ယူနန်ဆိပ်ကမ်းများ မှတစ်ဆင့် သွင်းယူသည့် အာဆီယံနိုင်ငံများထွက် သစ်သီးဝလံ၏ ပမာဏသည် လျင်မြန်စွာ တိုးလာ
2023-07-31 22:11|
(ရောင်စုံတိမ်တံတား၊ ခင်ခင်) ယခုနှစ် ဇန်နဝါရီလမှ ဇွန်လအထိ ကူမင်းအကောက်ခွန်ရုံးသည် အာဆီယံနိုင်ငံများမှ သွင်းယူသည့် သစ်သီးဝလံ စုစုပေါင်း တန်ချိန် ၄၈.၅ သောင်းကို စောင့်ကြပ်ခဲ့ပြီး မနှစ်က အလားတူကာလထက် ၁၆.၆ ရာခိုင်နှုန်း တိုးပွားလာခဲ့သည် ဖြစ်ကြောင်း၊ ကုန်စည်တန်ဖိုးမှာ ယွမ် ၁၀.၄၈ ဘီလီယံ ရှိပြီး မနှစ်က အလားတူကာလထက် ၄၂.၃ ရာခိုင်နှုန်း တိုးလာခဲ့သည် ဖြစ်ကြောင်း သတင်းထောက်သည် ကူမင်း အကောက်ခွန်ရုံးမှ သိရှိရခဲ့သည်။
ဟယ်ခုတ်ဆိပ်ကမ်းတွင် သစ်သီးဝလံများသွင်းယူရန် သတ်မှတ်ထားသော စောင့်ကြည့်စစ်ဆေးရေးနေရာသည် ၂၀၂၀ ပြည့်နှစ်တွင် အကောက်ခွန်ရုံးချုပ်၏ ခွင့်ပြုချက် ရရှိခဲ့ပြီး ယူနန်ပြည်နယ်ရှိ သစ်သီးဝလံများ သွင်းယူရန် သတ်မှတ်ထားသော စောင့်ကြည့်စစ်ဆေးရေးနေရာ ၉ ခုထဲမှ တစ်ခု ဖြစ်ကြောင်း၊ ယခုနှစ် ပထမနှစ်ဝက်တွင် ဟယ်ခုတ်အကောက်ခွန်ရုံးသည် အာဆီယံနိုင်ငံများမှ သွင်းယူသည့် သစ်သီးဝလံ စုစုပေါင်း တန်ချိန် ၁၁.၂ သောင်းကို စောင့်ကြည့်စစ်ဆေးခဲ့ပြီး တန်ဖိုးမှာ အယွမ် သန်း ၈၉၀ ရှိ၍ မနှစ်က အလားတူကာလထက် ၆.၆ ဆနှင့် ၁၉ ဆ ခွဲခြားတိုးလာခဲ့ကြောင်း၊ ယခုနှစ်မှစ၍ တရုတ်ပြည်တွင်းဈေးကွက်တွင် သစ်သီးစားသုံးမှု လိုအပ်ချက် များပြားလာခြင်း နှင့်အမျှ ဟယ်ခုတ်ဆိပ်ကမ်းသည် ထိုင်းနိုင်ငံထွက် ဒူးရင်းသီးနှင့် မင်းကွတ်သီး၊ လာအိုနိုင်ငံထွက် ပင်မှည့်သီးနှင့် ကျွဲကောသီး အသီး ၄ မျိုးကို သစ်လွင်သွင်းယူနေကြောင်း ကူမင်းအကောက်ခွန်ရုံးက မိတ်ဆက်ပေးခဲ့သည်။
သွင်းယူသည့် သစ်သီးဝလံများကို အကောက်ခွန်ရှင်းလင်းရေးလုပ်ငန်း လျင်မြန်စွာ ပြီးဆုံးနိုင်စေရန်အတွက် ကူမင်းအကောက်ခွန်ရုံးသည် သွင်းယူသည့် လတ်ဆတ်သော သစ်သီးဝလံများကို စစ်ဆေးရေး "အစိမ်းရောင်လမ်းကြောင်း" ဖွင့်လှစ်ခဲ့သည်။ ထို့ပြင် ပိုးမွှားအန္တရာယ်စသည့် ဆိုးကျိုးရှိပိုးကောင်များ စစ်ဆေးခြင်းနှင့် ကူးစက်တတ်သောရောဂါ ကာကွယ်ချုပ်ထိန်းခြင်းအလုပ်ကို အလေးပေးဆောင်ရွက်ပြီး ဘေးကင်းလုံခြုံစွာ လွှတ်ပေးရန် အာမခံပေးသည်။
记者从昆明海关了解到,今年1月至6月,昆明海关累计监管来自东盟国家的进口水果48.5万吨,同比增长16.6%;货值104.8亿元,同比增长42.3%。
昆明海关介绍,河口口岸进境水果指定监管场地于2020年获海关总署批复同意,是云南省9个进境水果指定监管场地之一。今年上半年河口海关共监管验放进口东盟国家水果11.2万吨、货值8.9亿元,同比分别增长6.6倍、19倍。今年以来随着国内市场水果消费需求增长,河口口岸新增进口泰国榴莲、泰国山竹、老挝百香果、老挝柚子4种过境第三国产品。
为保障进口水果快速通关,昆明海关开设进境新鲜水果查验“绿色通道”。同时,重点开展病虫害等有害生物检验检疫,确保安全验放。(云南日报 记者刘子语 通讯员范家瑞 南江露)
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
- ၁၇ ကြိမ်မြောက် တရုတ် ကူမင်း နှစ်သစ်ကူးကုန်စည်ပြပွဲကို ကျင်းပနေ
- ယူနန်ပြည်နယ် တာ့လီမြို့တွင် ပထမဆုံး နိုင်ငံတကာ တိုက်ရိုက်လေကြောင်းလိုင်းကို ဖွင့်လှစ်
- ယူနန်ပြည်နယ်မှ ပြည်သူများသည် ကျီးဇူစန်းတောင်သို့ အခမဲ့ လည်ပတ်ကြည့်ရှုနိုင်
- Lucky Air သည် ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ကူမင်း-ဗီယင်ကျန်း နိုင်ငံတကာ လေကြောင်းလိုင်းသစ်ကို စတင်ဖွင့်လှစ်
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- အရှေ့တောင်အာရှ ကုန်ပစ္စည်းကလေးများသည် ကူမင်းမြို့ရှိ "နှစ်သစ်ကူးကုန်စည်ပြပွဲ"တွင် ရေပန်းစားနေ
- "ရထားလမ်း ဖွင့်လှစ်တာနဲ့အမျှ အားလုံး အရှိန်တိုးလာနေတယ်" ဟု ဟွန်ကျွင့်ကျယ်က ပြောဆိုခဲ့
- တရုတ်-လာအို ရထားလမ်းနှင့် မိုဟန်ဆိပ်ကမ်းတို့သည် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြု
- တရုတ်-လာအို ရထားလမ်းကို မှီခိုပြီး မိုဟန်မြို့နယ်သည် ဖွံ့ဖြိုးတိုးတက်မှုရလဒ်များ ရရှိ