ကူမင်းမြို့ ပတ်လည်နားရှိ "လူ့လောက အပြင်ဘက် ငြိမ်းအေးသာယာသော မက်မွန်ပန်းရိပ်မြုံ" ၄ ခုသည် ဧကစာနေထိုင်ရာနေရာ ဖြစ်ကြ
2023-06-14 17:23|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) ကမ္ဘာကြီးသည် ကြီးမားလှသည်
လှမ်းမျှော်ကြည့်ပြီး ဆွေမျိုးရင်းချာအား သတိရလွမ်းမိလျှင် မင်းနှင့်ငါတို့အကြား မိုင်ထောင်ပေါင်းများစွာ ကွာဝေးသည်
ကမ္ဘာကြီးသည် သေးငယ်လှသည်
နေရာနှစ်ခုနှင့် လမ်းကြောင်းတစ်လိုင်းသည် ကျွန်မဘဝ၏ ခြံစည်းရိုးဖြစ်လာသည်
လူများသည် ညနေမှ တိုတောင်းသော အနားယူခြင်းကို မကျေနပ်တော့ပါ
တောင်များနှင့် မြစ်များရှိသည့် နေရာတစ်ခုကို သွားပြီး
သူငယ်ချင်း သုံးလေးငါးယောက်နှင့်အတူ တစ်နေ့လုံး နေကြသည်ကို ပိုမိုနှစ်သက်ကြသည်
ကူမင်းမြို့ ပတ်လည်နားရှိ
ဤ "လူ့လောက အပြင်ဘက် ငြိမ်းအေးသာယာသော မက်မွန်ပန်းရိပ်မြုံ" ၄ ခုသည်
ဧကစာနေထိုင်ရာနေရာ ဖြစ်ကြသည်
သစ်တော၊ ချောင်းရေစီးကြောင်း၊ မြက်ခင်းပြင်၊ ပန်းပယ်လယ်
ဆိတ်ငြိမ်ခြင်း၊ အေးမြခြင်း၊ စိတ်တိုင်းကျခြင်း၊ စိတ်ပွင့်လန်းခြင်း
မင်းသည် နှစ်သက်သည့် ပုံစံနှင့် ခံစားချက်များကို ဤနေရာတွင် ရှိကြသည်
မာထီဟယ်မြစ်(မြင်းခွာမြစ်)
ဤတောရိုင်းချောင်းမြစ်ကို သွားပါ၊ သစ်တောလျှို့ဝှက်နေရာ ပျောက်ကင်းအောင် ကုသပေးပြီး နွေရာသီထဲမှ အေးမြမှုကို ရှာဖွေပါ။
မာထီဟယ်မြစ်သည် ယီလျံခရိုင်၌ တည်ရှိပြီး ကျူးကျန်းမြစ်ဝှမ်းရှိ နန်ဖမ်ကျန်းမြစ်ခွဲ ဖြစ်၍ ကေကျားယင်မြို့နယ်ရှိ မြစ်အစိတ်အပိုင်း၌ မြင့်မားမတ်စောင့်သော တောင်များကို ဖြတ်သန်းပြီး အကွေ့အကောက် ထွေလှပြီး ဒိုးရိုးပေါက်မြင်နိုင်လောက်အောင် ကြည်လင်လှသည်။ မာထီဟယ်မြစ်သည် တောင်ထိပ်မှ ငို့ကြည့်လျှင် မြင်းခွာပုံနှင့် တူသောကြောင့် မြင်းခွာမြစ်ဟူသော အမည်ရရှိခဲ့သည်၊ မြစ်၏ ကမ်းရိုးတန်းသည် အများအားဖြင့် လျှိုမြောင်များ၊ ကျောက်ဆောင်များနှင့် ကမ်းပါးစောက်များ ဖြစ်ကြပြီး ရှုခင်းသာယာလှပ၍ လူများအတွက် ခြေလျင်လျှောက်ရန် နေရာကောင်းတစ်ခု ဖြစ်သည်။
