ယူနန်-တိဗက် မီးရထားလမ်းမှ လစ်ကျန်း-ရှန်ဂရီလာ လမ်းထောက်ရှိ လိုဏ်ခေါင်း အခု ၂၀ စလုံးကို ဆောက်လုပ်ပြီးဆုံး
2023-07-10 10:08|
(ရောင်စုံတိမ်တံတား၊ ခင်ခင်) ဇူလိုင်လ ၈ ရက်နေ့တွင် ယူနန်-တိဗက် ရထားလမ်းမှ လစ်ကျန်း-ရှန်ဂရီလာ လမ်းထောက်ရှိ ဟာဘာဆီးနှင်းတောင်လိုဏ်ခေါင်းကို အောင်မြင်စွာ ဆောက်လုပ်ခဲ့သည်။ လက်ရှိအချိန်အထိ လစ်ကျန်း-ရှန်ဂရီလာ လမ်းထောက်ရှိ လိုဏ်ခေါင်း အခု ၂၀ စလုံးကို ဆောက်လုပ်ပြီးဆုံးပြီ ဖြစ်ပြီး ရထားလမ်းရှည် ခင်းချိန်ကို ပြောင်းလဲဝင်ရောက်၍ ယခုနှစ်အတွင်း ဖွင့်လှစ်ခြင်းနှင့် လည်ပတ်ခြင်းတို့အတွက် ကောင်းမွန်သော အခြေအနေများ တီထွင်ပေးခဲ့သည်။
ယူနန်-တိဗက် ရထားလမ်းမှ လစ်ကျန်း-ရှန်ဂရီလာ လမ်းထောက်သည် ယူနန်ပြည်နယ် အနောက်မြောက်ပိုင်းတွင် တည်ရှိပြီး လစ်ကျန်းမြို့နှင့် တီချင့် တိဗက်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ခွဲတို့ကို ဆက်သွယ်ထား၍ တရုတ်နိုင်ငံ၏ "ရေရှည်ရထားကွန်ရက်စီမံကိန်း" အတွင်းရှိ ယူနန်-တိဗက် ရထားလမ်း၏ အရေးကြီးသော အစိတ်အပိုင်း ဖြစ်သည်။ ဤလမ်းထောက်သည် လစ်ကျန်ဘူတာရုံမှ စတင်ပြီး မြောက်ဘက်သို့ ဟူထျောင်ရှာ ရှုခင်းသာရပ်ကွက်နှင့် ရှောင်ဇုံတိန့်မြို့နယ်တို့ကို ဖြတ်ကျော်၍ ရှန်ဂရီလာသို့ ဆိုက်ရောက်သည်၊ စုစုပေါင်း ၁၃၉.၇ ကီလိုမီတာ ရှည်ပြီး ခုတ်မောင်းသည့် အမြန်နှုန်းမှာ တစ်နာရီလျှင် ကီလိုမီတာ ၁၄၀ စီစဉ်ထားသည်။ လမ်းပေါက်ပြီးနောက် တီချင့် တိဗက်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ခွဲသည် ရထားလမ်း မရှိသည့် သမိုင်းကို အဆုံးသတ်စေမည် ဖြစ်ပြီး ယူနန်ပြည်နယ်၏ အနောက်မြောက်ပိုင်းဒေသ၏ ရထားလမ်းကွန်ရက်နှင့် သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုတို့ဆိုင်ရာ ချို့ယွင်းချက်များကို အလွန့်အလွန် ဖြည့်စွက်၍ ယူနန်ပြည်နယ်၏ အနောက်မြောက်ပိုင်းဒေသရှိ တိုင်းရင်းသားလူနည်းစုဒေသများ၏ ခရီးသွားလုပ်ငန်းနှင့် စီးပွားရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုနှင့် ယူနန်နယ်စပ်ဒေသရှိ တိုင်းရင်းသားလူနည်းစုဒေသများ၏ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်မှုတို့ကို ထိန်းသိမ်းတိုးမြှင့်ရန်အတွက် အရေးပါသော အကျိုးသက်ရောက်မှု ရှိသည်။
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
- China Southern Airlines သည် တာ့လီ-ချန်ရှား-တာ့လျန် လေကြောင်းလိုင်းသစ်ကို ဖွင့်လှစ်ခဲ့
- မာလူထန် အထူးတံတားကြီး ချိတ်ဆက်လိုက်ပြီဖြစ်ရာ ထျန်းပေါင်-မာလီပို အမြန်လမ်းမကြီး၏ အဓိကလမ်းကြောင်း ပြီးစီး
- ကူမင်း ချန်ချုံတောင်တွင် ကြိုပို့ရန်တက္ကစီများ ရှိနေပြီ ဖြစ်၍ ၂၄ နာရီ စဉ်ဆက်မပြတ် ပြေးဆွဲ
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ ကူမင်းမြို့၌ ဖွင့်လှစ်ကျင်းပ
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- တရုတ်-လာအို ရထားလမ်းမှ ပို့ဆောင်သည့် ကုန်စည်အမျိုးအစား ၃,၉၀၀ ကျော်အထိရှိလာ
- ကူမင်း-ရန်ကုန် ကုန်တင်လေယာဉ်လမ်းကြောင်းကို တရားဝင် ပြန်လည်စတင်ပျံသန်း
- မြန်မာ့ကျောက်စိမ်းပြပွဲ တရုတ်-မြန်မာ နယ်စပ်ဒေသ ရွှေလီမြို့တွင် လေလံစတင်
- "ကျိန့်ဟော်" ရထား ဖွင့်လှစ်ပြေးဆွဲခြင်း တစ်နှစ်ပြည့်၊ နယ်စပ်ဖြတ်ကျော် ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်း ချောမွေ့စွာ လည်ပတ်လျက်ရှိ








