National Geographic မဂ္ဂဇင်း၏ ဂန္တဝင်ဓာတ်ပုံပြပွဲကို ကူမင်းမြို့၌ စတင်ကျင်းပခဲ့

2023-07-31 00:06|ရောင်စုံတိမ်တံတား

1

(ရောင်စုံတိမ်တံတား ခင်ခင်ဇူလိုင်လ ၂၁ ရက်နေ့တွင် National Geographic မဂ္ဂဇင်း၏ ဂန္တဝင်ဓာတ်ပုံပြပွဲကို ကူမင်းမြို့၌ ဟိန်လုံကွင်းပြင်ရှိ L၄ ပြခန်း၌ စတင်ကျင်းပခဲ့သည် ဖြစ်၍ မြို့သူမြို့သားများနှင့် ခရီးသည်များသည် သမိုင်း နှစ်ပေါင်း ၁၃၀ ကျော် ကြာသည့် ကမ္ဘာတစ်ခုလုံး ဂန္တဝင်ဓာတ်ပုံများကို ကြည့်ရှုနိုင်၍ မှန်ဘီလူး နောက်ကွယ်မှ အလှိုက်တလှဲဖြစ်စေသည့် ပုံပြင်များနှင့် အနှစ်သာရနှင့်ပြည့်စုံသော မြင်ကွင်းများကို ခံစားနိုင်မည် ဖြစ်သည်။

2

သဘာဝအလှမှ လူမှုရေးနှင့် သိပ္ပံနည်းပညာသို့အထိ၊ သေးသိမ်အရာများမှ ကြီးမားကျယ်ပြောလှသည့် စကြဝဠာသို့အထိ၊ စူးစမ်းရှာဖွေတွေ့ရှိမှု၊ ကမ္ဘာမြေကြီး၏အလှ၊ နက်နဲသိမ်မွေ့သောအသက်၊ မသိသေးသောနေရာကို ရဲရင့်စွာထိုးတက်ခြင်း၊ မြင်ကွင်းသစ်၊ ပတ်ဝန်းကျင်ကာကွယ်ရေးအသံ၊ National Geographic မဂ္ဂဇင်း၏ ဓာတ်ပုံသတင်းထောက်များနှင့် မားမားမတ်မတ်သော တရုတ်နိုင်ငံ ဟူသော ခေါင်းစဉ် ၈ ခု မှ အနှစ်သာရနှင့် ပြည့်စုံသော ဓာတ်ပုံလက်ရာ အချပ် ၁၇၀ တို့သည် ပြပွဲလာကြည့်သည့် လူများကို ဦးဆောင်ကြ၍ သဘာဝမထဝီ၏ များပြားလှသော အခြေအနေနှင့် ပုံစံများအား ကြည့်ရှုခံစားစေ သည့်အပြင် ဓာတ်ပုံလက်ရာများနှင့် မျက်နှာချင်းဆိုင်ပြီး တောရိုင်းတိရစ္ဆာန်များ၊ လူမှုရေး၊ သမိုင်းကြောင်းနှင့် လူ့ဘောင်များဆိုင်ရာ တန်ဖိုးကြီးပြီး အလှိုက်တလှဲဖြစ်စေသည့် ဂန္တဝင်မြင်ကွင်းများကိုလည်း တိကျစွာ ခံစားစေကြသည်။ မားမားမတ်မတ်သော တရုတ်နိုင်ငံ ဟူသော ခေါင်းစဉ် ဖြစ်သည့် ပြခန်းသည် ဤလှည့်လည်ပြပွဲထဲတွင် ပထမအကြိမ် ပါဝင်သည် ဖြစ်၍ National Geographic မဂ္ဂဇင်း၏ ရှုထောင့်၏ အောက်တွင် စတုရန်းကီလိုမီတာ ၉.၆ သန်းကျော် ရှိသည့် မြေကြီး၏ ခမ်းနားထည်ဝါသော တောတောင်ရေမြေအလှကို ရှာဖွေတွေ့ရှိပြီး တရုတ်အမျိုးသား၏ နှစ်ပေါင်းထောင်ချီ ကြာသည့် ယဉ်ကျေးမှုများကို ခံစားနိုင်သည်။

3

National Geographic မဂ္ဂဇင်း၏ ဂန္တဝင်ဓာတ်ပုံပြပွဲကို နိုဝင်ဘာလ ၇ ရက်အထိ ဆက်လက်ကျင်းပမည် ဖြစ်၍ ပြပွဲလာကြည့်သည့် လူများသည် National Geographic မဂ္ဂဇင်းမှ နိုင်ငံတကာ ဓာတ်ပုံဆရာများ၏ မှန်ဘီလူးအလိုက် ကောင်းကင်၊ ကုန်းမြေနှင့် ပင်လယ်တို့ကို အတူဖြတ်ကျော်ပြီး လူမှုရေးနှင့် သဘာဝလောကကြီးတို့ကို ချိတ်ဆက်၍ ဤကမ္ဘာနှင့် ပုံပြင်များကို စူးစမ်းခြင်း၊ ကြုံဖူးခြင်း၊ မျက်မြင်သက်သေခြင်းတို့ အတူတကွ လုပ်ဆောင်ကာ နှစ်ပေါင်းရာချီ ကြာသည့် အလင်းနှင့် အရိပ်များထဲတွင် ကမ္ဘာကြီး၏ ညို့နိုင်စွမ်းများကို တစေ့စေ့ တွေးနိုင်ကြသည်။

4

5

6

7

8

9

10

1

7月21日,国家地理经典影像大展昆明站在恒隆广场L4展厅开展,跨越了130余年的全球经典摄影作品和市民游客进行时空对话,传递镜头背后的感人故事与精彩瞬间。

2

从自然之美到人文科技,从细微之物到浩瀚宇宙,“探索发现、大地之美、奥妙生命、勇闯未知、全新视界、环保之声、《国家地理》的摄影记者们、巍巍华夏”八大主题板块、170幅精彩的摄影作品引领观展群众领略自然地理的万千概貌,与作品面对面,细读野生动物、人文、历史、社会珍贵而动人的经典瞬间……巍巍华夏展区首次出现在巡展中,在国家地理的视角下发现960多万平方公里土地的壮阔山河之美,体验中华民族的千年文明。

3

据了解,此次国家地理经典影像大展展期将持续至11月7日,观展群众可跟随《国家地理》国际摄影师们的镜头,一同穿梭天空、陆地和海洋,联结人文与自然,一起去探索、去经历、去见证这个世界与故事,于百年光影间领略世界魅力。(云南网 记者胡妤雅 摄影报道)

4

5

6

7

8

9

10

အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73ကျပ်