ယူနန်ပြည်နယ် ကျောင်းယန်ရပ်ကွက်ရှိ ခြောက်လပန်းများသည် ဝေဝေဆာဆာပွင့်ဖူးနေ၍ လှပသည့်အရာများ များပြားလှ
2023-07-27 10:24|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) ဇူလိုင်လတွင် ယူနန်ပြည်နယ် ကျောင်းထုံးမြို့ ကျောင်းယန်ရပ်ကွက်ရှိ ဘိုင်ဟိုစန်းတောင် ဥယျာဉ်ခြံမြေ၌ ခြောက်လပန်း အမို ၂၀ ကျော်သည် ရိုမန်တစ်ဆန်စွာ ဝေဝေဆာဆာ ပွင့်ဖူးနေ၍ ဆောင်းဦးမြို့ဟုခေါ်သည့် ကျောင်းယန်ရပ်ကွက်၏ နွေရာသီအတွက် အိပ်မက်ဆန်သော အရောင်များ တင်ထားသည်။ မိုးဖွဲဖွဲရွာပြီးနောက် မိုးရေစိုစွတ်သော ခြောက်လပန်းများသည် သေသပ်လှပ ရှုချင့်ဖွယ်ကောင်းပြီး ချစ်စဖွယ်ကောင်း၍ ခြောက်လပန်းများ အလှဆင်ထားသည့် စိမ်းလန်းစိုပြေသော တောတောင်ရေမြေသည် ကလေးပုံပြင်ကဲ့သို့ ဖြစ်သည်။
ခြောက်လပန်းသည် ပေါင်းရှန်းပန်း၊ ဇီယန်ပန်း စသည်တို့ဟုလည်း ခေါ်၍ ၄င်း၏ အရောင်များတွင် အပြာရောင်၊ အဖြူရောင်၊ ခရမ်းနီရောင်၊ ပန်းရောင်၊ မက်မုံပန်းရောင် စသည်တို့ ရှိသည်။ ဘိုင်ဟိုစန်းတောင်ရှိ ခြောက်လပန်းများ၏ အဓိက အမျိုးအစားများတွင် ဝူကျင့်ရှာ့၊ မူပိန်၊ ယွန်ကျွေ စသည်တို့ ပါဝင်သည်။ ခြောက်လပန်း အများစု၏ ပန်းပွင့်ချိန်သည် မေလမှ ဇွန်လအတွင်းတွင် အဓိကရှိနေပြီး တစ်လခန့်ကြာ ဆက်လက်ပွင့်ဖူးနိုင် သော်လည်း "ဝူကျင့်ရှာ့" ဟူသော ခြောက်လပန်းများသည် မေလမှ ဇွန်လအတွင်းမှစ၍ ဆောင်းကူးရာသီနှောင်းပိုင်းအထိ ဖွင့်ဖူးနိုင်သည်။
အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: Xu Ting
- ကူမင်းမှ ထူလူဖန်းသို့ တိုက်ရိုက်ပျံသန်းသည့် ခရီးသွား စင်းလုံးငှားလေယာဉ်ကို ၂၀ ရက်နေ့တွင် ဖွင့်လှစ်မည်
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို ဇွန်လတွင် ဖွင့်လှစ်မည်ဖြစ်ပြီး ပြပွဲကို ပါဝင်ရန် ကူမင်းမြို့မှ ဖိတ်ခေါ်
- "ဝေလငါးပင်လယ်အော် - တိမ်ပင်လယ်ပန်းခင်း - လေလိုအဆောက်အဦး" ခရီးသွား တိုက်ရိုက်ဘတ်စ်ကား စတင်ပြေးဆွဲခဲ့
- ချုံချင့်-ကူမင်း မြန်နှုန်းမြင့်ရထားလမ်း စခင်း၊ ကူမင်းမြို့မှ ချုံချင့်မြို့သို့ ဟော့ပေါ့သွားစားနိုင်တော့မည်
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- မိုဟန်နယ်စပ်စစ်ဆေးရေးဂိတ်သည် ကြံပင်ပေါင်း တန်ချိန် ၁.၂၄ သန်းကျော်ကို လာအိုမှ တရုတ်သို့ တင်သွင်းနိုင်ရန် ပံ့ပိုးပေး
- ပထမ ၄ လအတွင်း ဟယ်ခုတ်နယ်စပ်ဂိတ်မှတစ်ဆင့် ပြည်ဝင်ပြည်ထွက် ခရီးသည်ပမာဏ အကြိမ်ရေ ၂ သန်းကျော်ရှိလာခဲ့
- ယူနန်၏ နိုင်ငံခြားကုန်သွယ်မှုသည် သုံးလပတ် ၅ ခုဆက်တိုက် တိုးတက်လာခဲ့
- တရုတ်-လာအို-ထိုင်း ပထမဆုံး ရထားလမ်းတစ်လျှောက် အအေးခန်း သစ်သီးတင်သီးသန့်ရထား ကူမင်းသို့ ရောက်ရှိလာခဲ့












