလူထုအတွက် ဖွင့်လှစ်မည်ဖြစ်ကာ ကွဲပြားသော လိုအပ်ချက်များကို ဖြည့်ဆည်းပေး၍ ဖွံ့ဖြိုးတိုးတက်ရေးရလဒ်များ ပြသမှု၊ လုပ်ငန်းအတွင်းရှိ ဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု၊ စီမံကိန်းဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုနှင့် ညှိနှိုင်းမှု၊ လည်ပတ်ကြည့်ရှုမှုနှင့် လက်တွေ့လေ့လာမှု၊ စက်မှုလုပ်ငန်း ဖြန့်ချီမိတ်ဆက်မှု စသည့် စွမ်းဆောင်နိုင်မှုအများအပြားကို အကောင်အထည်ဖော်သွားမည် ဖြစ်သည်။ ခင်းကျင်းပြသမှု နည်းလမ်းအသစ်များဖြင့် မန်းမန်နှင့် နေထိုင်မှုဘဝ အသုံးချမှုမြင်ကွင်း အမျိုးမျိုးကို လူသိများသော ပြည်တွင်း ပန်းအနုပညာ အဖွဲ့အစည်းများ၊ ပန်းအနုပညာဆရာများနှင့် လက်တွဲ ဖန်တီးဒီဇိုင်းဆွဲမည် ဖြစ်သည်။

6

ကူမင်းမြို့ပန်းပြပွဲကို ယခုအချိန်အထိ အကြိမ် ၂၀ အောင်မြင်စွာ ကျင်းပခဲ့ပြီ ဖြစ်၍ "ယူနန့်ပန်း" လုပ်ငန်း၏ ရုပ်ပုံလွှာများကို ပြသသည့် အရေးကြီးသော ပြတင်းပေါက်တစ်ခုအနေနှင့် စက်မှုလုပ်ငန်းကို အရည်အသွေးမြင့်မားစွာ ဖွံ့ဖြိုးတိုးတက်စေရန်၊ စက်မှုလုပ်ငန်းအတွင်း ဆက်သွယ်မှုနှင့် ကူးလူးဖလှယ်မှုများကို မြှင့်တင်ရန်နှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို အားကောင်းလာစေရန်အတွက် အလွန်အရေးကြီးသော အကျိုးသက်ရောက်မှုများကို ထုတ်ဖော်ခဲ့သည်။

7

မြို့သူမြို့သားများသည် စက်တင်ဘာလ ၁၄ ရက်နေ့ ၁၈ နာရီ မတိုင်မီ "ကူမင်းပန်းပြပွဲ" ဟူသော ဝီချက်အကောင့်မှတစ်ဆင့် အခမဲ့ အဝင်လက်မှတ်ကို လက်ခံရယူရန် ကြိုတင်ချိန်းထားနိုင်မည် ဖြစ်သည်။

1

昆明信息港综合整理 以“‘象’往云南,世界花园”为主题的第二十一届中国昆明国际花卉展将于9月15日至17日举办,此次将展出云南省100余种鲜花新育品种,邀请20余国家及地区参加。

2

此次花展主会场设在昆明滇池国际会展中心,展会面积为5万平方米,报名参展企业目前已超过400家,为世界一流、亚洲最大的花展,同时将在红河州开远市的知花小镇设立分会场。

3

展会将展现多种花卉的新优品种及各类花艺作品。荷兰将作为此次花展的主宾国,举办一系列丰富多彩的花卉交流活动,展示荷兰花卉的最新发展成果。

4

此外,以色列等国家驻中国使领馆代表,以及越南、缅甸、柬埔寨等20多个国家及地区的相关机构确认参加相关活动,持续增进国际交流与合作。

5

花展期间将举办专业研讨、新品发布、产销对接等一系列活动,并邀请国内外花卉园艺界业内人士观展、出席研讨会。同时,这次花展也对社会开放,满足多元化的需求,实现发展成果展示、行业交流合作、项目投资洽谈以及观光体验、产业宣介等多重功能。将采用全新展示方式,与国内知名花艺机构、花艺师联手打造设计多类花卉与生活应用场景。

6

据介绍,昆明花展至今已成功举办了20届,作为展示“云花”产业形象的重要窗口,在促进产业高质量发展、增进业界沟通交流、加强国际合作等方面都发挥了十分重要的作用。

7

市民可通过“昆明花展”公众号预约领取免费门票,预约登记9月14日18时截止。(图文整理自:掌上春城、中国昆明国际花卉展组委会)

အယ်ဒီတာ: ခင်ခင် တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73ကျပ်