ရာနှင့်ချီသောနှစ်များတွင် မာထီဟယ်မြစ်သည် ယီလျံခရိုင် မြောက်ဘက်ရှိ ကတ်စ(ထ) ထုံးကျောက်မြေအသွင် ကုန်းပြင်မြင့်ကို တိတ်ဆိတ်စွာ ဖြတ်သွားခဲ့သည်၊ မြစ်ကမ်းနှစ်ဖက်ရှိ ရှေးဟောင်းသစ်ပင်များသည် မိုးမိုးမတ်မတ်ရှိ၍ အနွယ်များနှင့် အမြစ်များသည် ကျောင်းဆောင်များစပ်ကြားတွင် ကြံ့ကြံ့ခိုင် ရှင်သန်ကြီးထွားလာနေသည်။
တည်နေရာ ။ ။ ယီလျံခရိုင် ကေကျားယင်မြို့နယ် ယန်ချောင်ကျေးရွာ
ကားမောင်းချိန် ။ ။ ကူမင်းမြို့မှ ထွက်ခွာလျှင် တစ်နာရီခွဲကြာ တာထွက်ရာနေရာသို့ ရောက်နိုင်သည်
လည်ပတ်ခြင်း ။ ။ ခရီးစဉ်တစ်ခုလုံး ၁၁ ကီလိုမီတာခန့် ခြေလျင်လျှောက်ရသည်၊ ခက်ခဲသောလမ်းများ မရှိ၊ လေကောင်းလေသန့်ရှိ၊ ချောင်းရေစီးကြောင်းနှင့် လိုက်ပါသွားခြင်း၊ ကူမင်းမြို့ ပတ်လည်နားရှိ "စိမ်းလန်းသော လျှို့ဝှက်နေရာ" ဟုခေါ်နိုင်သည်။
သတိပေးချက် ။ ။ လမ်းတစ်လျှောက်တွင် ချုံပုတ်များစွာရှိသောကြောင့် ပျော့ပျောင်းသော အခွံ သို့မဟုတ် ခြစ်ရာကင်းသော အဝတ်ကို ဝတ်ရန် ပိုမိုအဆင်ပြေသည်၊ လမ်းထောက်တစ်ချို့တွင် ရေဆန်ရပြီး မြစ်ဖြတ်ရသောကြောင့် ရေစိုခံ ပြင်ပအားကစားဖိနပ် သို့မဟုတ် ကွင်းထိုးဖိနပ်ကို ယူဆောင်ရန် အကြံပြုထားသည်။ လမ်းတစ်လျှောက်တွင် ထောက်ပံ့ရေးစခန်းမရှိသောကြောင့် သင့်ကိုယ်ပိုင်အစားအစာနှင့် ရေကို ယူဆောင်ရန် လိုအပ်သည်၊ တောင်တွင် အချက်ပြမှု အားနည်းသောကြောင့် မြေပုံလမ်းကြောင်းကို ကြိုတင်ဒေါင်းလုဒ်လုပ်ပြီး အဖော်နှင့်အတူ သွားရမည်။
မာထီဟယ်မြစ် ဘေးနားမှ ဆိတ်ငြိမ်သော လမ်းငယ်တစ်လျှောက်
အစိမ်းရောင်အတိုင်း သစ်တော၏ နက်နဲရာနေရာသို့ ဖြတ်သန်းသွားရောက်သည်
မြေညီတစ်ခုကို ရှာပြီးနောက် မိုးကားခင်းပြီး စားပွဲနှင့် ကုလားထိုင်များကို ထားပါ
ဆူညံညံများနှင့် ရန်ဖြစ်မှုများ မရှိသည့် အချိန်ကာလကို ကုန်လွန်စေပါ
ယန်ကျားကျုံးကျေးရွာ
ကူမင်းမြို့ ပတ်လည်နားရှိ လေ၊ ရေ နှင့် ပန်း၏မွှေးရနံ့များ ရှိသော "နေအိမ်တည်းခိုခန်း"
