တရုတ်-တောင်အာရှကုန်စည်ပြပွဲတွင် ပါဝင်ပြသမည့် ပထမအသုတ် ကုန်ပစ္စည်း ၅၉ ခုသည် အကောက်ခွန်ဌာနမှ အောင်မြင်စွာ ဖြတ်သန်းခဲ့

2023-08-10 17:50|ရောင်စုံတိမ်တံတား

(ရောင်စုံတိမ်တံတား လဲ့ရွှေရည်သြဂုတ်လ ၄ ရက်နေ့တွင် (၇)ကြိမ်မြောက် တရုတ်-တောင်အာရှကုန်စည်ပြပွဲနှင့် (၂၇)ကြိမ်မြောက် တရုတ် (ကူမင်း) ပို့ကုန်/သွင်းကုန်ကုန်စည်ပြပွဲတွင် ပါဝင်ပြသမည့် ပထမအသုတ် ကုန်ပစ္စည်း ၅၉ ခုသည် ကူမင်းအကောက်ခွန်ရုံး၏ လက်အောက်ခံ ကူမင်းစာတိုက်အကောက်ခွန်ရုံးမှ ဝန်ထမ်းများ၏ ကြီးကြပ်မှုအောက်တွင် ပြတိုက်သို့ ဝင်ရောက်၍ ပြသမည့် ကုန်ပစ္စည်းများကို ခင်းကျင်းခဲ့ကြသည်။ 

"ဒီအသုတ် ကုန်ပစ္စည်းတွေက ပါကစ္စတန်၊ အိန္ဒိယနဲ့ အခြားနိုင်ငံတွေက လာတာပါ၊ အဝတ်အထည်၊ ပိုက်ဆံအိတ်နဲ့ သားရေဥထုပ် စတာတွေ အဓိကပါဝင်ထားပါတယ်၊ ကူမင်း ချမ်ဆွေ အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို လေကြောင်းနဲ့ ပို့ဆောင်လာပါတယ်။ လုပ်ငန်းကုမ္ပဏီတွေအတွက် ကုန်စည်ပို့ဆောင်ရေး ကုန်ကျစရိတ်တွေကို လျှော့ချပေးဖို့၊ ပြသမယ့် ကုန်ပစ္စည်းတွေကို အကောက်ခွန်ဌာနကနေ လျင်လျင်မြန်မြန် ဖြတ်သန်းသွားစေဖို့နဲ့ အချိန်မီ ပါဝင်ပြသစေဖို့ ဒီအကြိမ်ပြပွဲမှာ ပါဝင်ပြသမယ့် ကုန်ပစ္စည်းစလုံးကို နိုင်ငံတစ်ခုလုံးအတွင်း တစ်သားတည်း အကောက်ခွန်ရှင်းလင်းရေး နည်းလမ်းကတစ်ဆင့် တင်သွင်းလာပါမယ်" ဟု Yunnan Tongyi International Freight Forwarding Co., Ltd ၏ အကောက်ခွန်ရုံးထံ အစီရင်ခံသည့် မန်နေဂျာ ဖုယူက ပြောကြားခဲ့သည်။

တရုတ်-တောင်အာရှကုန်စည်ပြပွဲ၏ ဝန်ဆောင်မှု အာမခံချက်များကို ခိုင်မာစေရန်၊ ပါဝင်ပြသမည့် ပြည်ဝင်ပြည်ထွက်သူများ၊ ပစ္စည်းများ၏ အကောက်ခွန်ရှင်းလင်းရေး ကြီးကြပ်မှုနှင့် ဝန်ဆောင်မှုများကို ကောင်းမွန်အောင် ဆောင်ရွက်နိုင်ရန် ကူမင်းအကောက်ခွန်ရုံးသည် "၂၀၂၃ ခုနှစ် (၇)ကြိမ်မြောက် တရုတ်-တောင်အာရှကုန်စည်ပြပွဲနှင့် (၂၇)ကြိမ်မြောက် တရုတ် (ကူမင်း) ပို့ကုန်/သွင်းကုန်ကုန်စည်ပြပွဲ၏ အကောက်ခွန်ရှင်းလင်းရေး လမ်းညွှန်ချက်များ" နှင့် အကောက်ခွန်ရှင်းလင်းရေး အဆင်ပြေလွယ်ကူရေးအတွက် ဆောင်ရွက်ချက် ၁၂ ချက်တို့ကို ရေးဆွဲချမှတ်ခဲ့သည်။

အဆိုပါ လမ်းညွှန်ချက်များသည် တရုတ်-တောင်အာရှကုန်စည်ပြပွဲ နှင့်ပတ်သက်သည့် လုပ်ငန်းကုမ္ပဏီများ၏ တိုင်ကြား မှတ်တမ်းတင်ထားခြင်း၊ တင်သွင်းလာသည့် ပစ္စည်းများ၏ အစီရင်ခံခြင်း၊ ပြသမည့် ပစ္စည်းများ၏ စစ်ဆေးခြင်းနှင့် ခွင့်ပြုခြင်း၊ ပြပွဲအတွင်းရှိ ကြီးကြပ်ခြင်း၊ ပြသရေးပစ္စည်းများ၏ စီစဉ်ခြင်း၊ ခရီးသည်များ၏ အကောက်ခွန်ဌာန ဖြတ်သန်းခြင်း အစီအစဉ်နှင့် စီမံခန့်ခွဲမှုစည်းမျဉ်းများ စသည့်နယ်ပယ်များတွင် ပါဝင်ပြသမည့် ပြည်ဝင်ပြည်ထွက်သူများ၊ ပစ္စည်းများ၏ အကောက်ခွန်ရှင်းလင်းရေးနှင့် နောက်ဆက်တွဲ ကြီးကြပ်မှု လိုအပ်ချက်များကို အသေးစိတ်ရေးဆွဲကာ သက်ဆိုင်ရာ မူဝါဒများနှင့် စည်းမျဉ်းစည်းကမ်းများကို ကြိုတင်သိရှိနားလည်ရန် ပါဝင်ပြသမည့် လုပ်ငန်းကုမ္ပဏီများနှင့် သက်ဆိုင်ရာဝန်ထမ်းများအား ကူညီပေးနိုင်သည်။

