မဲခေါင်မြစ်ဝှမ်းဒေသ ငါးနိုင်ငံမှ မီဒီယာကိုယ်စားလှယ်များသည် ကူမင်း၌ အပြည်ပြည်ဆိုင်ရာ ပြန်ကြားရေးကို အတူတူအားဖြည့်ပေးခဲ့ကြ
2023-07-06 10:18|
(ရောင်စုံတိမ်တံတား၊ ခင်ခင်) ဇူလိုင်လ ၃ ရက်တွင် မဲခေါင်မြစ်ဝှမ်းဒေသရှိ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ် ငါးနိုင်ငံတို့မှ မီဒီယာကိုယ်စားလှယ် အယောက် ၃၀ ကျော်သည် တရုတ်နိုင်ငံ ယူနန်ပြည်နယ်သို့ လာရောက် စုံစမ်းလေ့လာခဲ့ကြ၍ အပြည်ပြည်ဆိုင်ရာ ပြန်ကြားရေးနှင့် ဆက်သွယ်ဖလှယ်မှုကို ပိုမိုအားကောင်းစေပြီး လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု ပုံပြင်ကို ကောင်းမွန်အောင် ပူးတွဲပြောပြခဲ့ကြသည်။
မီဒီယာကိုယ်စားလှယ်များသည် ယူနန်တက္ကသိုလ်၊ ယူနန်နေ့စဉ်သတင်းစာတိုက်၊ ကူမင်းမြို့ နန်ချမ်လမ်း စသည့် နေရာများသို့ လာရောက်လည်ပတ်ခဲ့ကြ၍ ကူမင်းမြို့၏ ဖွံ့ဖြိုးတိုးတက်မှု အခြေအနေများကို နက်ရှိုင်းစွာ နားလည်ပြီး လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု ရလဒ်များကို ခံစားခဲ့ကြသည်။ ယူနန်တက္ကသိုလ်တွင် ကိုယ်စားလှယ်များသည် ကျောင်း၏ အခြေခံအခြေအနေများကို သိရှိနားလည်ခဲ့ကြပြီး ယူနန်တက္ကသိုလ်မှ သတင်းပြန်ကြားရေးဆိုင်ရာ အမျိုးသားအဆင့် စမ်းသပ်သင်ကြားရေး စံပြစင်တာကို လေ့လာကြည့်ရှုခဲ့ကြ၍ ဆရာများ၊ ကျောင်းသူကျောင်းသားများ နှင့်အတူ ဆွေးနွေးဖလှယ်ခဲ့ကြသည်။ ယူနန်နေ့စဉ်သတင်းစာတိုက်တွင် ကိုယ်စားလှယ်များသည် စာတိုက်၏ သမိုင်းကြောင်းပြတိုက်ကို ကြည့်ရှုလည်ပတ်ခဲ့ကြပြီး ယူနန်ပြည်နယ် တောင်အာရှ၊ အရှေ့တောင်အာရှဒေသဆိုင်ရာ နိုင်ငံတကာ သတင်းပြန်ကြားရေးစင်တာ၏ တည်ဆောက်ရေး အခြေအနေများကို သိရှိနားလည်ခဲ့ကြ၍ ယူနန့်မီဒီယာပညာရှင်များနှင့် နက်ရှိုင်းစွာ ဆွေးနွေးဖလှယ်ခဲ့ကြသည်။ ထို့နောက် ကိုယ်စားလှယ်များသည် ကူမင်းမြို့ နန်ချမ်လမ်းသို့ ရောက်ရှိခဲ့ကြပြီး လက်တွေ့ကွင်းဆင်းလေ့လာခြင်းနှင့် သတင်းယူခြင်းတို့ဖြင့် ကူမင်းမြို့၏ ယဉ်ကျေးမှု တီထွင်ဖန်တီးမှုဆိုင်ရာ စီးပွားရေး၏ ဖွံ့ဖြိုးတိုးတက်မှု အခြေအနေများကို နက်နက်ရှိုင်းရှိုင်း သိရှိနားလည်ခဲ့ကြသည်။
