ယူနန်ပြည်နယ်ရှိ တောရိုင်းမှိုသည် ရောင်းဝယ်မှု အများဆုံးကာလသို့ ဝင်ရောက်ပြီ
2023-08-31 16:36|
(ရောင်စုံတိမ်တံတား၊ ခင်ခင်) သြဂုတ်လ ၂၇ ရက်နေ့တွင် ယူနန်မူဆွေဟွာ တောရိုင်းမှိုရောင်းဝယ်ရေးစင်တာထဲ၌ အလွန်စည်ကား၍ သွားလာသူစလုံး၏ လက်ထဲတွင် မျိုးစုံသော တောရိုင်းမှိုများ တစ်ထုပ်ထုပ်ကို ဆွဲကိုင်နေကြ၍ ၎င်းအနက် Tricholoma matsutake (lto et lmai) Singer နှင့် Termitornyces albuminosus (Berk) Heim များကို လူကြိုက်များသည်။
ယခုနှစ်တွင် တောရိုင်းမှိုများကို စျေးတွင် စတင်ရောင်းချချိန်သည် နည်းနည်းရွှေ့ဆိုင်းခဲ့ပြီး ဇူလိုင်လတွင် မိုးပေါများစွာ ရွာပြီးနောက် တောရိုင်းမှိုများကို ရောင်းဝယ်မှု အများဆုံးကာလသို့ ရောက်ရှိခဲ့သည်။ သြဂုတ်လအတွင်း နေတိုင်း တောရိုင်းမှို အမျိုးပေါင်း ၃၀ ကျော်ကို ရောင်းချလျက်ရှိပြီး နေ့စဉ်ရောင်းဝယ်မှုပမာဏမှာ တန်ချိန် ၆၀၀ ခန့်ရှိ၍ စျေးလည်း တနေ့တခြား သက်သာလာနေကာ Termitornyces albuminosus (Berk) Heim ၏ စျေးနှုန်းမှာ တစ်ကီလိုဂရမ် ယွမ် ၂၀၀ ဖြစ်ပြီး Tricholoma matsutake (lto et lmai) Singer မှာ တစ်ကီလိုဂရမ် ယွမ် ၄၀၀ ဖြစ်သည်။
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- ယခုနှစ် ပထမ ၁၁ လအတွင်း ယူနန့် လတ်ဆတ်သောဖြတ်ပန်းပွင့် တင်ပို့မှုအတန်ဖိုးသည် တရုတ်ပထမနေရာတွင် ရပ်တည်ခဲ့
- ပထမဆုံးအသုတ် မြန်မာ့ကျောက်စိမ်းသည် ယူနန်ရှိ မိန်းတိန် ချင်းရွှေဟော်ဂိတ်၌ အကောက်ခွန် အဆင်ပြေချောမွေ့စွာ ကျော်ဖြတ်
- ကော်ဖီသည် ကူမင်းမြို့မှ ကမ္ဘာသို့ ကမ်းလှမ်းပေးသည့် နာမည်ကတ်ပြား နောက်တစ်စောင် ဖြစ်လာ
- ယူနန်ပြည်နယ်သည် မြန်မာနိုင်ငံမှ မက္ကဒေးမီးယားသီးနှံများကို ပထမဆုံးအကြိမ် တင်သွင်းခဲ့


















