"ယူနန်ဆိုင်ရာ သိပ္ပံပညာပေးရေး" မြေအောက်ရထားလိုင်း စတင်ဖွင့်လှစ်ခဲ့၍ ကူမင်းမြို့ လိုင်း ၁ နှင့် ၂ တို့တွင် ဆက်လက်ပြေးဆွဲမည်
2023-07-20 10:33|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) အခုတလော၊ "ယူနန်ဆိုင်ရာ သိပ္ပံပညာပေးရေး" ဟူသော ယူနန်ပြည်နယ်ရှိ ပထမဆုံး သိပ္ပံပညာပေးရေး မြေအောက်ရထားလိုင်းသည် တရားဝင် စတင်ဖွင့်လှစ်ခဲ့သည်၊ ကူမင်းမြို့ မြေအောက်ရထားလိုင်း ၁ နှင့် ၂ တို့တွင် ဆက်လက်ပြေးဆွဲမည် ဖြစ်၍ အများပြည်သူအတွက် စိတ်ဝင်စားဖွယ် ကောင်းသော၊ သတင်းအချက်အလက် ရှိသော၊ အပြန်အလှန် ဖလှယ်မှု ရှိသော၊ ထူးခြားချက် ရှိသော သိပ္ပံပညာပေးရေး ဝန်ဆောင်မှုများကို ပေးမည် ဖြစ်သည်။
ဤမြေအောက်ရထားလိုင်း၏ သိပ္ပံပညာပေးရေး အကြောင်းအရာများတွင် ဇီဝမျိုးစုံမျိုးကွဲများနှင့် ဂေဟစနစ်လုံခြုံရေး၊ ကုန်းပြင်မြင့် ထူးခြားချက်ရှိသည့် လယ်ယာစိုက်ပျိုးရေး၊ ကုန်းပြင်မြင့် ရေကန်ဂေဟစနစ် ကာကွယ်မှု၊ ပြည်သူ့ကျန်းမာရေး၊ သဘာဝဘေးအန္တရာယ် ကာကွယ်ရေးနှင့် လျော့ပါးရေး စသည်တို့ကို ပါဝင်ထားကာ သုံးလပတ်တိုင်းတွင် လူသိများသော မျက်မှောက်ရေးရာများကို အခြေခံပြုပြီး အသွင်သစ်ဆောင်လာစေ၍ အများပြည်သူများကို မြေအောက်ရထား စီးရာတွင် သိပ္ပံပညာပေးရေးလက်ရာ ကြည့်ခြင်း၊ သိပ္ပံပညာ သင်ယူခြင်း၊ သိပ္ပံစိတ်ဓာတ် သိရှိနားလည်ခြင်း၊ သိပ္ပံအငွေ့အသက် ခံစားခြင်းတို့အား ဆောင်ရွက်စေနိုင်၍ အများပြည်သူ၏ သိပ္ပံပညာအရည်အသွေးကို မသိမသာ တဖြည်းဖြည်း တရွေ့ရွေ့ ပြောင်းလဲလာစေသည်။
"ယူနန်ဆိုင်ရာ သိပ္ပံပညာပေးရေး" မြေအောက်ရထားလိုင်းသည် ပထမဆုံးတင်ပြသည့် ခေါင်းစဉ်မှာ "ယူနန်ပြည်နယ်၏ ဇီဝမျိုးစုံမျိုးကွဲများနှင့် ဂေဟစနစ်လုံခြုံရေး" ဖြစ်ကာ ရထားတဲထဲတွင် ဇီဝမျိုးစုံမျိုးကွဲများနှင့် ဂေဟစနစ်လုံခြုံရေးဆိုင်ရာ "ရွှေ့ပြောင်းနိုင်သည့် စာသင်ခန်း"ကို ဖွင့်လှစ်ပြီး သိပ္ပံပညာပေးရေး မှတစ်ဆင့် မြို့ပြ၊ လူနှင့် ပတ်ဝန်းကျင်များ အချင်းချင်း ပြေပြစ်နေသည့် သာယာလှပသော ယူနန်ပြည်နယ်ကို ပြသမည် ဖြစ်သည်။
အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: Xu Ting
- ကူမင်းမှ ထူလူဖန်းသို့ တိုက်ရိုက်ပျံသန်းသည့် ခရီးသွား စင်းလုံးငှားလေယာဉ်ကို ၂၀ ရက်နေ့တွင် ဖွင့်လှစ်မည်
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို ဇွန်လတွင် ဖွင့်လှစ်မည်ဖြစ်ပြီး ပြပွဲကို ပါဝင်ရန် ကူမင်းမြို့မှ ဖိတ်ခေါ်
- "ဝေလငါးပင်လယ်အော် - တိမ်ပင်လယ်ပန်းခင်း - လေလိုအဆောက်အဦး" ခရီးသွား တိုက်ရိုက်ဘတ်စ်ကား စတင်ပြေးဆွဲခဲ့
- ချုံချင့်-ကူမင်း မြန်နှုန်းမြင့်ရထားလမ်း စခင်း၊ ကူမင်းမြို့မှ ချုံချင့်မြို့သို့ ဟော့ပေါ့သွားစားနိုင်တော့မည်
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- မိုဟန်နယ်စပ်စစ်ဆေးရေးဂိတ်သည် ကြံပင်ပေါင်း တန်ချိန် ၁.၂၄ သန်းကျော်ကို လာအိုမှ တရုတ်သို့ တင်သွင်းနိုင်ရန် ပံ့ပိုးပေး
- မြန်မာ့စိန်တလုံးသရက်သီးများကို တရုတ်ဈေးကွက် အထူးအားပေးကြိုဆို
- ပထမ ၄ လအတွင်း ဟယ်ခုတ်နယ်စပ်ဂိတ်မှတစ်ဆင့် ပြည်ဝင်ပြည်ထွက် ခရီးသည်ပမာဏ အကြိမ်ရေ ၂ သန်းကျော်ရှိလာခဲ့
- ယူနန်၏ နိုင်ငံခြားကုန်သွယ်မှုသည် သုံးလပတ် ၅ ခုဆက်တိုက် တိုးတက်လာခဲ့

