အနောက်တောင်ပိုင်းမှ အရှေ့မြောက်ပိုင်းသို့ သွားပြီး ခရီးစဉ် ၁၆ ရက်ကြာ၍ ကူမင်း-မို့ဟယ် အထူးခရီးသွားရထား စတင်ပြေးဆွဲခဲ့
2023-06-28 15:11|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) "မြောက်ဘက်စွန်းကို သွားချင်တာ ကြာပါပြီ၊ ဒီတစ်ခါမှာ မို့ဟယ်မြို့ကို သွားမယ့် အထူးခရီးသွားရထားရှိပြီး စျေးလဲ အရမ်းသက်သာတယ်လို့ ကြားရသဖြင့် ငါက ရောင်းရင်းဖက် သုံးလေးငါးယောက်ကို ချိန်းဆိုထားပြီး အတူတူလာကြတယ်။" ဟု ခရီးသည် ချူးချီယန့်က ပြောခဲ့သည်။ ဇွန်လ ၂၃ ရက်နေ့တွင် ကူမင်းမြို့မှ မို့ဟယ်မြို့သို့ ခုတ်မောင်းပြေးဆွဲနေသည့် Y474 အထူးခရီးသွားရထားပေါ်တွင် သူမသည် သူမ၏ ခရီးသည်မိတ်ဆွေ ၃ ယောက်နှင့်အတူ ဖဲကစားရင်း စကားစမြည်ပြောနေ၍ အလွန်စိတ်တိုင်းကျခဲ့သည်။
ဇွန်လမှ စက်တင်ဘာလအထိ အချိန်ကာလသည် အရှေ့မြောက်ပိုင်းဒေသ၊ မို့ဟယ်မြို့၊ ဟိုးလွင်ပအယ်လ်မြို့တို့သို့ လည်ပတ်ကြည့်ရှုရန် အကောင်းဆုံးသော အချိန်ကာလ တစ်ခုဖြစ်ကာ ချန်ဘိုင်စန်းတောင်၊ ဟိုးလွင်ပအယ်လ် မြက်ခင်းပြင်ကြီးတို့၏ ရှုခင်းများသည် လှပသည့် အရာများ များပြားလှသည် ဖြစ်၍ ခရီးသည်များအကြား အထူးပင်ရေပန်းစား လျက်ရှိသည်။ ယခုနှစ်ကတည်းက ခရီးသွားလုပ်ငန်းစျေးကွက်သည် လျင်မြန်စွာ ပြန်လည် ကောင်းမွန်လာသည် နှင့်အမျှ ခရီးသည်များသည် ခရီးသွားချင်စိတ် ပြင်းထန်လာသည်။ ခရီးသွားထုတ်ကုန်များ ကြွယ်ဝစေရန်နှင့် ယူနန်လူများ၏ အခြားပြည်နယ်သို့ သွားရောက်လည်ပတ်ကြည့်ရှုသည့် လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်အတွက် တရုတ် မီးရထား၊ ကူမင်းဦးစီးဌာန၊ နိုင်ငံတကာ ခရီးသွားဝန်ဆောင်မှု ကုမ္ပဏီလီမိတက်သည် "မြောက်ပိုင်းဒေသ၏ ရှုခင်းများ"ကို လည်ပတ်ကြည့်ရှုစေရန် မို့ဟယ်နှင့် ဟိုင်လားအယ်လ် စသည့် နေရာများသို့ သွားရောက်စေရန် ခရီးသည်များအား ကူညီပေးသည့်အတွက် အထူးခရီးသွားရထားကို စီစဉ်ခုတ်မောင်းသည်။
အဆိုပါ Y474 အထူးခရီးသွားရထားသည် ဇွန်လ ၂၃ ရက်နေ့တွင် စတင်ထွက်ခွာခဲ့ပြီး ဇူလိုင်လ ၉ ရက်နေ့တွင် ကူမင်းသို့ ပြန်လည်ရောက်ရှိမည် ဖြစ်ကာ ခရီးစဉ် ၁၆ ရက်ကြာ ရှိ၍ "ရထားသည် လူနှင့်အတူ ပြေးဆွဲခြင်း၊ လူသည် လည်ပတ်ကြည့်ရှုလျှင် ရထားရပ်နားခြင်း၊ ညတွင် အနားယူပြီး နေ့တွင် လည်ပတ်ခြင်း" ဟူသော နည်းလမ်းကို အသုံးပြုကာ ခရီးစဉ်တွင် ကျီလင်၊ လျောင်နင်၊ ဟင်လုံကျန်း၊ နိတ်မေကို စသည့် ပြည်နယ် ၇ ခုရှိ အဓိက ရှုခင်းသာရပ်ကွက်များကို ပါဝင်ထားသည် ဖြစ်သည်။
