မြန်မာ့အစိုးရအရာရှိများအတွက် လေ့ကျင့်ပျိုးထောင်မှုသင်တန်းကို ကူမင်းမြို့၌ ဖွင့်လှစ်ခဲ့

2023-07-04 10:02|ရောင်စုံတိမ်တံတား

(ရောင်စုံတိမ်တံတား ခင်ခင်ဇူလိုင်လ ၃ ရက်နေ့တွင် "လယ်ယာစိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်စေမှုနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချစေရေး" ဟူသော ခေါင်းစဉ် ဖြစ်သည့် မြန်မာ့အစိုးရအရာရှိများ လေ့ကျင့်ပျိုးထောင်မှုသင်တန်းကို ကူမင်းမြို့၌ ဖွင့်လှစ်ခဲ့၍ ကူမင်းမြို့အခြေစိုက် မြန်မာနိုင်ငံကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ် ဦးသော်တာအောင်သည် ဖွင့်ပွဲအခမ်းအနားကို တက်ရောက်ခဲ့သည်။

လေ့ကျင့်ပျိုးထောင်မှုသင်တန်း၏ ကျင်းပခြင်းသည် ယူနန်ပြည်နယ်မှ ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့မှာ ဗီယက်နမ်၊ လာအိုနှင့် မြန်မာနိုင်ငံ သုံးနိုင်ငံတို့ကို သွားရောက်လည်ပတ်ရာတွင် ရရှိခဲ့သည့် သဘောတူညီမှုများကို အကောင်အထည်ဖော်ရန် တိကျသော ဆောင်ရွက်မှု ဖြစ်သည်။ ဤသင်တန်းကို ဇူလိုင်လ ၈ ရက်နေ့အထိ ဆက်လက်ကျင်းပသွားမည် ဖြစ်ပြီး သင်တန်း၏ အကြောင်းအရာမှာ ယူနန်ပြည်နယ်၏ ကုန်းပြင်မြင့် ထူးခြားချက်ရှိ ခေတ်မီ လယ်ယာစိုက်ပျိုးရေးလုပ်ငန်း၊ ဆင်းရဲမှုမှ လွတ်မြောက်ခြင်းနှင့် ဆင်းရဲမှု လျှော့ချရေးလုပ်ငန်း၊ ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း အဖက် သုံးဖက်ကို အာရုံစူးစိုက်သည် ဖြစ်သည်။ စာသင်ခန်းတွင် သင်ကြားရေးအပြင် သင်တန်းတွင် ပါဝင်သည့် မြန်မာ့ကျောင်းသူကျောင်းသား အယောက် ၂၀ ကို အန်နင်မြို့နှင့် ယွမ်မုတ်ခရိုင်တို့သို့ လက်တွေ့ကွင်းဆင်းလေ့လာ သွားရန်လည်း စီစဉ်ထားသည်။ 

ယူနန်ပြည်နယ်နှင့် မြန်မာနိုင်ငံတို့သည် လယ်ယာစိုက်ပျိုးရေးနယ်ပယ်တွင် အချင်းချင်းဖြည့်စွက်မှု အားကောင်းပြီး ပူးပေါင်းဆောင်ရွက်ရန် ဆန္ဒရှိသည်။ ယခုနှစ်များတွင် နှစ်ဦးနှစ်ဖက်တို့၏ လယ်ယာစိုက်ပျိုးရေး ပူးပေါင်းဆောင်ရွက်မှုစနစ်သည် တနေ့တခြား ကောင်းမွန်ပြည့်စုံလာပြီး ပူးပေါင်းဆောင်ရွက်မှု ပုံစံကို အဆက်မပြတ် အဆန်းထွင်လျက်ရှိသည်။ ၂၀၁၅ ခုနှစ်တွင် တရုတ်လယ်ယာစိုက်ပျိုးရေးနှင့် ကျေးလက်ရေးရာဝန်ကြီးဌာနသည် ယူနန်ပြည်နယ်၌ တရုတ်-မြန်မာ စိုက်ပျိုးရေးနည်းပညာ လေ့ကျင့်ပျိုးထောင်မှုစင်တာကို တည်ထောင်ခွင့်ပြုခြင်း ကတည်းက မြန်မာ့ စိုက်ပျိုးရေးပညာရှင်များ အတွက် အိမ်မွေးတိရစ္ဆာန် မွေးမြူရေး၊ စပ်မျိုးစပါးမျိုးစေ့ ပြုစုပျိုးထောင်ရေး၊ ဟင်းသီးဟင်းရွက် စိုက်ပျိုးရေး၊ အထွက်နှုန်းများ ဆန်စပါး အထွက်များစေရေးနှင့် အပူပိုင်းဒေသထွက် သစ်သီးများ စိုက်ပျိုးရေး စသည့် နည်းပညာ လေ့ကျင့်ပျိုးထောင်မှုများကို ရှေ့စဉ်နောက်ဆက် ဆောင်ရွက်ခဲ့ကြသည်။ ၂၀၂၂ ခုနှစ်တွင် ယူနန်ပြည်နယ်သည် မြန်မာနိုင်ငံ၌ ပန်းမန်လုပ်ငန်းဆိုင်ရာ လေ့ကျင့်ပျိုးထောင်မှု စီမံကိန်းကို လုပ်ဆောင်ခဲ့ခြင်း၊ မြန်မာနိုင်ငံ၌ ပန်းမန်အမျိုးသစ် ၁၀ ခုကို ပျံ့နှံ့စေခြင်း၊ မြန်မာလူ အယောက် ၅၀ ကျော်အတွက် နည်းပညာဆိုင်ရာ ဝန်ဆောင်မှုနှင့် ညွှန်ကြားမှု ပေးခဲ့ခြင်းနှင့် အယောက် ၄.၂ သောင်းအတွက် အွန်လိုင်းလေ့ကျင့်ပျိုးထောင်မှု ပေးခဲ့ခြင်းတို့မှတစ်ဆင့် မြန်မာ့ ပန်းမန်းလုပ်ငန်း ဖွံ့ဖြိုးတိုက်တက်မှုနှင့် တောင်သူလယ်သမားများ၏ ဝင်ငွေတိုးများစေမှုအတွက် တက်ကြွစွာ အကျိုးဆောင်ခဲ့သည်။

7月3日,主题为“推进农业发展 助力脱贫减贫”的缅甸官员培训班在昆明开班,缅甸驻昆总领事多达昂出席开班仪式。

培训班的举办,是落实云南省友好代表团访问越南、老挝、缅甸三国达成共识的具体行动。本次培训将持续至7月8日,内容聚焦云南高原特色现代农业、脱贫减贫、乡村振兴3个方面。除了课堂教学,还将安排参训的20名缅甸学员赴安宁市、元谋县实地考察学习。

云南和缅甸在农业领域合作互补性强、合作意愿足。近年来,双方农业合作机制日益完善,合作形式不断创新。自2015年农业农村部批准在云南设立“中国—缅甸农业技术培训中心”以来,已先后为缅甸农技人员开展了畜禽养殖、杂交水稻育种、蔬菜种植、水稻高产及热带水果栽培等技术培训。2022年,我省在缅甸实施花卉产业培训项目,在缅甸推广10个花卉新品种,为缅方开展技术服务指导50余人次、线上培训4.2万人次,为当地花卉产业发展、农民增收作出了积极贡献。(云南日报 记者韩成圆 张莹琳) 

အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73ကျပ်