အောက်ပါ ကူမင်းမြို့ရှိ လူကြိုက်များသော စက်ဘီးစီးခရီးစဉ် လမ်းကြောင်းများကို စနေတနင်္ဂနွေနေ့တွင် သွားကြပါ

2023-07-27 10:31|ရောင်စုံတိမ်တံတား

(ရောင်စုံတိမ်တံတား လဲ့ရွှေရည်မြို့တစ်မြို့ကို ခံစားသည့် နည်းလမ်း အများအပြား ရှိ၍ စက်ဘီးစီးခရီးစဉ်သည် ရိုမန်တစ်အဆန်ဆုံး တစ်မျိုး ဖြစ်သည်မှာ သေချာပါသည်။

"မြို့တစ်မြို့က စက်ဘီးစီးခရီးသွားဖို့ သင့်တော်တယ် ဆိုရင် ဒီမြို့ရဲ့ ပျော်ရွှင်မှုညွှန်းကိန်းက အရမ်းမြင့်မားရမယ်။ " ဟု ယခင်က လူတစ်ဦးက ပြောခဲ့သည်။ ကူမင်းမြို့သည် စက်ဘီးစီးရန် သင့်တော်၍ ပျော်ရွှင်မှုညွှန်းကိန်း မြင့်မားသောမြို့ တစ်မြို့ ဖြစ်ပါသည်။

1

ညစ်ညမ်းမဲ့ အစိမ်းရောင်ဖြစ်သည့် ခရီးသွားခြင်းဆိုင်ရာ သဘောတရားသည် လူများ၏ နှလုံးသားထဲတွင် နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေသည် နှင့်အမျှ ကူမင်းမြို့၌ "စက်ဘီးစီးခရီးစဉ်"ကို ကြိုက်နှစ်သက်သည့် လူသည် ပိုများလာပါသည်။ အင်တာနက်သုံးသူများ၏ မျှဝေချက်အရ အယ်ဒီတာသည် စက်ဘီးစီး ခရီးစဉ်လမ်းကြောင်းများကို အောက်ပါ ဖော်ပြထားပါသည်။

5

8

တိန်ချီးရေကန်ပတ် စက်ဘီးစီးခြင်း

ကူမင်းမြို့ရှိ အလှဆုံးသော စက်ဘီးစီးခရီးစဉ်လမ်းကြောင်း

လမ်းကြောင်း- တာ့ကွမ်းဥယျာဉ်- တိန်ချီးလမ်း- ကွမ်းကျင်လမ်း- ဟိုင်ကေရေကာတာ- ဟိုင်ကေဥယျာဉ်- မင်ဆူကျေးရွာ- ဟိုပျင်ရှီးလမ်း- ဟွန်ဟိုတုံးလမ်း- ရှင်းဟိုင်ပန့်သောင် စိုစွတ်မြေဥယျာဉ်- ဟိုင်တုံး စိုစွတ်မြေဥယျာဉ်- ဝမ်ကွမ်း စိုစွတ်မြေဥယျာဉ်- ချမ်ကုမ် တိန်ချီး သဘာဝ စိုစွတ်မြေဥယျာဉ်- လောင်ယူမြစ် စိုစွတ်မြေဥယျာဉ်- ချီစိုင်ယူနန် ဟွန်းလက်စီကျက်- ဟိုပျင်နန်လမ်း- ကျင့်နင်- ရှေးဟောင်းမြို့နယ်- ဟိုင်ခုတ်မြို့နယ်- ကောင်းဟိုင် အမြန်လမ်းလွှဲ- ရှီးဟွာ စိုစွတ်မြေဥယျာဉ်- ဖုစန့်ကျေးရွာ- ကျင်းပေါင်စန်းတောင်- ဟိုပျင်ရှီးလမ်း