အထူးခရီးသွားရထား၏ ဖောက်သည်အများစုမှာ သက်ကြီးရွယ်အို ခရီးသည်များ ဖြစ်ခြင်းကြောင့် အဆိုပါကုမ္ပဏီသည် အထူးခရီးသွားရထား တစ်ကြိမ်စီး မထွက်ခွာမီ အဖွဲ့လိုက် ခရီးသွားအစည်းအဝေးကို ကျင်းပရန် အဖွဲ့တွင် ပါဝင်သည့် ခရီးသည်များကို ဖွဲ့စည်းလျက် ဖြစ်ကာ ခရီးစဉ်အစီအစဉ်၊ ရထားစီးလုံခြုံရေးနှင့် အစားအသောက်နှင့် တည်းခိုခြင်း ထောက်ခံပေးအပ်ချက် စသည့် အရေးကြီးသော အသိပေးကိစ္စရပ်များကို အသေးစိတ် ရှင်းပြပေးလျက် ဖြစ်သည်။ ခရီးစဉ်အတွင်း ဝန်ဆောင်မှုနှင့် ဧည့်လမ်းညွှန်မှုဆိုင်ရာ လုပ်ငန်းများကို ကောင်းမွန်အောင် ဆောင်ရွက်ရန် ကုမ္ပဏီသည် အတွေ့အကြုံကြွယ်ဝပြီး တာဝန်သိစိတ်များများရှိသော ဝန်ထမ်းများကို စီစဉ်ခဲ့၍ ခရီးသည်များကို သွားကြိုရန် ခရီးသည်တင်ဘတ်စ်ကားများကို စီစဉ်သည့်အတွက် ခရီးသွား ရည်မှန်းချက်ပန်းတိုင် အသီးသီးရှိ ခရီးသွားအေဂျင်စီများနှင့် တက်ကြွစွာဆက်သွယ်ဆွေးနွေးခဲ့၍ ခရီးသည်များအား ပင်ပန်းနွမ်းနယ်မှု ပြေပျောက်စေရန်နှင့် ခရီးစဉ်ထဲမှ နေထိုင်မှုကို ကြွယ်ဝစေရန်အတွက် ကျန်းမာရေးလေ့ကျင့်ခန်း၊ ဆုရ မေးခွန်းယှဉ်ပြိုင်ဖြေခြင်း၊ စစ်တုရင်နှင့် ဖဲကစားပြိုင်ပွဲ၊ ဓာတ်ပုံရိုက်ပြိုင်ပွဲ စသည့် အပန်းဖြေဖျော်ဖြေရေး လှုပ်ရှားမှုများကို ဆောင်ရွက်ရန် သက်ကြီးရွယ်အိုများအား စည်းရုံးခဲ့သည်။
ယခုနှစ်ကတည်းက ကုမ္ပဏီသည် ခရီးသည်များ၏ လိုအပ်ချက်များကို သေသေချာချာ စုံစမ်းလေ့လာခဲ့ပြီး ပြည်တွင်းနှင့် ပြည်နယ်တွင်းရှိ ကောင်းမွန်သော ခရီးသွားလမ်းကြောင်းများနှင့် ထုတ်ကုန်များကို သေချာစေ့စပ်စွာ လေ့လာခဲ့၍ ရထားပို့ဆောင်ရေး၏ အားသာချက်များကို အားကိုးပြီး ကူမင်းမြို့မှ ပေကျင်းမြို့၊ မို့ဟယ်မြို့၊ နိတ်မေကိုပြည်နယ်ခွဲ ဟိုင်လားအယ်လ်ဒေသ၊ လော်ဖျင်ခရိုင်နှင့် ရှင်းယိခရိုင်၊ စီဖျင်ခရိုင်၊ ပေါင်စန်းမြို့၊ လစ်ကျန်းမြို့ စသည့် နေရာများသို့ အထူးခရီးသွားရထား ၈ စီးကို ရှေ့စဉ်နောက်ဆက် ဖွင့်လှစ်ခဲ့၍ "ယူနန့် အထူးခရီးသွားရထားဖြင့် တရုတ်နိုင်ငံနေရာအနှံ့ကို လည်ပတ်ကြည့်ရှုခြင်း" ဟူသော အမှတ်တံဆိပ်ကို ပိုမိုကျော်ကြားစေခဲ့သည်။
