၂၀၂၃ ခုနှစ် တရုတ်နိုင်ငံ အနောက်တောင်ပိုင်းဒေသ တိရစ္ဆာန်မွေးမြူရေးလုပ်ငန်းပြပွဲကို ကူမင်းမြို့၌ ကျင်းပခဲ့
2023-07-21 09:07|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) အခုတလော၊ "အခြေအနေသစ်၊ အယူအဆသစ်၊ အဆိပ်ဖြေဆေးကင်းစင်သော အစားထိုးမှု၊ မျိုးစေ့လုပ်ငန်း ထိရောက်မှုရှိ၊ ညစ်ညမ်းမဲ့ အစိမ်းရောင် ဖွံ့ဖြိုးတိုးတက်မှု" ဟူသော ခေါင်းစဉ်ဖြင့် ၂၀၂၃ ခုနှစ် တရုတ်နိုင်ငံ အနောက်တောင်ပိုင်းဒေသ တိရစ္ဆာန်မွေးမြူရေးလုပ်ငန်းပြပွဲကို ကူမင်း တိန်ချီး နိုင်ငံတကာပြသရေးစင်တာ၌ ကျင်းပခဲ့သည်။
ဤအကြိမ်ပြပွဲ၏ ပြသရေးအကျယ်အဝန်းသည် စတုရမ်းမီတာ ၂၀၀၀၀ ကျယ်ဝန်၍ ပြပွဲတွင် ပြည်တွင်း တိရစ္ဆာန်မွေးမြူရေး၊ တိရစ္ဆာန်ကျွေးစာနှင့် တိရစ္ဆာန်ကာကွယ်ရေး စသည့်လုပ်ငန်းများမှ ကုမ္ပဏီပေါင်း ၃၀၀ ကျော်နှင့် ထိုင်းနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ မလေးရားနိုင်ငံ စသည့် နိုင်ငံတကာ ဝယ်ယူသူအုပ်စုများသည် ပါဝင်ခဲ့ကြသည်။ ပြပွဲသည် လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး၏ ရှေ့အလားအလာကို အနီးကပ်လိုက်နာခဲ့ပြီး လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး၏ လိုအပ်ချက်များကို အားရုံစူးစိုက်ခဲ့၍ တိရစ္ဆာန်မွေးမြူရေးသည် အတိုင်းအတာဖြင့် ကျန်းကျန်းမာမာ မွေးမြူးရေးသို့ ပြောင်းလဲ့အဆင့်မြင့်စေ၍ မျိုးစေ့လုပ်ငန်း၏ အရည်အသွေးကို မြှင့်တင်ခဲ့၍ အဆိပ်ဖြေဆေးကင်းစင်သော အစားထိုး တိရစ္ဆာန်ကျွေးစာများကို အဆန်းထွင်ထုတ်လုပ်ခဲ့၍ တိရစ္ဆာန်မွေးမြူရေးလုပ်ငန်းရှိ ထုတ်ကုန်အသစ်များနှင့် နည်းပညာအသစ်းများ၏ ပြန်ကြားခြင်း၊ ဖြန့်ဖြူးခြင်းနှင့် အသုံးပြုခြင်းတို့ကို တိုးမြှင့်ခဲ့သည်။ ထို့ပြင်၊ လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး၏ အခြေအနေသစ်အောက်ရှိ သစ်လွင်သော ဖွံ့ဖြိုးတိုးတက်ရေး အတွေးရေစီးကြောင်းများကို စူးစမ်းလေ့လာခဲ့၍ အနောက်တောင်ပိုင်းဒေသရှိ တိရစ္ဆာန်မွေးမြူရေးလုပ်ငန်းကို ခေတ်မီတိုးတက်အောင်၊ ယူနန့် တိရစ္ဆာန်မွေးမြူရေးကုမ္ပဏီများကို အရှေ့တောင်အာရှ နိုင်ငံတကာစျေးကွက်သို့ ဝင်ရောက်စေရန် တစ်ဆင့်တိုး၍ တွန်းအားပေးခဲ့သည်။
အနောက်တောင်ပိုင်းဒေသရှိ အကြီးဆုံးသော တိရစ္ဆာန်မွေးမြူရေးလုပ်ငန်းပြပွဲ အဖြစ်၊ ဤပြပွဲမှာ တိရစ္ဆာန်မွေးမြူရေးလုပ်ငန်းသည် ရှေ့အလားအလာအသစ်များကို ထိုးထွင်းသိမြင်သော၊ နည်းပညာအသစ်များကို ရှာဖွေသော၊ ထောက်ပံ့ရေးကုန်သည်များကို ရှာဖွေသော၊ လူအရင်းအမြစ်များကို တိုးချဲ့သော အရေးပါသော ပလက်ဖောင်း ဖြစ်လာခဲ့ပါပြီ။
近日,以“新形势、新理念、无抗替代、种业高效、绿色发展”为主题的2023中国西南畜牧业展览会在昆明滇池国际会展中心开展。
据了解,本届展会展览面积2万平方米,来自国内畜牧、饲料、动保等行业300余家企业参展,泰国、印度尼西亚、马来西亚等国际采购商团到会。展会紧扣行业发展前沿,专注产业发展需求,推进畜禽规模化健康养殖转型升级,提高种业质量,创新饲料无抗替代产品,加大畜牧业新产品、新技术的宣传、推广及应用。同时,探讨行业发展新形势下新的发展思路,进一步推动西南地区畜牧业现代化发展,以及云南畜牧业企业走向东南亚国际市场。
作为西南地区最大的畜牧行业展会,该展览会已成为业界洞察新趋势、探索新技术、寻找供应商、拓展人脉的重要平台。(云南网 记者王怡文)
အယ်ဒီတာ: ကိုကိုမောင် တာဝန်ခံအယ်ဒီတာ: Xu Ting
- ၁၇ ကြိမ်မြောက် တရုတ် ကူမင်း နှစ်သစ်ကူးကုန်စည်ပြပွဲကို ကျင်းပနေ
- ယူနန်ပြည်နယ် တာ့လီမြို့တွင် ပထမဆုံး နိုင်ငံတကာ တိုက်ရိုက်လေကြောင်းလိုင်းကို ဖွင့်လှစ်
- ယူနန်ပြည်နယ်မှ ပြည်သူများသည် ကျီးဇူစန်းတောင်သို့ အခမဲ့ လည်ပတ်ကြည့်ရှုနိုင်
- Lucky Air သည် ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ကူမင်း-ဗီယင်ကျန်း နိုင်ငံတကာ လေကြောင်းလိုင်းသစ်ကို စတင်ဖွင့်လှစ်
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- အရှေ့တောင်အာရှ ကုန်ပစ္စည်းကလေးများသည် ကူမင်းမြို့ရှိ "နှစ်သစ်ကူးကုန်စည်ပြပွဲ"တွင် ရေပန်းစားနေ
- "ရထားလမ်း ဖွင့်လှစ်တာနဲ့အမျှ အားလုံး အရှိန်တိုးလာနေတယ်" ဟု ဟွန်ကျွင့်ကျယ်က ပြောဆိုခဲ့
- တရုတ်-လာအို ရထားလမ်းနှင့် မိုဟန်ဆိပ်ကမ်းတို့သည် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြု
- တရုတ်-လာအို ရထားလမ်းကို မှီခိုပြီး မိုဟန်မြို့နယ်သည် ဖွံ့ဖြိုးတိုးတက်မှုရလဒ်များ ရရှိ