အကွာအဝေး- ကီလိုမီတာ ၁၂၀ ခန့်

4

ထူးခြားချက်များ- တိန်ချီးရေကန်သည် ယူနန်ပြည်နယ်တွင် အကြီးဆုံးသော ရေကန်ဖြစ်ပြီး လမ်းတစ်လျှောက်ရှိ ရှုခင်းများသည် သာယာလှပ၍ တိန်ချီးရေကန်ပတ် စက်ဘီးစီးခြင်းသည် ကူမင်းမြို့တစ်ဝိုက်ရှိ လူကြိုက်များသော လမ်းကြောင်းများခဲမှ တစ်ခုဖြစ်ပါသည်။ လမ်းသည် ပြန့်ပြူးကျယ်ပြန့်ပြီး လမ်းတစ်လျှောက်တွင် အဝေးမှ ရှီးစန်းတောင်ကို လှမ်းမျှော်ကြည့်နိုင်ပြီး အနီးမှ တိန်ချီးရေကန်ကို ကြည့်ရှုနိုင်၍ ရှုခင်းသည် သာယာလှပသည်။ စိုစွတ်မြေဥယျာဉ်များအပြင်၊ ဤလမ်းကြောင်းသည် ဟိုင်ယန့်ကျေးရွာ၊ လျံဝမ်းကျေးရွာ၊ နူလျန့်တံငါရွာ၊ နန်တိန်ချီး သဲသောင်ပြင်ဥယျာဉ်၊ ဘိုင်စောင်ကျေးရွာ၊ ကွမ်းယင်းစန်းတောင် စသည့် လူကြိုက်များသော ရှုခင်းသာရပ်ကွက်များကိုလည်း ဖြတ်သန်းသည် ဖြစ်ပါသည်။ ထို့ပြင်၊ ဤလမ်းကြောင်းသည် ကီလိုမီတာ ၅၀ နီးပါးရှိသည့် စက်ဘီးစီးလမ်းရှိ၍ ကူမင်းမြို့တွင် စက်ဘီးစီးခရီးစဉ် အတွေ့အကြုံ မရှိသေးသော စီးနင်းသူများအတွက် သင့်တော်သည့် လမ်းကြောင်းလည်း ဖြစ်ပါသည်။

3

ရှီးစန်းတောင် စက်ဘီးစီးခြင်း

ကူမင်းမြို့ရှိ ကျွမ်းကျင်သူများ၏ စက်ဘီးစီးခရီးစဉ်လမ်းကြောင်

လမ်းကြောင်း- တိန်ချီးလမ်း လူငယ်လှုပ်ရှားမှုစင်တာ- တိန်ချီးလမ်း- ကွမ်းကျင်လမ်း- ဟိုင်ကေရေကာတာ- ဟိုင်ကေဥယျာဉ်- ဟိုပျင်ရှီးလမ်း- ရှီးစန်းတောင်ဥယျာဉ်- မောင်မောင်ချင့်ကျေးရွာ- လမ်းပြဌာန- ရှောင်စီလင်

အကွာအဝေး- ၂၅ ကီလိုမီတာခန့်

10

ထူးခြားချက်များ-  ရှီးစန်းတောင် စက်ဘီးစီးခရီးစဉ်လမ်းကြောင်းသည် ကူမင်းမြို့တွင် လူကြိုက်များသော စက်ဘီးစီးခရီးစဉ်လမ်းကြောင်းများထဲမှ တစ်ခု ဖြစ်၍ ကျွမ်းကျင်သူများ၏ စက်ဘီးစီးခရီးစဉ်လမ်းကြောင်းများတွင် ပါဝင်ထားပါသည်။ အရေးကြီးဆုံးသည်မှာ ရှီးစန်းတောင်ထိပ်သို့ စက်ဘီးစီးတက်လျှင် တိန်ချီးရေကန်နှင့် ကူမင်းမြို့ တစ်ခုလုံးတို့၏ လှပသော ရှုခင်းများကို ငုံ့ကြည့်နိုင်ပါသည်။

11

ကူမင်း ချင်လုံလျှိုမြောင် စက်ဘီးစီးခရီးစဉ်လမ်းကြောင်း

လမ်းကြောင်း- ဖုမင်ခရိုင်- ချင်လုံလျှိုမြောင်- အန်နင် ရေပူစမ်း- မော်ယန် ကျောက်ဆစ်ပန်းပုများ- ပေါက်ဇီချင့်ကျေးရွာ

အကွာအဝေး- ကီလိုမီတာ ၉၀ ခန့်

13

ထူးခြားချက်များ- ကူမင်း ချင်လုံလျှိုမြောင် စက်ဘီးစီးခရီးစဉ်လမ်းကြောင်းသည် ကူမင်းမြို့ရှိ လယ်တောရှုခင်းများ ရှုစားနိုင်သည့် စက်ဘီးစီးခရီးစဉ်လမ်းကြောင်း ဖြစ်၍ ဖုမင်ခရိုင်မှ ထွက်ခွာပြီး ထန်လန်ချွမ်မြစ် တစ်လျှာက် ချင်လုံလျှိုမြောင်၊ အန်နင် ရေပူစမ်းနှင့် ပေါက်ဇီချင့်ကျေးရွာတို့သို့ ရောက်လျှင် ရှုခင်းများ သာယာလှပပြီး လမ်းတစ်လျှောက်တွင် ရွှေဝါရောင်ဖြစ်သော မုန်ညင်းစိမ်းပန်းများကို ရှုစားနိုင်ပြီး အဆုံးမရှိသော ရှုခင်းများရှိပါသည်။

