ယူနန့်ဘေဘယ်ရီသီးကို ပထမဆုံး တရုတ်-ကမ္ဘောဒီးယား ပင်ရင်းသက်သေခံလက်မှတ်ဖြင့် ကမ္ဘောဒီးယားသို့ တင်ပို့ခဲ့

2023-07-21 08:35|ရောင်စုံတိမ်တံတား


1463661

(ရောင်စုံတိမ်တံတား လဲ့ရွှေရည်)  အခုတလော၊ ယူနန်ပြည်နယ် မိန်ဇေမြို့မှ အလေးချိန် ကီလိုဂရမ် ၁၀၀ ရှိသည့် ဘေဘယ်ရီသီး တစ်သုတ်ကို ကူမင်း ချမ်ဆွေလေဆိပ် ဆိပ်ကမ်း၌ နိုင်ငံတကာ လေကြောင်းလိုင်းဖြင့် ကမ္ဘောဒီးယားနိုင်ငံသို့ အောင်မြင်စွာ တင်ပို့ခဲ့သည်။ ဤအသုတ် ဘေဘယ်ရီသီးသည် ကူမင်းအကောက်ခွန်ရုံးမှ ထုတ်ပေးခဲ့သည့် ယူနန်ပြည်နယ်ရှိ ပထမဆုံး တရုတ်-ကမ္ဘောဒီးယား လွတ်လပ်သော ကုန်သွယ်မှု သဘောတူညီချက်၏ ပင်ရင်းသက်သေခံလက်မှတ်ဖြင့် ကမ္ဘောဒီးယားစျေးကွက်သို့ အကောက်ခွန်မဲ့ ဝင်ရောက်ခဲ့သည်။

တရုတ်-ကမ္ဘောဒီးယား လွတ်လပ်သော ကုန်သွယ်မှု သဘောတူညီချက်သည် ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ စတင်အသက်ဝင်ခဲ့သည် ဖြစ်၍ ဤသဘောတူညီချက်ပါ အကြောင်းအရာများအရ တရုတ်နိုင်ငံသည် ကမ္ဘောဒီးယား ကုန်စည်ရောင်းဝယ်မှုအတွက် အကောက်ခွန်မဲ့ အခွန်တော်ခေါင်းစဉ်၏ အချိုးအစားသည် ၉၇ ဒသမ ၅၃ ရာခိုင်နှုန်းသို့ ရောက်ရှိပြီး ကမ္ဘောဒီးယားနိုင်ငံသည် တရုတ်နိုင်ငံကို အခွန်တော်ခေါင်းစဉ် ၉၀ ရာခိုင်နှုန်းအား အကောက်ခွန်မဲ့ ပေးဆောင်၍ ၄င်းသည် ယခုအချိန်အထိ နှစ်ဦးနှစ်ဘက်အကြားမှ လွတ်လပ်သော ကုန်သွယ်မှု သဘောတူညီချက် စေ့စပ်ဆွေနွေးမှု စလုံးထဲတွင် အခွန်တော်ခေါင်းစဉ် လျှော့ချရေး၏ အမြင့်ဆုံးသော အဆင့်အတန်း ဖြစ်သည်။

"အကောက်ခွန်ရုံးရဲ့ ကူညီမှုဖြင့် ကျွန်တော်တို့က ဘေဘယ်ရီသီးကို ပထမဆုံး ပြည်ပနိုင်ငံကို တင်ပို့ဖို့ အကောင်အထည်ဖော်ခဲ့ပါတယ်၊ ဒီအပြင်၊ တရုတ်-ကမ္ဘောဒီးယား လွတ်လပ်သော ကုန်သွယ်မှု သဘောတူညီချက်၏ ပင်ရင်းသက်သေခံလက်မှတ်ကို ရရှိခဲ့ပါတယ်၊ အဲဒါက ကျွန်တော်တို့ရဲ့ ကုန်ပစ္စည်းများကို နိုင်ငံတကာ စျေးကွက်သို့ ဝင်ရောက်တဲ့အတွက် ကူညီမှု အများအပြား ပေးနိုင်မယ်။" ဟု ယူနန် ယိုဟောက် သွင်းကုန်ပို့ကုန် ကုမ္ပဏီလီမိတက်၏ တာဝန်ခံသူ လျူချွင်းမင်က မိတ်ဆက်ပြောခဲ့သည်။

ထို့ပြင်၊ ဘေဘယ်ရီသီး တင်ပို့ရာတွင် ကူမင်းအကောက်ခွန်ရုံး လက်အောက်ခံ ကူမင်ချမ်ဆွေလေဆိပ် အကောက်ခွန်ရုံးသည် အစိမ်းရောင်လမ်းကို ဖွင့်လှစ်ခဲ့ပြီး ၂၄ နာရီ ကြိုတင်ချိန်းဆိုနိုင်သည့် အကောက်ခွန်ရှင်းလင်းရေး ဝန်ဆောင်မှုကို ပေးဆောင်၍ "ကြိုတင်တင်ပြခြင်း" ပုံစံကို အပြည့်အဝ အသုံးပြုရန် အွန်လိုင်းနည်းလမ်းဖြင့် ကုမ္ပဏီများအား ညွှန်ကြား၍ ဘေဘယ်ရီသီး ပို့ဆောင်ရောက်ရှိမြန်နှုန်းကို အချိန်မီ အာရုံစူးစိုက်ရန် ကျွမ်းကျင်သူများကို စီစဉ်ခြင်းအားဖြင့် ဘေဘယ်ရီသီးကို အကောက်ခွန်ရုံး၏ ကြီးကြပ်ရေးနေရာသို့ ပို့ဆောင်မရောက်မီ အကောက်ခွန်ရုံးထံ အစီရင်ခံခြား လုပ်ငန်းစဉ်များအား ပြီးပြည့်စုံစွာ ဆောင်ရွက်စေသောကြောင့် အကောက်ခွန်ရှင်းလင်းရေး အချိန်ကို ထိရောက်စွာ တိုစေခဲ့သည် ဖြစ်သည်။



1463661

昆明信息港讯(昆明日报 记者缪亚平 通讯员张金蕾)近日,一批来自云南蒙自,重100千克的杨梅在昆明长水机场口岸搭乘国际航班顺利出口到柬埔寨。该批杨梅凭借昆明海关签发的云南省首份中柬自贸协定原产地证书,以零关税进入柬埔寨市场。

中柬自贸协定于2022年1月1日起生效,根据协定内容,中方给予柬方货物贸易零关税税目比例达97.53%,柬方给予中方90%税目零关税,是双方迄今所有自贸协定谈判中税目减免的最高水平。

云南雨昊洋进出口有限公司负责人李春明介绍:“在海关的帮助下,我们实现杨梅首次出口,而且取得中柬自贸协定原产地证书,这将对我们的产品打开国际市场起到很好的助推作用。”

此外,在杨梅出口通关环节中,昆明海关所属昆明长水机场海关开通绿色通道,提供24小时预约通关服务,通过线上方式指导企业充分利用“提前申报”模式,安排专员及时跟进杨梅运抵进度,杨梅在运抵海关监管场所前即完成报关手续,有效缩短通关时间。


အယ်ဒီတာ: ကိုကိုမောင် တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73ကျပ်