ထို့ပြင် ကူမင်းအကောက်ခွန်ရုံးသည် ယခင်နှစ်များထဲမှ အတွေ့အကြုံများကို ပေါင်းရုံးသုံးသပ်ခဲ့၍ နောက်ဆုံးပေါ် အကောက်ခွန်ရှင်းလင်းရေး အဆင်ပြေလွယ်ကူရေးအတွက် မူဝါဒများနှင့် ရောနှောပေါင်းစပ်၍ ဝန်ဆောင်မှု အာမခံချက်များကို ကောင်းမွန်အောင် ဆောင်ရွက်ခြင်း၊ ဦးစားပေးမူဝါဒများကို ပံ့ပိုးပေးခြင်း၊ အကောက်ခွန်ရှင်းလင်းရေး စည်းကမ်းသတ်မှတ်ချက်များကို လွယ်ကူစေခြင်း၊ သိပ္ပံနှင့်နည်းပညာ နည်းလမ်းများဖြင့် ကြီးကြပ်မှုဆိုင်ရာ ဝန်ဆောင်မှုများကို ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ခြင်း ဖြစ်သည့် ကဏ္ဍ ၄ ခုမှ ကုန်စည်ပြပွဲသို့ ဝန်ထမ်းများစေလွှတ်ခြင်း၊ အကောက်ခွန်ရှင်းလင်းရေး စည်းကမ်းသတ်မှတ်ချက်များကို လွယ်ကူစေခြင်း၊ တပေါင်းတစည်းတည်း အာမခံပေးခြင်းနှင့် "ပြသရေးနှင့် စစ်ဆေးရေး တစ်ပြိုင်နက်တည်း ဆောင်ရွက်ရန်" ခွင့်ပြုခြင်း စသည့် အတိအကျ ဆောင်ရွက်ချက် ၁၂ ချက်ကို ရေးဆွဲချမှတ်ခဲ့ကာ တရုတ်-တောင်အာရှကုန်စည်ပြပွဲတွင် ပြည်ဝင်ပြည်ထွက်သူများနှင့် ပစ္စည်းများကို လုံခြုံစွာ၊ အဆင်ပြေစွာ၊ ထိရောက်စွာ အကောက်ခွန်ရှင်းလင်းရေး ဆောင်ရွက်နိုင်ရန် အာမခံပေးနိုင်သည်။

ကူမင်းအကောက်ခွန်ရုံးသည် သက်ဆိုင်ရာ ကျွမ်းကျင်သူများကိုလည်း ရွေးချယ်ပြီးနောက် ပြတိုက်သို့ စေလွှတ်မည်၊ ပြည်တွင်းပြည်ပ ကုန်သည်များအတွက် ပြတိုက်အတွင်းရှိ ကြီးကြပ်မှုနှင့် အတိုင်ပင်ခံခြင်း ဝန်ဆောင်မှုများကိုလည်း ပေးမည် ဖြစ်၍ ပြည်ဝင်ပြည်ထွက် ပြသရေးပစ္စည်းများ၏ အကောက်ခွန်ရှင်းလင်းရေး စသည့် အကောက်ခွန်ရုံး၏ လုပ်ငန်းများဆိုင်ရာ မေးမြန်းမှုများကိုလည်း ဘက်စုံဖြေရှင်းမည် ဖြစ်သည်။ 


昆明信息港讯(昆明日报 记者缪亚平 通讯员邱渝璠 张蕾)8月4日,第7届中国—南亚博览会暨第27届中国昆明进出口商品交易会首批59件展品,在昆明海关所属昆明邮局海关工作人员的监管下进入展厅布展。

“该批展品来自巴基斯坦、印度等国家,主要是服装、钱夹、皮帽等,采用航空运输至昆明长水国际机场。本届南博会展品均采用全国通关一体化方式申报,为企业压减物流成本,保证展品快速通关、按时参展。”云南通易国际货运代理有限公司报关经理傅瑜说。

为加强对南博会的服务保障,做好对参会进出境人员、物资的通关监管和服务,昆明海关制定《2023年第7届中国—南亚博览会暨第27届中国昆明进出口商品交易会海关通关指南》(以下简称《通关指南》)和12条通关便利措施。

《通关指南》从南博会企业备案、进境物资申报、展览品查验与放行、展中监管、展览品处置、旅客通关流程及管理规定等方面,细化参展进出境人员、物资的通关及后续监管要求,帮助参展企业和相关人员提前掌握相关政策规定。

此外,昆明海关总结历年经验,结合最新通关便利化政策,从做好服务保障、提供优惠政策、简化通关手续、运用科技手段提升监管服务4个方面,制定派员驻会服务、简化通关手续、统一担保、允许“展检同步”等12条具体措施,确保南博会进出境人员、物资通关安全、顺畅、高效。

昆明海关还将选派业务专家入驻展馆,为中外客商提供驻场监管和咨询服务,全方位解答进出境展品通关等各类海关业务咨询。

အယ်ဒီတာ: ခင်ခင် တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73ကျပ်