လန်ချန်း-မဲခေါင် နိုင်ငံများမှ ရထားလမ်းဆိုင်ရာ အရာရှိ အဦး ၂၀ သည် စုစည်းလေ့ကျင့်ပျိုးထောင်ရန် ကူမင်းမြို့သို့ လာရောက်ခဲ့
2023-06-26 16:05|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) အခုအချိန်တွင် ထိုင်း၊ လာအို၊ ဗီယက်နမ်၊ မြန်မာ၊ ကမ္ဘောဒီးယားနှင့် မလေးရှား အပါအဝင် နိုင်ငံပေါင်း ၆ ခုမှ ရထားလမ်းဆိုင်ရာ အရာရှိ အဦး ၂၀ သည် ကမင်းရထားလမ်း အသက်မွေးဝမ်းကျောင်း ပညာကောလိပ်ကျောင်း (Kunming Railway vocational and technical College) ၌ စုစည်းလေ့ကျင့်ပျိုးထောင်မှုကို ဆောင်ရွက်နေသည်။
ဤအကြိမ် လေ့ကျင့်ပျိုးထောင်မှုသည် ၂၀ ရက်ကြာ ဆက်လက်ကျင်းပမည် ဖြစ်၍ အထူးဟောပြောပွဲများ၊ နှီးနှောဖလှယ်ပွဲများ၊ ဆိုက်ရောက်လက်တွေ့ ပြုလုပ်မှုများ၊ ဆိုက်ရောက်လက်တွေ့ ကြည့်ရှုလေ့လာမှုများနှင့် အခြားနည်းလမ်းများဖြင့် ရထားလမ်းဆိုင်ရာ အရာရှိ အဦး ၂၀ သို့ တရုတ်ရထားလမ်းဆိုင်ရာ အတွေ့အကြုံများနှင့် လုပ်ဆောင်မှုများကို ပြသမည်ဖြစ်၍ ရထားလမ်း ချိတ်ဆက်မှုဖြင့် အချက်အချာဖြစ်သည့် ကံကြမ္မာအကျိုးတူအသိုက်အဝန်း၏ "တရုတ်စီမံကိန်း"ကို တစ်ဆင့်တိုး၍ ပြန့်ပွားအောင်လုပ်မည် ဖြစ်၍ တရုတ်ရထားလမ်းများကို "ပြည်တွင်းမှ ထွက်ခွာ"ရန် တက်ကြွစွာ ထောက်ခံမည်ဖြစ်သည်။
၄င်းသည် ယူနန်ပြည်နယ်၏ "ဉာဏ်စွမ်းသည် ယူနန်ပြည်နယ်တွင် စုစည်းခြင်း" ဟူသော စီမံကိန်းထဲမှ အရေးကြီးသော အစိတ်အပိုင်းတစ်ခုလည်း ဖြစ်ကာ တောင်အာရှ၊ အရှေ့တောင်အာရှ နိုင်ငံများမှ သိပ္ပံသုတေသနနှင့် နည်းပညာဆိုင်ရာ လူငယ် လူတော်လူကောင်းများကို ယူနန်ပြည်နယ်သို့ လာရောက်ပြီး သိပ္ပံနည်းကျ သုတေသန၊ ဆန်းသစ်တီထွင်မှုနှင့်စွန့်ဦးတီထွင်မှု နှင့် နည်းပညာလေ့ကျင့်ပျိုးထောင်မှုများ ဆောင်ရွက်ရန် ဆွဲဆောင်ခြင်းအားဖြင့် တောင်အာရှ၊ အရှေ့တောင်အာရှ နိုင်ငံများနှင့် အကြားမှ သိပ္ပံနည်းပညာနှင့် လူမှုရေးဆိုင်ရာ ဖလှယ်မှုများကို အားကောင်းစေရန်၊ တောင်အာရှ၊ အရှေ့တောင်အာရှ နိုင်ငံများအတွက် သိပ္ပံနည်းပညာ၊ ဆန်းသစ်တီထွင်မှုနှင့် စွန့်ဦးတီထွင်မှုဆိုင်ရာ လူငယ် လူတော်လူကောင်းများကို ပူးပေါင်းမွေးမြူရန်၊ ပြည်သူချင်း စိတ်ချင်းဆက်နွယ်မှုကို မြှင့်တင်ရန်၊ သိပ္ပံနည်းပညာဆိုင်ရာ ဆန်းသစ်တီထွင်နိုင်စွမ်းများကို မြှင့်တင်ရန်နှင့် အတူတကွ ဖွံ့ဖြိုးတိုးတက်အောင် တွန်းဆော်ရန် ရည်ရွယ်ထားသည် ဖြစ်သည်။
昆明信息港讯(昆明日报 记者张丽亚)目前,来自泰国、老挝、越南、缅甸、柬埔寨、马来西亚6国的20名铁路官员,正在昆明铁道职业技术学院进行集中培训。
此次培训为期20天,通过专题讲座、交流研讨、现场实作、实地参观考察等多种形式,为6国的20名铁路官员展示中国铁路的经验和做法,进一步推广以铁路联通为枢纽的命运共同体的“中国方案”,积极配合中国铁路“走出去”。
这也是云南省“智汇云南”计划的重要组成部分,旨在通过吸引南亚东南亚国家青年科研及技术人才来滇开展科学研究、创新创业和技术培训,加强与南亚东南亚国家的科技人文交流,为南亚东南亚国家合作培养青年科技人才和创新创业人才,促进民心相通,提升科技创新能力,推动共同发展。
အယ်ဒီတာ: ခင်ခင် တာဝန်ခံအယ်ဒီတာ: Xu Ting
- ၁၇ ကြိမ်မြောက် တရုတ် ကူမင်း နှစ်သစ်ကူးကုန်စည်ပြပွဲကို ကျင်းပနေ
- ယူနန်ပြည်နယ် တာ့လီမြို့တွင် ပထမဆုံး နိုင်ငံတကာ တိုက်ရိုက်လေကြောင်းလိုင်းကို ဖွင့်လှစ်
- ယူနန်ပြည်နယ်မှ ပြည်သူများသည် ကျီးဇူစန်းတောင်သို့ အခမဲ့ လည်ပတ်ကြည့်ရှုနိုင်
- Lucky Air သည် ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ကူမင်း-ဗီယင်ကျန်း နိုင်ငံတကာ လေကြောင်းလိုင်းသစ်ကို စတင်ဖွင့်လှစ်
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- အရှေ့တောင်အာရှ ကုန်ပစ္စည်းကလေးများသည် ကူမင်းမြို့ရှိ "နှစ်သစ်ကူးကုန်စည်ပြပွဲ"တွင် ရေပန်းစားနေ
- "ရထားလမ်း ဖွင့်လှစ်တာနဲ့အမျှ အားလုံး အရှိန်တိုးလာနေတယ်" ဟု ဟွန်ကျွင့်ကျယ်က ပြောဆိုခဲ့
- တရုတ်-လာအို ရထားလမ်းနှင့် မိုဟန်ဆိပ်ကမ်းတို့သည် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြု
- တရုတ်-လာအို ရထားလမ်းကို မှီခိုပြီး မိုဟန်မြို့နယ်သည် ဖွံ့ဖြိုးတိုးတက်မှုရလဒ်များ ရရှိ