ကျွမ့်လူမျိုးကျေးရွာ ဖြစ်သည့် ဖောယာရွာသို့ ဝင်ရောက်
2023-08-31 16:50|
(ရောင်စုံတိမ်တံတား၊ မျိုးသူဇာကြော့) ဖောယာရွာသည် ယူနန်ပြည်နယ် ဝန်ဆန်း ကျွမ့်လူမျိုး၊ မြောင်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ခွဲ ဖုနင်ခရိုင်တွင် တည်ရှိပြီး ရိုးရာ ကျွမ့်လူမျိုးကျေးရွာ တစ်ခုဖြစ်၍ "ဖောယာ"၏ အဓိပ္ပါယ်ကို ကျွမ့်ဘာသာစကားဖြင့် ရှင်းပြလျှင် "တောပန်းများ လန်းဆန်းဝေဆာစွာ ပွင့်ဖူးသည့်နေရာ" ဖြစ်သည်။ ၂၀၀၆ ခုနှစ်တွင် ပိတ်ကြမ်းအပေါ် မှတ်တမ်းတင်ထားသော၊ ရုပ်ပုံသင်္ကေတ ၈၁ ခုဖြင့် ဖွဲ့စည်းဖြစ်လာသည့် ရိုးရာအချစ်တေးပေါင်းချုပ် ဖြစ်သည့် "ဖောယာအချစ်တေး"ကို ဖောယာရွာ၌ ရှာဖွေတွေ့ရှိခဲ့သည်။ ၂၀၁၁ ခုနှစ်တွင် "ဖောယာအချစ်တေး" ကို အမျိုးသားအဆင့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းထဲသို့ အရွေးခံရခဲ့သည်။ အခုနှစ်များတွင် ဖောယာရွာသည် ၎င်း၏ အထူးရှိသည့် တိုင်းရင်းသား ယဉ်ကျေးမှု အားသာချက်များကို မှီခိုအားကိုး၍ ကျေးလက်ခရီးသွားလုပ်ငန်းကို ဖွံ့ဖြိုးတိုးတက်စေခဲ့ပြီး ခရီးသည်အများအပြားကို လာရောက်လည်ပတ်ကြည့်ရှုရန် ဆွဲဆောင်ခဲ့ပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်စေရန် ကူညီပေးခဲ့သည်။
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
- China Southern Airlines သည် တာ့လီ-ချန်ရှား-တာ့လျန် လေကြောင်းလိုင်းသစ်ကို ဖွင့်လှစ်ခဲ့
- မာလူထန် အထူးတံတားကြီး ချိတ်ဆက်လိုက်ပြီဖြစ်ရာ ထျန်းပေါင်-မာလီပို အမြန်လမ်းမကြီး၏ အဓိကလမ်းကြောင်း ပြီးစီး
- ကူမင်း ချန်ချုံတောင်တွင် ကြိုပို့ရန်တက္ကစီများ ရှိနေပြီ ဖြစ်၍ ၂၄ နာရီ စဉ်ဆက်မပြတ် ပြေးဆွဲ
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ ကူမင်းမြို့၌ ဖွင့်လှစ်ကျင်းပ
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- တရုတ်-လာအို ရထားလမ်းမှ ပို့ဆောင်သည့် ကုန်စည်အမျိုးအစား ၃,၉၀၀ ကျော်အထိရှိလာ
- ကူမင်း-ရန်ကုန် ကုန်တင်လေယာဉ်လမ်းကြောင်းကို တရားဝင် ပြန်လည်စတင်ပျံသန်း
- မြန်မာ့ကျောက်စိမ်းပြပွဲ တရုတ်-မြန်မာ နယ်စပ်ဒေသ ရွှေလီမြို့တွင် လေလံစတင်
- "ကျိန့်ဟော်"ရထား ဖွင့်လှစ်ခြင်း တစ်နှစ်ပြည့်၊ နယ်စပ်ဖြတ်ကျော် ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်း ချောမွေ့စွာ လည်ပတ်လျက်ရှိ


















