ယူနန်ပြည်နယ် ပန်းချီ၊ လက်ရေးလက်သားနှင့် ဓာတ်ပုံ ပြပွဲသုံးခုကို ကူမင်းမြို့တွင် တစ်ပြိုင်နက် ကျင်းပနေ

2023-07-11 15:48|ရောင်စုံတိမ်တံတား

1456716_2048x2048

(ရောင်စုံတိမ်တံတား ခင်ခင်ဇူလိုင်လ ၁၀ ရက်နေ့တွင် ၁၅ ကြိမ်မြောက် ယူနန်ပြည်နယ် ပန်းချီပြပွဲ၊ ၁၅ ကြိမ်မြောက် ယူနန်ပြည်နယ် လက်ရေးလက်သားပြပွဲနှင့် ၉ ကြိမ်မြောက် ယူနန်ပြည်နယ် ဓာတ်ပုံလက်ရာပြပွဲတို့ကို ယူနန်စာပေနှင့်အနုပညာပြတိုက်၌ တစ်ပြိုင်နက် စတင်ကျင်းပခဲ့သည်။ ဤပြပွဲသုံးခုသည် တစ်ပြည်နယ်လုံး သက်ဆိုင်ရာပညာရှင်များကို စည်းလုံးပြီး လေးစားဖွယ်ကောင်းသော စိတ်ဖြင့် ကောင်းမွန်သော ရိုးရာယဉ်ကျေးမှုများကို ဆက်ခံ၍ အောင်မြင်မှုရရှိရန် ပြိုင်ဆိုင်သော နှလုံးသားဖြင့် ယူနန်ပန်းချီပညာ၊ လက်ရေးလက်သားအတတ်နှင့် ဓာတ်ပုံပညာလုပ်ငန်းတို့ကို အရည်အသွေး မြင့်မားစွာ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်သည်။ ဤပြပွဲကို သြဂုတ်လ ၉ ရက်နေ့အထိ ဆက်လက်ကျင်းပမည် ဖြစ်ပြီး အများပြည်သူသို့ အခမဲ့ ဖွင့်လှစ်ထားခြင်း ဖြစ်သည်။

1456717_2048x2048

ပြပွဲသုံးခုမှ ပူးပေါင်းပြသသည့် လက်ရာကောင်း အခု ၄၃၀ သည် ၉ ကြိမ်မြောက် ယူနန်စာပေနှင့် အနုပညာဆု ရရှိရန်အတွက် ရွေးချယ်ပါဝင်ခဲ့သည့် လက်ရာ အခု ၄၄၀၀ ကျော်မှ စိတ်ရှည်ရှည် ရွေးချယ်အကဲဖြတ်လာသည် ဖြစ်သည်။ ၎င်းတို့အနက် ၉ ကြိမ်မြောက် ယူနန်စာပေနှင့် အနုပညာဆုရ လက်ရာများ ရှိသည့်အပြင် ပြသရန် အရွေးခံသည့်လက်ရာများနှင့် အထူးဖိတ်ကြားထားသည့် လက်ရာများလည်း ပါဝင်သည်။ ဤလက်ရာများသည် ခေတ်၏သွေးခုန်ခြင်းကို နီးကပ်စွာ လိုက်နာကြသည်၊ အချို့မှာ မျက်စိသက်သက်ဖြင့် မြင်နိုင်စွမ်းသော မြင်ကွင်းတစ်ခုလုံးကို ဖော်ပြပြီး အချို့မှာ လူမှုရေးဆိုင်ရာ အသေးစိတ်ရှုခင်းများကို ဖော်ပြကြ၍ ထူးခြားသော သုခုမအနုပညာ ညို့နိုင်စွမ်းနှင့် ကြွယ်ဝသော ဝိညာဉ်ရေး အတွင်းသဘောများ ပိုင်ဆိုင်ထားကာ ဆောင်ပုဒ်ထင်ရှားခြင်း၊အကြောင်းအရာ ကြွယ်ဝခြင်း၊ အမျိုးအစား ပြည့်စုံခြင်းနှင့် စတိုင်လ် အမျိုးမျိုးရှိခြင်း စသည့် ထူးခြားချက်များ ရှိသည်၊ တီထွင်ဖန်တီးမှု အယူအဆ၊ ဖော်ပြနည်း၊ အလှဗေဒနှင့် အနုပညာစတိုင်လ် စသည့် ကဏ္ဍတို့မှ တရုတ်နိုင်ငံ၏ ကောင်းမွန်သော ရိုးရာယဉ်ကျေးမှု၏ ကြွယ်ဝသော အရင်းအမြစ်များကို နက်ရှိုင်းစွာ ရှာဖွေထုတ်ဖော်၍ အတွေးအခေါ်၏ အတွင်းသဘောနှင့် အနုပညာဆိုင်ရာ ဖော်ပြမှုတို့ကို အပြန်အလှန် အကျိုးကျေးဇူး ဖြစ်ထွန်းလျက်ရှိသည်။