ကူမင်းမြို့ ညရှုခင်းရှုစားနိုင်သည့် စက်ဘီးစီးခရီးစဉ်လမ်းကြောင်း

လမ်းကြောင်း- ဖန်လုံမြစ် အရှေ့ဘက်ကမ်းရှိ မြောက်ဘက် ဒုတိယမြို့ပတ်လမ်း- ဖန်ကျန်းတုံးလမ်း- ယွက်ယာထန် ဥယျာဉ်- ချွင်ဇီချမ် လင်ကျန်းဥယျာဉ်- ကူမင်းဖုပု(ရေတံခွန်)ဥယျာဉ်

အကွာအဝေး- ၉ ကီလိုမီတာခန့်

15

16

ထူးခြားချက်များ- ကူမင်းမြို့ ညရှုခင်းရှုစားနိုင်သည့် စက်ဘီးစီးခရီးစဉ်လမ်းကြောင်းသည် ဖန်လုံမြစ်ရှုခင်းစံပြဒေသနှင့် ဖန်လုံမြစ်ကမ်းတို့ တစ်လျှောက်တွင် အဓိကစီးသည် ဖြစ်ပါသည်။ ညထဲမှ ရေတံခွန်သည် အလွန်ခန့်ညားထည်ဝါသောကြောင့် ပန်လုံမြစ် နှစ်ဘက်ကမ်း၏ အလှဆုံးသော ညရှုခင်းများကို ခံစားနိုင်ရန် ညချမ်းအချိန်တွင် ပန်လုံမြစ်တစ်လျှောက်တွင် စတင်စီးသည်ဟု အကြံပြုပါသည်။ ဤလမ်းကြောင်း၏ အားသာချက်သည် အများသုံးစက်ဘီး စီးနိုင်သည် ဖြစ်ပါသည်။

17

18

ကူမင်း ဝမ့်ရှီးချုံးကျေးရွာ စက်ဘီးစီးခရီးစဉ်လမ်းကြောင်း

လမ်းကြောင်း- တာ့ကွမ်းဥယျာဉ်- တိန်ချီးလမ်း- ကွမ်ဖူလမ်း- ကွမ်းတုရှေးဟောင်းမြို့နယ်- စိုင်ယူလမ်း- ချမ်ကုမ်မြို့သစ်- ဝမ့်ရှီးချုံးကျေးရွာ

အကွာအဝေး- ကီလိုမီတာ ၆၀ ခန့်

20

ထူးခြားချက်များ- ကူမင်း ဝမ့်ရှီးချုံးကျေးရွာ စက်ဘီးစီးခရီးစဉ်လမ်းကြောင်းသည် ကျေးလက် စက်ဘီးစီးခရီးစဉ်လမ်းကြောင်း တစ်လိုင်း ဖြစ်၍ ကူမင်းမြို့ရှိ ပန်းရှုစားသည့် စက်ဘီးစီးခရီးစဉ်လမ်းကြောင်းလည်း ဖြစ်သည်။ နှစ်တိုင်း မတ်လနှင့် ဧပြီလတွင် ကူမင်းမြို့၌ ပန်းအမျိုးမျိုး ပွင့်ဖူးသည့်အချိန်တွင် လမ်းတစ်လျှောက်တွင် စက်ဘီးစီးလျှင် တာ့ကွမ်းဥယျာဉ်သို့ သွားပြီး ကျူးလစ်ပန်းများ ရှုစားခြင်း၊ စိုင်ယူလမ်းရှိ ချယ်ရီသစ်တောသို့ သွားပြီး ချယ်ရီပန်းများ ရှုစားခြင်း သို့မဟုတ် ဝမ့်ရှီးချုံးကျေးရွာသို့ သွားပြီး သစ်တော်ပန်းများ ရှုစားခြင်းတို့ကို လုပ်ဆောင်နိုင်ကြသည်။

21

ကူမင်း ကျင်းတိန့် စက်ဘီးစီးခရီးစဉ်လမ်းကြောင်း

လမ်းကြောင်း- ကျင်းတိန့်- ကျင်းဟွေး အမြန်လမ်း- ယူနန်တောရိုင်းတိရိစ္ဆာန်ဥယျာဉ်- ယေယားဟိုရေကန်- ဘိုင်ယိကျေးရွာ- ရှောင်ဟယ်ကျေးရွာ- စုံးဟွာရေကာတာ

