တိန်ချီးရေကန် တစ်ခုလုံး၏ ရေအရည်အသွေးသည် အဆင့် IV ကို ၅ နှစ်ဆက်တိုက်ထိန်းသိမ်းထား
2023-06-14 10:48|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) နွေရာသီသို့ ဝင်ရောက်ပြီးနောက် တိန်ချီးရေကန် စောင်ဟိုင်တောင်ပိုင်းရှိ တာ့ဘော်ခုတ် ရေပြင်နယ်နိမိတ်မှ ရေဂေဟစနစ် ကောင်းမွန်ကျနလာအောင် ပြန်လည်ပြုပြင်ပေးရေး စံပြဧရိယာတွင် တိန်ချီးရေကန် သန့်ရှင်းရေးသမားများသည် ရေကန်ထဲမှ အမှိုက်သရိုက်များကို ဆယ်ယူနေသည်၊ ရေအရည်အသွေး ပိုမိုကောင်းမွန်လာသည် နှင့်အမျှ "ရေအရည်အသွေး၏ လေညွှန်အမှတ်အသား" ဟူသော Ottelia acuminata များသည် ဤနေရာ၌ ယှဉ်ပြိုင်ပွင့်ဖူးနေကြသည်။
ဂေဟဦးစားပေး အစိမ်းရောင် ဖွံ့ဖြိုးတိုးတက်ရေးကို စွဲစွဲမြဲမြဲ ထိန်းသိမ်းခြင်းအားဖြင့် ကူမင်းမြို့သည် တိန်ချီးရေကန် ကာကွယ်မှုကို အခြေခံပြုပြီး တောတောင်ပြုပြင်ခြင်း၊ မြစ်ချောင်းပြုပြင်ခြင်း၊ မြို့ပြအုပ်ချုပ်ရေးတို့ကို အားလုံး ရှေ့သို့တွန်းတင်ကာ တိန်ချီးရေကန် တစ်ခုလုံး၏ ရေအရည်အသွေးကို ဆက်လက်ကောင်းမွန်စေပြီး ၂၀၁၈ ခုနှစ်တွင် အဆင့် IV ရေအရည်အသွေးသို့ အဆင့်မြှင့်တင်ခဲ့သည် ကတည်းက အဆင့် IV ရေအရည်အသွေးကို ၅ နှစ်ဆက်တိုက် ထိန်းသိမ်းထားပြီဖြစ်ပြီး ယခုနှစ် ဇန်နဝါရီလမှ ဖေဖော်ဝါရီလအထိ အဆင့် III သို့ ရောက်ရှိခဲ့သည်။ ထို့ပြင်၊ တိန်ချီးရေကန်၏ ဇီဝမျိုးစုံမျိုးကွဲများလည်း သိသိသာသာ ပြန်လည်ကောင်းမွန်လာသည်၊ အပင်မျိုးစိတ် ၂၃၂ မျိုးမှ ၃၀၃ မျိုးအထိ တိုးလာပြီး ငှက်မျိုးစိတ် ၈၉ မျိုးမှ ၁၇၅ မျိုးအထိ တိုးလာ၍ လက်ရှိ ငါးမျိုးစိတ် ၂၆ မျိုးရှိပြီး ဒေသခံ မူရင်း ငါးမျိုးစိတ် ၆ မျိုးအထိ ပြန်လည်တိုးလာပြီ။
အယ်ဒီတာ: ကိုကိုမောင် တာဝန်ခံအယ်ဒီတာ: Xu Ting
- China Southern Airlines သည် တာ့လီ-ချန်ရှား-တာ့လျန် လေကြောင်းလိုင်းသစ်ကို ဖွင့်လှစ်ခဲ့
- မာလူထန် အထူးတံတားကြီး ချိတ်ဆက်လိုက်ပြီဖြစ်ရာ ထျန်းပေါင်-မာလီပို အမြန်လမ်းမကြီး၏ အဓိကလမ်းကြောင်း ပြီးစီး
- ကူမင်း ချန်ချုံတောင်တွင် ကြိုပို့ရန်တက္ကစီများ ရှိနေပြီ ဖြစ်၍ ၂၄ နာရီ စဉ်ဆက်မပြတ် ပြေးဆွဲ
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ ကူမင်းမြို့၌ ဖွင့်လှစ်ကျင်းပ
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- တရုတ်-လာအို ရထားလမ်းမှ ပို့ဆောင်သည့် ကုန်စည်အမျိုးအစား ၃,၉၀၀ ကျော်အထိရှိလာ
- ကူမင်း-ရန်ကုန် ကုန်တင်လေယာဉ်လမ်းကြောင်းကို တရားဝင် ပြန်လည်စတင်ပျံသန်း
- မြန်မာ့ကျောက်စိမ်းပြပွဲ တရုတ်-မြန်မာ နယ်စပ်ဒေသ ရွှေလီမြို့တွင် လေလံစတင်
- "ကျိန့်ဟော်"ရထား ဖွင့်လှစ်ခြင်း တစ်နှစ်ပြည့်၊ နယ်စပ်ဖြတ်ကျော် ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်း ချောမွေ့စွာ လည်ပတ်လျက်ရှိ