1456718_2048x2048

ပြပွဲသုံးခုထဲတွင် ပန်းချီလက်ရာများသည် ခေတ်ကို နီးကပ်စွာ လိုက်နာခြင်း၊ လက်ရေးလက်သားလက်ရားများသည် ပုံစံနှင့် စတိုင်လ် အမျိုးမျိုးရှိခြင်း၊ ဓာတ်ပုံလက်ရာများသည် ရှုခင်းနှင့် လူမှုရေး နှစ်မျိုးလုံး ရှိခြင်း ဖြစ်သောကြောင့်  ယူနန်၏ ထူးခြားမှု ပြည့်စုံသော ပန်းချီ၊ လက်ရေးလက်သားနှင့် ဓာတ်ပုံ အမှတ်တံဆိပ်များကို ဖန်တီးခဲ့ပြီး ယူနန်ပြည်နယ်၏ တောတောင်ရေမြေအလှများ၊ ယဉ်ကျေးမှုအလှများနှင့် လူနေမှုဘဝအလှများကို ကြိုးပမ်းဖော်ပြထား၍ ခေတ်သစ်ထဲမှ ယူနန်ပြည်နယ်၏ စိတ်ဓာတ်နှင့် အခြေအနေများကို ဘက်စုံစွာ တေးဖွဲ့ဂုဏ်ပြုထားသည်။

1456719_2048x2048

1456720_2048x2048

1456716_2048x2048

昆明信息港讯 记者甘凌菲 7月10日,第十五届云南省美术作品展、第十五届云南省书法作品展、第九届云南省摄影艺术作品展在云南文学艺术馆同时开幕,展览旨在团结全省广大美术工作者以礼敬之心传承优秀传统文化、以竞胜之心推动云南美术书法摄影事业高质量发展。展览将持续到8月9日,免费向公众开放。

1456717_2048x2048

三个展览共同推出的430件优秀作品,是从4400余件第九届云南文学艺术奖参评作品中精心评审遴选出来。其中既有第九届云南文学艺术奖获奖作品,也有入选参展作品和特邀参展作品。这些作品紧扣时代脉搏,或采取宏观全景叙事方式,或运用微观人文表达手法,具有独特艺术魅力和丰富精神内涵,显得主题鲜明、内容丰富,品类齐全、风格多样,从创作理念、表现手法、美学精神和艺术风格等层面,深入开掘中华优秀传统文化的丰厚资源,让思想内涵和艺术表达相得益彰。

1456718_2048x2048

在三个展览中,绘画作品笔墨紧随时代,书法作品书体书风多样,摄影作品风光人物兼备,着力打造了富有云南地域特色的美术、书法、摄影品牌,努力呈现着云南山河之美、文化之美、生活之美,全方位全景式讴歌新时代的云南精神气象。

1456719_2048x2048

1456720_2048x2048

အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73ကျပ်