တိန်ချီးစိုစွတ်မြေသို့ သွားရောက်လည်ပတ်၍ ဂေဟစနစ်၏ လှပမှုများကို ခံစား
2023-08-30 10:25|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) သြဂုတ်လတွင် တိန်ချီးရေကန်၏ အရှေ့ဘက်ကမ်းရှိ လောင်ယူဟယ် စိုစွတ်မြေဥယျာဉ်တွင် ရှုခင်းများသည် ပန်းချီးကဲ့သို့ လှပ၍ Taxodium 'Zhongshanshan' အပင် ၃.၂ သောင်းသည် စိမ်းစိုဝေဆိုင်းသည်။ ထင်းရှူးပင်များ သစ်တောဖြစ်လာသည့်၊ သစ်တောထဲတွင် ငှက်များရှိသည့်၊ သစ်တောအောက်တွင် ရေရှိသည့်၊ ရေထဲတွင် ငါးများရှိသည့်၊ ရေများ စီးဆင်းဝိုင်းပတ်နေသည့် "ရေပေါ်သစ်တော" ထဲတွင် ခရီးသည်များသည် "ကျောက်သလင်းလှေ"စီးပြီး ၄င်းတို့အကြားတွင် သွားလာ၍ ဤလျှို့ဝှက်နေရာ၏ လှပမှုများကို ဆိတ်ငြိမ်စွာ ခံစားကြသည်။ ကလေးများသည် ၄င်းတို့၏ မိဘများ၏ ကြည့်ရှုစောင့်ရှောက်မှုဖြင့် ရေကမ်းစပ်၌ ငါးနှင့် ပုစွန်များကို ဖမ်းရန် လက်ဆွဲပိုက်အိတ်များနှင့် ပုံးကလေးများကို ကိုင်ဆောင်ထားကြသည်။ တိန်ချီးရေကန်၏ ကျယ်ပြန့်သော ရှုခင်းများသည် ခရီးသည်များကို ရေတိမ်သောင်ပြင်များပေါ်တွင် ရေနှင့် နီးစပ်စွာ ကစားရန်နှင့် ဂေဟခရီးစဉ်ကို အားရပါးရ ခံစားရန် ဆွဲဆောင်ထားကြသည်။
အခုအချိန်တွင် တိန်ချီးရေကန်ပတ် စိုစွတ်မြေ၏ ရုက္ခပင်ဖုံးလွှမ်းမှုနှုန်းသည် ၂၀၀၇ ခုနှစ်၏ ၁၃.၁ ရာခိုင်နှုန်းမှ ၈၁ ရာခိုင်နှုန်းခန့်အထိ တိုးလာပြီ ဖြစ်၍ ရုက္ခပင်၏ မျိုးစိတ်သည် ၂၃၂ မျိုးမှ ၃၀၃ မျိုးအထိ တိုးလာ၍ ငှက်မျိုးသည် ၈၉ မျိုးမှ ၁၇၅ မျိုးအထိ တိုးလာ၍ ငါးမျိုး ၂၆ မျိုး ရှိနေသည်။ ၂၀၀၈ ခုနှစ်မှ ယခုအချိန်အထိ စိုစွတ်မြေများကို အဓိကပါဝင်ထားသည့် တိန်ချီးရေကန်ပတ် ဂေဟဒေသ အမိုပေါင်း ၆.၂၉ သောင်းကို တည်ဆောက်ပြီးဆုံးခဲ့၍ တိန်ချီးရေကန်၏ ကမ်းစပ်တွင် ပျမ်းမျှအကျယ်အဝန်း မီတာ ၂၀၀ ခန့် ရှိသည့် ပိတ်လိုက်သော ဂေဟရပ်ဝန်းတစ်ခုကို ကနဦးတည်ဆောက်ခဲ့၍ သဘာဝဂေဟစနစ်ကို အဓိကကျပြီး ဖွဲ့စည်းပုံနှင့် စွမ်းဆောင်နိုင်မှု ပြည့်စုံကောင်းမွန်သော ရေကန်ဘေး သဘာဝကျသော အစိမ်းရောင်အကာအရံတစ်ခုကို ဖြစ်လာခဲ့၍ ရေကန်ဘေးရှိ ဂေဟစနစ်၏ စွမ်းဆောင်နိုင်မှုများနှင့် ဇီဝမျိုးစုံမျိုးကွဲများကို ပြန်လည်ကောင်းမွန်လာစေသည်။
8月,位于滇池东岸的捞渔河湿地公园景色如画,3.2万株中山杉葱葱茏茏。在杉树成林、林中有鸟、林下有水、水中有鱼、水流回环的“水上森林”里,游客们乘坐“水晶船”穿梭其中,静享秘境之美;孩童在家长的看护下举着网兜、提着小桶在水岸边捉鱼摸虾;辽阔的滇池之景吸引着游客们在浅滩上亲水游玩,纵享生态之旅。
据介绍,环滇池湿地植被覆盖率已从2007年的13.1%提升到现在的约81%,植物物种从232种增加至303种,鸟类从89种增加至175种,现有鱼类26种。2008年至今,共建成以湿地为主的滇池环湖生态带6.29万亩,滇池湖滨已初步构建出一条平均宽度约200米的闭合生态带,形成了一条以自然生态为主,结构完整、功能完善的湖滨生态绿色屏障,湖滨生态功能和生物多样性得到恢复。(云南日报 记者胡妤雅)
အယ်ဒီတာ: ခင်ခင် တာဝန်ခံအယ်ဒီတာ: Xu Ting
- ၁၇ ကြိမ်မြောက် တရုတ် ကူမင်း နှစ်သစ်ကူးကုန်စည်ပြပွဲကို ကျင်းပနေ
- ယူနန်ပြည်နယ် တာ့လီမြို့တွင် ပထမဆုံး နိုင်ငံတကာ တိုက်ရိုက်လေကြောင်းလိုင်းကို ဖွင့်လှစ်
- ယူနန်ပြည်နယ်မှ ပြည်သူများသည် ကျီးဇူစန်းတောင်သို့ အခမဲ့ လည်ပတ်ကြည့်ရှုနိုင်
- Lucky Air သည် ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ကူမင်း-ဗီယင်ကျန်း နိုင်ငံတကာ လေကြောင်းလိုင်းသစ်ကို စတင်ဖွင့်လှစ်
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- အရှေ့တောင်အာရှ ကုန်ပစ္စည်းကလေးများသည် ကူမင်းမြို့ရှိ "နှစ်သစ်ကူးကုန်စည်ပြပွဲ"တွင် ရေပန်းစားနေ
- "ရထားလမ်း ဖွင့်လှစ်တာနဲ့အမျှ အားလုံး အရှိန်တိုးလာနေတယ်" ဟု ဟွန်ကျွင့်ကျယ်က ပြောဆိုခဲ့
- တရုတ်-လာအို ရထားလမ်းနှင့် မိုဟန်ဆိပ်ကမ်းတို့သည် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြု
- တရုတ်-လာအို ရထားလမ်းကို မှီခိုပြီး မိုဟန်မြို့နယ်သည် ဖွံ့ဖြိုးတိုးတက်မှုရလဒ်များ ရရှိ