တရုတ်ပြည်သူ့နေ့စဉ်သတင်းစာတိုက်သည် ဇွန်လ ၂၇ ရက်နေ့တွင် "၂၀၂၃ ခုနှစ် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု မီဒီယာ ထိပ်သီးအစည်းအဝေး"ကို ပေကျင်းမြို့၌ ကျင်းပခဲ့သည် ဖြစ်ပြီး အစည်းအဝးပြီးဆုံးပြီးနောက် ပါဝင်တက်ရောက်သည့် နိုင်ငံခြားဧည့်သည်များကို တရုတ်နိုင်ငံ၌ တစ်ပတ်ကြာ ကြည့်ရှုလည်ပတ်ခြင်းနှင့် စုံစမ်းလေ့လာခြင်းအား စီစဉ်လုပ်ဆောင်ခဲ့၍ လှုပ်ရှားမှုမှတစ်ဆင့် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု၏ ပြည်သူဆန္ဒ အခြေခံကို တစ်ဆင့်တိုးပြီး ခိုင်မာအောင် ဆောင်ရွက်ပြီး နိုင်ငံအသီးသီးမှ ပြည်သူလူထုများအကြားရှိ ချစ်ကြည်ရင်းနှီးမှုနှင့် အပြန်အလှန် ယုံကြည်မှုများကို မြှင့်တင်ရမည် ဖြစ်ကြောင်း သိရှိရခဲ့သည်။
昆明信息港讯(昆明日报 记者董宇虹)7月3日,来自柬埔寨、老挝、缅甸、泰国、越南湄公河五国的30余名媒体代表到中国云南调研采访,进一步加强国际传播交流,共同讲好澜湄合作故事。
媒体代表一行走访了云南大学、云南日报社、昆明市南强街等地,深入了解昆明发展情况,感受澜湄合作成果。在云南大学,媒体代表一行了解学校基本情况,参观云南大学新闻传播国家级实验教学示范中心,并与师生座谈交流。在云南日报社,媒体代表参观了云南日报社报史馆,了解云南省南亚东南亚区域国际传播中心建设情况,并与云南媒体人深度交流。随后,媒体代表一行来到昆明市南强街,通过实地参观采访,深入了解昆明文创经济发展情况。
据悉,人民日报社于6月27日在京举办“2023年澜沧江—湄公河合作媒体峰会”,并于会后组织参会外方嘉宾在华开展为期一周的参访研修,通过活动进一步夯实澜湄合作民意基础,增进各国人民之间的友好互信。
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
- ၁၇ ကြိမ်မြောက် တရုတ် ကူမင်း နှစ်သစ်ကူးကုန်စည်ပြပွဲကို ကျင်းပနေ
- ယူနန်ပြည်နယ် တာ့လီမြို့တွင် ပထမဆုံး နိုင်ငံတကာ တိုက်ရိုက်လေကြောင်းလိုင်းကို ဖွင့်လှစ်
- ယူနန်ပြည်နယ်မှ ပြည်သူများသည် ကျီးဇူစန်းတောင်သို့ အခမဲ့ လည်ပတ်ကြည့်ရှုနိုင်
- Lucky Air သည် ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ကူမင်း-ဗီယင်ကျန်း နိုင်ငံတကာ လေကြောင်းလိုင်းသစ်ကို စတင်ဖွင့်လှစ်
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- အရှေ့တောင်အာရှ ကုန်ပစ္စည်းကလေးများသည် ကူမင်းမြို့ရှိ "နှစ်သစ်ကူးကုန်စည်ပြပွဲ"တွင် ရေပန်းစားနေ
- "ရထားလမ်း ဖွင့်လှစ်တာနဲ့အမျှ အားလုံး အရှိန်တိုးလာနေတယ်" ဟု ဟွန်ကျွင့်ကျယ်က ပြောဆိုခဲ့
- တရုတ်-လာအို ရထားလမ်းနှင့် မိုဟန်ဆိပ်ကမ်းတို့သည် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြု
- တရုတ်-လာအို ရထားလမ်းကို မှီခိုပြီး မိုဟန်မြို့နယ်သည် ဖွံ့ဖြိုးတိုးတက်မှုရလဒ်များ ရရှိ