JD.com မြန်မာထွက်ကုန်ပစ္စည်းအရောင်းပြခန်းကို တာ့လီမြို့တွင် ဖွင့်လှစ်ခဲ့

2023-06-29 11:24|ရောင်စုံတိမ်တံတား

(ရောင်စုံတိမ်တံတား လဲ့ရွှေရည်ဇွန်လ ၂၅ ရက်နေ့တွင် JD.com မြန်မာထွက်ကုန်ပစ္စည်းအရောင်းပြခန်းကို တာ့လီဘိုင်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ခွဲရှိ တာ့လီရှေးဟောင်းမြို့၌ တရားဝင် စတင်ဖွင့်လှစ်ခဲ့သည်၊ တရုတ်စားသုံးသူများသည် ဤအရောင်းပြခန်းမှတစ်ဆင့် စစ်မှန်သော အရည်အသွေးမြင့် မြန်မာထွက်ကုန်ပစ္စည်းများကို တိုက်ရိုက်ဝယ်ယူနိုင်သည်။

微信截图_20230627075912

JD.com မြန်မာထွက်ကုန်ပစ္စည်းအရောင်းပြခန်းသည် ယူနန်ပြည်နယ်တွင် ပထမဦးဆုံး ဖွင့်လှစ်သည့် JD.com နိုင်ငံခြား ထွက်ကုန်ပစ္စည်းအရောင်းပြခန်းဖြစ်၍ ၄င်းကို တရုတ်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံးသည် Yunnan Huineng Myanmar Trading Co., Ltd. ကို လည်ပတ်ဆောင်ရွက်ရန် ခွင့်ပြုသည်။ ဤအရောင်းပြခန်းသည် JD.com ၏ ဒစ်ဂျစ်တယ်သိပ္ပံနည်းပညာ၊ ဘက်စုံလမ်းကြောင်းများဖြင့် ရောင်းချခြင်း၊ ကုန်စည်စီးဆင်းမှုနှင့် ထောက်ပံ့ရေးကွင်းဆက် စသည့် နယ်ပယ်များမှ  အားသာချက်များကို အသုံးချမည်ဖြစ်၍ JD.com ၏ "အွန်လိုင်းကုန်တိုက် + အော့ဖ်လိုင်းစတိုးဆိုင်" ဟူသော လည်ပတ်မှုပုံစံဖြင့် မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ ထုတ်ကုန်များကို မြှင့်တင်မိတ်ဆက်၍ မြန်မာ့ကျောက်မျက်ရတနာများ၊ ပင်လယ်စာများနှင့် စိုက်ပျိုးရေးထွက်ကုန်များ စသည့် အထူးကုန်စည်များနှင့် တရုတ်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံးမှ အကြံပြုထားသော အခြား အရည်အသွေးမြင့် ကုန်ပစ္စည်းများကို ရောင်းချသည်။ လက်ရှိအချိန်တွင် ဤအရောင်းပြခန်းသည် အစားအသောက်နှင့် ဝိုင်များ၊ လက်ဝတ်ရတနာများနှင့် အဝတ်အထည်များ အပါအဝင် ကုန်ပစ္စည်းအမျိုးပေါင်း ၁ ထောင် ကျော်ကို ပြသထားသည်။

အခုနှစ်များတွင် "ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်ခု" အဆိုပြုချက်ကို ပူးပေါင်းတည်ဆောက်မှုကြောင့် တရုတ်-မြန်မာ စီးပွားရေးနှင့် ကုန်သွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုသည် လျင်မြန်စွာ တိုးတက်လာခဲ့သည်။ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် တရုတ်-မြန်မာ နှစ်နိုင်ငံ ကုန်သွယ်မှုမှ ပို့ကုန်ပမာဏသည် ကန်ဒေါ်လာ ၃ ဒသမ ၈၃၃ ဘီလီယံရှိပြီး သွင်းကုန်ပမာဏသည် ကန်ဒေါ်လာ ၅ ဒသမ ၄၄၆ ဘီလီယံအထိ ရောက်ရှိခဲ့သည်ဟု မြန်မာစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ မြန်မာနိုင်ငံသည် ယူနန်ပြည်နယ်၏ အကြီးဆုံး သွင်းကုန်အရင်းအမြစ်နိုင်ငံနှင့် အကြီးဆုံး ပို့ကုန်ဈေးကွက်ဖြစ်၍ ယူနန်-မြန်မာ နှစ်ဦးနှစ်ဖက်တို့၏ စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုသည် တစ်မူထူးခြားသော တည်နေရာ အားသာချက်များနှင့် ခိုင်မာသော အခြေခံအုတ်မြစ် ရှိသည်။ ၂၀၂၂ ခုနှစ်တွင် ယူနန်ပြည်နယ်နှင့် မြန်မာနိုင်ငံအကြား သွင်းကုန်ပို့ကုန်ပမာဏသည် ယွမ် ၄၉.၄၄ ဘီလီယံဖြစ်ပြီး ၆ ရာခိုင်နှုန်း တိုးများလာခဲ့သည်။ အခုအချိန်တွင် JD.com မြန်မာထွက်ကုန်ပစ္စည်းအရောင်းပြခန်း၏ ဖွင့်လှစ်လည်ပတ်ခြင်းသည် ယူနန်-မြန်မာ နှစ်ဦးနှစ်ဖက်တို့အကြားမှ စီးပွားရေးနှင့် ကုန်သွယ်ရေးဆိုင်ရာ ဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုနက်ရှိုင်းစေမည် ဖြစ်၍ အရည်အသွေးမြင့် မြန်မာထွက်ကုန်ပစ္စည်းများကို အထူးသဖြင့် လယ်ယာထွက်ကုန်ပစ္စည်းများကို တရုတ်စျေးကွက်အား ချဲ့ထွင်ရန် ကူညီပေးမည်ဖြစ်၍ ယူနန်-မြန်မာ နှစ်ဦးနှစ်ဖက်တို့အကြားမှ ဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို အဆင့်သစ်သို့ ချီတက်သွားစေမည် ဖြစ်သည်။


6月25日,京东缅甸国家馆在大理白族自治州大理古城正式开馆,中国消费者可通过该渠道直接购买正宗的缅甸优质商品。

1444756

京东缅甸国家馆是云南省首家上线运营的京东国家馆,由缅甸联邦共和国驻华大使馆授权云南辉能缅拓商贸有限公司运营。该馆将借助京东在数字科技、全渠道营销、物流及供应链等领域的优势,以京东“线上商城+线下实体店”的运营模式,宣传缅甸特色文化和文旅产品,销售缅甸翡翠珠宝、海产品、农产品等特色商品及缅甸大使馆推荐的其他品质好物。目前,该馆已上线1000余种商品,涵盖美食美酒、珠宝服饰等丰富品类。

近年来,在共建“一带一路”倡议下,中缅经贸合作飞速发展。缅甸商务部数据显示,2022—2023财年,中缅双边贸易出口额达38.33亿美元,进口额达54.46亿美元。缅甸是云南省第一大进口来源国和第一大出口市场,滇缅经贸合作具有独特的区位优势和坚实基础。2022年,云南与缅甸的进出口值完成494.4亿人民币,增长6%。此次京东缅甸国家馆的开设运营,将进一步深化滇缅经贸交流合作,帮助更多缅甸优质特色商品,尤其是农产品拓展中国市场,推动滇缅交流合作迈上新台阶。(云南日报 记者李丽)


အယ်ဒီတာ: ခင်ခင် တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73ကျပ်