နွေရာသီကျောင်းပိတ်ရက် နီးကပ်လာတော့မည်ဖြစ်၍ ဤကုမ္ပဏီသည် ကူမင်းမြို့မှ ရှီးအန်းမြို့၊ မန်ကျူလီမြို့ စသည့် နေရာများသို့ အခြားပြည်နယ်သို့ ရောက်ရှိသည့် အထူးခရီးသွားရထားများနှင့် ပေါင်စန်းမြို့၊ လစ်ကျန်းမြို့၊ ဆစ်ဆောင်ပန်းနားပြည်နယ်ခွဲ စသည့် ပြည်နယ်တွင်း ဝိုင်းပတ် အထူးခရီးသွားရထားများကိုလည်း ဖွင့်လှစ်မည်ဖြစ်ကာ ရထားဖြင့် ခရီးသွားလာရေးဆိုင်ရာ အရင်းအမြစ်၏ အားသာချက်များကို ဆက်လက်ထုတ်ဖော်မည် ဖြစ်၍ ခရီးသွားထုတ်ကုန်များကို ဆက်လက် ဆန်းသစ်တီထွင်ပြီး ဝန်ဆောင်မှု အရည်အသွေးကို မြှင့်တင်ပြီး ခရီးသည်များ၏ ခရီးသွားလိုအပ်ချက်များကို ဖြည့်ဆည်းပေးမည် ဖြစ်သည်။
“早就想去最北边看看了,这次听说铁路有去漠河的旅游专列,价格也非常实惠,我和几个老朋友就约着一起来了。”6月23日,在昆明开往漠河的Y474次旅游专列上,游客朱其燕和她的3位“驴友”打着扑克、聊着天,十分惬意。
6月至9月是东北、漠河、呼伦贝尔的最佳旅游季节之一,长白山、呼伦贝尔大草原风景美不胜收,深受游客喜爱。今年以来,随着旅游市场快速回暖复苏,游客出行意愿强烈。为丰富旅游产品,满足云南人的出省旅游需求,中国铁路昆明局集团国际旅游服务有限公司(以下简称“旅服公司”)组织开行Y460次旅游专列,助力游客前往直至漠河、海拉尔等地,游览“北国风光”。
这趟Y474次旅游专列于6月23日出发,7月9日返昆,行程16天,采取“车随人走、人游车停、夜行日游”的方式开行,行程涵盖吉林、辽宁、黑龙江、内蒙古等7省的主要旅游景点。
针对旅游专列客户群体多为老年游客的实际,旅服公司在每一趟专列开行前都组织参团游客召开出团会,详细讲解行程安排、乘车安全、餐宿供应保障情况等重要注意事项。旅行途中,旅服公司安排了经验丰富、责任心强的工作人员做好服务和导游工作,积极协调对接各旅游目的地地接旅行社安排旅游大巴车进行接驳,组织老年游客开展健康操、有奖竞答、棋牌比赛、摄影比赛等休闲娱乐活动,缓解疲劳、丰富旅途生活。
今年以来,旅服公司认真调研旅客需求,精研国内、省内旅游精品线路和产品,依托铁路运输优势,先后组织开行昆明至北京华东、昆明至东北漠河、昆明至内蒙古海拉尔、昆明至罗平兴义、昆明至石屏、昆明至保山、丽江等方向旅游专列8趟,擦亮“云南专列•游遍神州”品牌。
暑假即将来临,旅服公司还将开行昆明至西安、昆明至满洲里等方向出省旅游专列和昆明至保山、丽江、西双版纳省内环线旅游专列,持续发挥铁路旅游资源优势,持续创新旅游产品,提升服务质量,满足游客出行需求。
အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: Xu Ting
- ၁၇ ကြိမ်မြောက် တရုတ် ကူမင်း နှစ်သစ်ကူးကုန်စည်ပြပွဲကို ကျင်းပနေ
- ယူနန်ပြည်နယ် တာ့လီမြို့တွင် ပထမဆုံး နိုင်ငံတကာ တိုက်ရိုက်လေကြောင်းလိုင်းကို ဖွင့်လှစ်
- ယူနန်ပြည်နယ်မှ ပြည်သူများသည် ကျီးဇူစန်းတောင်သို့ အခမဲ့ လည်ပတ်ကြည့်ရှုနိုင်
- Lucky Air သည် ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ကူမင်း-ဗီယင်ကျန်း နိုင်ငံတကာ လေကြောင်းလိုင်းသစ်ကို စတင်ဖွင့်လှစ်
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- အရှေ့တောင်အာရှ ကုန်ပစ္စည်းကလေးများသည် ကူမင်းမြို့ရှိ "နှစ်သစ်ကူးကုန်စည်ပြပွဲ"တွင် ရေပန်းစားနေ
- "ရထားလမ်း ဖွင့်လှစ်တာနဲ့အမျှ အားလုံး အရှိန်တိုးလာနေတယ်" ဟု ဟွန်ကျွင့်ကျယ်က ပြောဆိုခဲ့
- တရုတ်-လာအို ရထားလမ်းနှင့် မိုဟန်ဆိပ်ကမ်းတို့သည် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြု
- တရုတ်-လာအို ရထားလမ်းကို မှီခိုပြီး မိုဟန်မြို့နယ်သည် ဖွံ့ဖြိုးတိုးတက်မှုရလဒ်များ ရရှိ