ဖူကျယ်ဟေး ဟွားလျန်ပွဲတော် (Painted Face Festival) ကို ဇူလိုင်လ ၁၈ ရက်နေ့တွင် စတင်ကျင်းပမည်
2023-07-17 16:06|
(ရောင်စုံတိမ်တံတား၊ ခင်ခင်) ၂၀၂၃ ခုနှစ် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ဖူကျယ်ဟေး ဟွားလျန်ပွဲတော် (Painted Face Festival သို့မဟုတ် Hualian Festival) ၏ ဖွင့်ပွဲအခမ်းအနားကို ဇူလိုင်လ ၁၈ ရက်နေ့တွင် ကျင်းပမည်။ ထိုအခါရောက်လျှင် ချိုးပေခရိုင်ရှိ တိုင်းရင်းသားလူနည်းစု၏ အထူးရှိသည့် ဧည့်သည်ကြိုဆိုခြင်း အခမ်းအနား၊ ရှေးဟောင်းပြီး လျှို့ဝှက်နက်နဲသော ယီလူမျိုး၏ "ကျိဟွားလျန်" ဟူသော တင်ဆက်ပြသမှု၊ "ယီလူမျိုးသီချင်းများ ဆက်ပြီးဆိုကြခြင်း"နှင့် "ယီလူမျိုး၏ ကြိုးတပ်စောင်းအက (Xianzi Dance)" ကပြခြင်း စသည့် လှုပ်ရှားမှုများကို ကျင်းပမည်။ ဤပွဲတော်ကို ၁ လကြာ ဆက်လက်ကျင်းပမည်။
ဟွားလျန်ပွဲတော် ကျင်းပရာတွင် ချူးပေခရိုင်၌ "ဟွားလျန်ပွဲတော်" ဟူသော အနုပညာပဒေသာကပွဲ၊ "သာယာချမ်းမြေ့သော ဟွားလျန်ပွဲတော်" ဟူသော စျေးတန်း၊ တိုင်းရင်းသားရိုးရာကုန်စည်ပြပွဲ၊ "သာယာချမ်းမြေ့သော ယဉ်ကျေးမှု" ဟူသော စျေးတန်းလှုပ်ရှားမှုစီးရီးနှင့် စပါးစိုက်ခင်း ဂီတပွဲ စသည့် ပြောင်မြောက်သော လှုပ်ရှားမှုများကိုလည်း စီစဉ်ကျင်းပမည်။
ဟွားလျန်ပွဲတော်သည် ချူးပေခရိုင်၌ အထူးရှိသည့် ရိုးရာပွဲတော် ဖြစ်ပြီး ယီလူမျိုး၏ ဘိုးဘွားများသည် ပယောဂနှင်ရန်၊ ဘေးအန္တရာယ် ရှင်းပယ်ပစ်ရန်နှင့် ကျက်သရေမင်္ဂလာဆုတောင်းရန် အိုးပြာဖြင့် မျက်နှာကို အနက်ရောင်ဖြစ်အောင် လိမ်းခြင်းမှ ဆင်းသက်လာသည် ဖြစ်၍ လက်ရှိအချိန်အထိ နှစ်ပေါင်း ထောင်နှင့်ချီသော သမိုင်းကြောင်းရှိပြီ။
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
- မာလူထန် အထူးတံတားကြီး ချိတ်ဆက်လိုက်ပြီဖြစ်ရာ ထျန်းပေါင်-မာလီပို အမြန်လမ်းမကြီး၏ အဓိကလမ်းကြောင်း ပြီးစီး
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ ကူမင်းမြို့၌ ဖွင့်လှစ်ကျင်းပ
- ကူမင်းမှ ထူလူဖန်းသို့ တိုက်ရိုက်ပျံသန်းသည့် ခရီးသွား စင်းလုံးငှားလေယာဉ်ကို ၂၀ ရက်နေ့တွင် ဖွင့်လှစ်မည်
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို ဇွန်လတွင် ဖွင့်လှစ်မည်ဖြစ်ပြီး ပြပွဲကို ပါဝင်ရန် ကူမင်းမြို့မှ ဖိတ်ခေါ်
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- မြန်မာ့ကျောက်စိမ်းပြပွဲ တရုတ်-မြန်မာ နယ်စပ်ဒေသ ရွှေလီမြို့တွင် လေလံစတင်
- ပထမအကြိမ် မြန်မာ့ကျောက်မျက်ရတနာပြပွဲ (တရုတ်နိုင်ငံ ရွှေလီမြို့) မကြာမီ ကျင်းပမည်
- တရုတ်-လာအိုရထားလမ်း နယ်စပ်ဖြတ်ကျော် ကုန်စည်ပို့ဆောင်မှု တန်ချိန် သန်း ၂၀ ထက် ကျော်လွန်
- တရုတ်-လာအိုရထားလမ်း လာအိုလမ်းပိုင်းတွင် ခရီးဆောင်အိတ်ရထားတွဲဖြင့် ခရီးဆောင်အိတ် အထုပ်အပိုးများ စတင်ပို့ဆောင်