အကွာအဝေး- ကီလိုမီတာ ၄၀ ခန့်

23

ထူးခြားချက်များ- ကူမင်း ကျင်းတိန့် စက်ဘီးစီးခရီးစဉ်လမ်းကြောင်းသည် ကျွမ်းကျင်သူများ၏ စက်ဘီးစီးခရီးစဉ်လမ်းကြောင်း ဖြစ်ကာ အခက်အခဲတစ်ချို့ရှိပြီး လမ်းတစ်လျှောက်ရှိ ရှုခင်းများသည် သာယာလှပပြီး စားသောက်ဆိုင် အများအပြားရှိပါသည်။ လမ်းဘေးတွင် ဘေဘာရီစိုက် အခြေခံစခန်းများကိုလည်း တွေ့နိုင်ပါသည်။

24

စက်ဘီးစီးခရီးစဉ် ဝါသနာပါသော သူငယ်ချင်းများရေ မင်း၏ လက်နက်ကိရိယာများကို ယူဆောင်ပြီး သွားကြပါ။ တခြားလမ်းကြောင်းများသိလျှင် မှတ်ချက်ဧရိယာတွင် မျှဝေရန် ကြိုဆိုပါသည်။

感受一座城市的方式有很多,骑行无疑是最浪漫的一种。

曾有人说过:“一个城市如果适合自行车骑行的话,那这个城市的幸福指数一定非常高。”昆明就是这样一个适合骑行、幸福指数极高的城市。

1

随着绿色出行理念深入人心,昆明“骑行热”升温。根据各大网友的分享,小编整理了几条线路,随意挑一条,用最纯粹的方式,追风去!

5

7

8

环滇池骑行——昆明最美骑行路线

路线:大观公园——滇池路——观景路——海埂大坝——海埂公园——民族村——湖滨西路——环湖东路——星海半岛湿地公园——海东湿地公园——王官湿地公园——呈贡滇池生态湿地公园——捞鱼河湿地公园——七彩云南·欢乐世界——湖滨南路——晋宁——古城镇——海口镇——高海公路辅道——西华湿地公园——富善村——金宝山——湖滨西路

路程:约120公里

4

特点:滇池是云南第一大湖,沿途景色宜人,环滇池骑行是昆明周边的经典路线之一。道路平坦宽阔,沿途可以远眺西山、近览滇池,景色宜人。除了各湿地公园,该线路还途经海晏村、梁王村、牛恋小渔村、南滇池沙滩主题公园、百草村、观音山等热门景点。此外,这条骑行线路有近50公里的自行车车道,也是昆明入门级新手骑行的路线。

3

西山骑行——昆明专业级骑行路线

路线:滇池路青少年活动中心——滇池路——观景路——海埂大坝——海埂公园——湖滨西路——西山公园——猫猫箐——导航站——小石林

路程:约25公里

10

特点:西山骑行路线是昆明最经典的骑行路线之一,属于专业级骑行路线。最主要的是,骑上西山山顶,可居高临下俯瞰滇池及整个昆明美景。

11

昆明青龙峡骑行路线

路线:富民县——青龙峡——安宁温泉——摩岩石刻群——豹子箐

路程:约90公里

13

特点:昆明青龙峡骑行路线是昆明田园风光骑行路线,从富民县沿着螳螂川,一直到青龙峡、安宁温泉、豹子箐,景色宜人,一路尽赏金黄的油菜花,一路都是看不尽的风景。

昆明夜景骑行路线

路线:盘龙江东畔北二环——盘江东路——月牙塘公园——春之城临江公园——昆明瀑布公园

路程:约9公里

15

16

特点:昆明夜景骑行路线主要沿着盘龙江景观示范带和盘龙江畔骑行。夜幕下的瀑布相当宏伟,建议从黄昏开始沿着盘龙江骑行,可欣赏盘龙江两岸最美夜景。这条线路的好处是,骑共享单车就可以向风而行。

17

18

昆明万溪冲村骑行路线

路线:大观公园——滇池路——广福路——官渡古镇——彩云路——呈贡新城——万溪冲村

路程:约60公里

20

特点:昆明万溪冲村骑行路线是一条乡村骑行路线,也是昆明赏花骑行路线,每年三四月,昆明繁花盛开,一路骑行,可以去大观公园赏郁金香,可以去彩云路樱花林带赏樱花,也可以去万溪冲村赏万亩梨花。

21

昆明金殿骑行路线

路线:金殿——金辉公路——云南野生动物园——野鸭湖——白邑乡——小河乡——松华坝水库

路程:约40公里

23

特点:昆明金殿骑行路线是昆明专业级骑行路线,难度中等,沿途风景赏心悦目,美食店众多。路边还会偶遇杨梅种植基地哦。

24

热爱骑行的朋友们,带上装备,乘风而行吧!如有路线补充,欢迎评论区分享。

အယ်ဒီတာ: ခင်ခင် တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73ကျပ်