ကူမင်းမြို့သည် နွေအပူဒဏ်ရှောင်ရန် အကောင်းဆုံးသော ခရီးသွားနေရာအဖြစ် ရွေးချယ်ခံခဲ့

2023-06-28 15:42|ရောင်စုံတိမ်တံတား

(ရောင်စုံတိမ်တံတား လဲ့ရွှေရည်ဇွန်လ ၂၆ ရက်နေ့တွင် ၂၀၂၃ ခုနှစ် တရုတ်နိုင်ငံ နွေအပူဒဏ်ရှောင်ရန် ခရီးသွားလာရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှု အစီရင်ခံစာ ထုတ်ပြန်ခြင်း အစည်းအဝေးကို ဟူပေပြည်နယ် အိန်းစီး ထူကျားလူမျိုး မြောင်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ခွဲ လစ်ချွမ်းမြို့၌ ကျင်းပခဲ့သည်။ ဤအစည်းအဝေးတွင် အထူးအစီရင်ခံစာနှင့် "၂၀၂၃ ခုနှစ် နွေအပူဒဏ်ရှောင်ရန် အကောင်းဆုံးသော ခရီးသွားနေရာ" ဟူသော စာရင်းကို ထုတ်ပြန်ခဲ့သည်၊ ၄င်းအနက်၊ ကူမင်းမြို့သည် "၂၀၂၃ ခုနှစ် နွေအပူဒဏ်ရှောင်ရန် အကောင်းဆုံးသော ခရီးသွားနေရာ (မြို့)" အဖြစ် ရွေးချယ်ခံခဲ့၍ စီလင်ခရိုင်သည် "၂၀၂၃ ခုနှစ် နွေအပူဒဏ်ရှောင်ရန် အကောင်းဆုံးသော ခရီးသွားနေရာ (ခရိုင်)" အဖြစ် ရွေးချယ်ခံခဲ့သည် ဖြစ်သည်။

ဤအစီရင်ခံစာအရ ခရီးသည်များ၏ ကူမင်းမြို့တွင် နွေအပူဒဏ်ရှောင်ရန် ခရီးသွားလာရေး နှင့်ပတ်သက်သည့် အထွေထွေ အကဲဖြတ်ခြင်းသည် ကျေနပ်မှု မြင့်မားသော အဆင့်အတန်းသို့ ရောက်ရှိခဲ့၍ မြို့အဆင့် နွေအပူဒဏ်ရှောင်ရန် ရည်မှန်းချက်ပန်းတိုင်များထဲတွင် အဆင့် ၂ နေရာတွင် တည်ရှိနေ၍ ခရီးသည်များ၏ အကဲဖြတ်မှု အညွှန်းကိန်းများစလုံးသည် ကျေနပ်ဖွယ်အဆင့် သို့မဟုတ် အထက်သို့ ရောက်ရှိခဲ့သည်။ ထို့ပြင်၊ ခရီးသည်များ၏ စီလင်ခရိုင်တွင် နွေအပူဒဏ်ရှောင်ရန် ခရီးသွားလာရေး နှင့်ပတ်သက်သည့် အထွေထွေ အကဲဖြတ်ခြင်းသည် ကျေနပ်မှု မြင့်မားသော အဆင့်အတန်းသို့ ရောက်ရှိခဲ့၍ ခရိုင်အဆင့် နွေအပူဒဏ်ရှောင်ရန် ရည်မှန်းချက်ပန်းတိုင်များထဲတွင် အဆင့် ၂ နေရာတွင် တည်ရှိနေ၍ ခရီးသည်များ၏ အကဲဖြတ်မှု အညွှန်းကိန်းများစလုံးသည် ကျေနပ်ဖွယ်အဆင့် သို့မဟုတ် အထက်သို့ ရောက်ရှိခဲ့သည်။

"ကူမင်းမြို့ရဲ့ နှစ်စဉ်ပျမ်းမျှအပူချိန်ဟာ ၁၅ ဒီဂရီစင်တီဂရိတ်လောက် ရှိပြီး နှစ်စဉ် အပူချိန် ကွာခြားချက်ဟာ နိုင်ငံအတွင်း အသေးငယ်ဆုံး ဖြစ်ပါတယ်၊ ကျွန်တော်တို့က တရုတ်နိုင်ငံ၏ ပြည်နယ်စလုံးက ခရီးသည်တွေကို ဧည့်ခံတဲ့အပြင် ကမ္ဘာတဝှမ်းရှိ နိုင်ငံပေါင်း ၇၀ က ၈၀ အထိ ခရီးသည်တွေကိုလဲ ဧည့်ခံခဲ့ပါတယ်။ သူတို့ရဲ့ ခရီးထွက်တာ အကြောင်းရင်းတွေထဲမှာ ကူမင်းမြို့ရဲ့ ရာသီလေးပါး ဆွေဦးရာသီနဲ့တူတဲ့ ရာသီဥတုဟာ အကြီးဆုံး အကြောင်းရင်း ဖြစ်ပါတယ်။" ဟု ခရီးသွားလုပ်ငန်းတွင် အနှစ် ၃၀ ခန့်ကြာ လုပ်ဆောင်သည့် တတ်ကျွမ်းသူ၊ ယူနန် မေထို နိုင်ငံတကာ ခရီးသွားအေဂျင်စီ၏ အထွေထွေမန်နေဂျာ ဝမ်းထောင်းက ပြောကြားခဲ့သည်။

昆明信息港综合整理 6月26日,2023中国避暑旅游发展报告发布会在湖北省恩施州利川市举行。会上发布多项专题报告以及“2023避暑旅游优选地”名单,昆明市上榜“2023避暑旅游优选地(地级城市)”,石林县上榜“2023避暑旅游优选地(县级城市)”。

根据《报告》,游客对昆明避暑旅游的综合评价达到满意度高水平,在市级避暑目的地城市中排名第2,各项游客评价指数均达到满意水平及以上;此外,游客对石林县避暑旅游的综合评价达到满意度高水平,在县级避暑目的地城市中排名第2,各项游客评价指数均达到满意水平及以上。

从业30年的资深旅游人、云南美途国际旅行社总经理汪涛说:“昆明常年平均气温在15℃左右,年温差全国最小,我们接待过中国所有省份的客人,也接待过全球七八十个国家的游客。在他们的出游动机里,昆明四季如春的天气是最大的原因。”

အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73ကျပ်