ဆောင်းဦးရာသီအစပိုင်းတွင် ယူနန်ပြည်နယ် မန်ဇီမြို့ရှိ သစ်သီးများ၏ မွှေးရနံ့ သင်းပျံ့နေ၍ ရွာသူရွာသားများသည် မအားမလပ် ဆွတ်ခူးနေ
2023-08-31 16:55|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) အခုတလော၊ ယူနန်ပြည်နယ် ဟုံဟယ် ဟာနီလူမျိုး၊ ယီလူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ မန်ဇီမြို့၌ အမှည့်စောသော သလဲသီးများ၊ ဆီးသီးများ၊ Golden Autumn Red Peach (မက်မွန်သီးတစ်မျိုး)စသည့် သစ်သီးဝလံများသည် ရိတ်သိမ်းဆွတ်ခူးချိန်သို့ တစ်ခုပြီးတစ်ခု ဝင်ရောက်၍ တောတောင်နှင့် လယ်မြေများထဲ၌ သီးထွက်များသော မြင်ကွင်းများကို တွေ့မြင်နိုင်လျက်ရှိသည်။
မန်ဇီမြို့ ကျီချွင်းမြို့နယ်ရှိ Golden Autumn Red Peach စံပြစိုက်ပျိုးရေး အခြေခံစခန်းထဲ၌ သစ်သီးစိုက်ပျိုးသူများသည် Golden Autumn Red Peach များကို ဆွတ်ခူးနေကြသည်။ အခုအချိန်တွင် ဤအခြေခံစခန်း၌ Golden Autumn Red Peach ပင် မိုပေါင်း ၂ ထောင်ကျော်သည် အသီးသီးပြီ ရှိပြီး သီးထွက်များသော အချိန်ကာလကို တရားဝင်ကြိုဆိုလာ၍ ခန့်မှန်းချက်အရ ယခုနှစ်တွင် အသီးတန်ချိန် ၁ ထောင် သီးနိုင်မည် ဖြစ်ပြီး ရောင်းရငွေသည် အယွမ် ၁၀ သန်းအထိ ရောက်ရှိနိုင်မည်ဟု မျှော်လင့်ချက်ရှိသည်။ ယူကော်ဖုလမ်းရှိ ဆီးသီးစိုက်ပျိုးရေး အခြေခံစခန်း၌ ဆီးသီးတစ်လုံးလုံးသည် သစ်ကိုင်းပေါ်တွင် အပြည့်အဝသီးထား၍ ရိတ်သိမ်းချိန်အတွင်း အခြေခံစခန်းမှ စိုက်ပျိုးသူများသည် ဆီးသီးဆွတ်ခူးခြင်းနှင့် ခွဲဝေခြင်းလုပ်ငန်းများကို ပါဝင်ဆောင်ရွက်ရန် ဒေသခံ ရွာသူရွာသားများကို ခန့်ထားလျက်ရှိသည်၊ ၄င်းသည် လူများ၏ ဝင်ငွေတိုးစေသည့် နည်းလမ်းများကို ပိုမိုကျယ်ပြန့်စေရုံသာမက ကျေးရွာစုပေါင်းစီးပွားရေး၏ ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ပေးခဲ့သည် ဖြစ်သည်။
အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: Xu Ting
- "ဝေလငါးပင်လယ်အော် - တိမ်ပင်လယ်ပန်းခင်း - လေလိုအဆောက်အဦး" ခရီးသွား တိုက်ရိုက်ဘတ်စ်ကား စတင်ပြေးဆွဲခဲ့
- ချုံချင့်-ကူမင်း မြန်နှုန်းမြင့်ရထားလမ်း စခင်း၊ ကူမင်းမြို့မှ ချုံချင့်မြို့သို့ ဟော့ပေါ့သွားစားနိုင်တော့မည်
- ကဗျာဆန်မှုနှင့် တွေ့ဆုံခြင်း၊ ယူနန်ရထားလမ်းမှ ပန်းရှုစားခြင်း အထူးရထား စတင်ပြေးဆွဲခဲ့
- ကူမင်း-ယွိရှီး ရထားလမ်းရှိ ကူယန်ဘူတာရုံကို ပြန်လည်ပြုပြင်ပြီးနောက် ပြန်ဖွင့်ခဲ့
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- တရုတ်နိုင်ငံ ကျင်ဟုန်မြို့- လာအိုနိုင်ငံ ပန်ရှန်ကော် နိုင်ငံတကာ ခရီးသည်တင် ဘတ်စ်ကားလိုင်းကို တရားဝင် စတင်ပြေးဆွဲ
- André Haspels က နယ်သာလန်-တရုတ် ပူးပေါင်းဆောင်ရွက်မှုသည် ပန်းကဲ့သို့ ဝေဆာပွင့်လန်းနေကြောင်း ပြောကြားခဲ့
- ဖူအော်မြို့ရှိ နွေဦးကာလ ကနဦးလက်ဖက်ခြောက်ကို နိုင်ငံတကာဈေးတွင် ရောင်းကောင်း
- ၂၀၂၆ ခုနှစ် ပထမ ၂ လအတွင်း ယူနန်ပြည်နယ်ရှိ ဆိပ်ကမ်းများမှ ဒူးရင်းသီးတင်သွင်းမှုမှာ ၃၅၁.၆ ရာခိုင်နှုန်း တိုးပွားခဲ့