ယန်ကျားကျုံးကျေးရွာသည် စိသားစုတစ်စုလုံးနှင့် သူငယ်ချင်းများသည် ခရီးထွက်ရန် ကောင်းမွန်သော ရွေးချယ်ချက်ဖြစ်သည်။ ဤကျေးရွာသည် မြို့လယ်ခေါင်နှင့် ကီလိုမီတာ ၃၀ ကွားဝေး၍ အကျယ်အဝန်း အမို ၁ သောင်းကျော်ရှိ၍ သစ်တောလွှမ်းခြုံမှု ၈၀ ရာခိုင်နှုန်းကျော်ရှိသည်။ ဤယခင်က အရပ်သားနေအိမ်များသည် ထူးခြားချက်ရှိပြီး မီးရှူးမီးပန်း အငွေ့အသက်ရှိသည့် နေအိမ်တည်းခိုခန်း တစ်ခုခုဖြစ်လာပါပြီ။
နေအိမ်တည်းခိုခန်း တစ်ခန်းနှင့် တစ်ခန်း နီးကပ်စွာရှိနေ၍ ဘောင်နှင့် ပုံများသည် မူရင်းအရပ်သားနေအိမ်များနှင့် တူသည်ဖြစ်သော်လည်း အိမ်ဝင်းထဲမှ အလှဆင်ခြင်းနှင့် အထားအသိုများသည် အချင်းချင်း ကွဲပြားသည်ဖြစ်၍ အကွေ့အကောက်များသော လမ်းငယ်များ၊ ပန်းများနှင့် အပင်များ၊ တံတားငယ်နှင့် ရေစီးကြောင်း စသည့် ရှုခင်းများကို တွေ့နိုင်သည်။
တည်နေရာ။ ။ ကူမင်းမြို့ ကွမ်းတုရပ်ကွက် ယန်ကျားကျုံးကျေးရွာ
ကားမောင်းချိန်။ ။ ကူမင်းမြို့မှ ထွက်ခွာလျှင် တစ်နာရီခန့်ကြာ ကားမောင်း၍ မြေအောက်ရထားလမ်း နံပါတ် ၆ ပေါ်မှ လေဆိပ်ရှေ့ရှိ ဘူတာတွင် ကားဆင်းပါ
ကုန်ကျစရိတ်။ ။ နေအိမ်တည်းခိုခန်း မတူလျှင် စျေးလည်းမတူပါ
လည်ပတ်ခြင်း။ ။ ယန်ကျားကျုံးကျေးရွာ ဘေးနားမှ ပန်းပယ်လယ်သည် ဇွန်လတွင် အလှဆုံးဖြစ်၍ ကျေးရွာတစ်ခုလုံး၏ ဒီဇိုင်းဆွဲခြင်းသည် ထူးဆန်းပြီး စျေးသက်သာသည်၊ ညတွင် နေအိမ်တည်းခိုခန်းမနေချင်သည့် သူများသည် လယ်ယာစားသောက်ဆိုင်များ၊ တောဖြတ်ကျော်ခြင်း၊ ဆေးဆိုးခြင်း၊ အမို ၆၀၀ ကျယ်ဝန်းသော ပန်းပယ်လယ် စသည့် ဖျော်ဖြေရေးအစီအစဉ်များကို ရွေးချယ်နိုင်သည်။
ဤနွေရာသီတွင်
မာကျောက်နှင့် ဘာဘီကျူး၊ လယ်တောရှုခင်း၊ ရေကစားပြီး ဓာတ်ပုံရိုက်ခြင်း
မေမေသည် ကလေးများကို စောင့်ရှောက်ခြင်း
တက္ကသိုလ်ဝင်စားမေးပွဲ ပြီးဆုံးသွားပြီးနောက် သူငယ်ချင်းများ၏ ပျော်ပွဲရွှင်ပွဲ
ကလေးများ၏ ကစားကွင်း
အိမ်မွေးတိရစ္ဆာန်များ၏ နောက်ပန်းခြံဥယျာဉ်
ယန်ကျားကျုံးကျေးရွာ၌ အားလုံးကို လုပ်နိုင်သည်
တာ့ရှောက်သစ်တော
ထင်းရှူးပင်၏ မွှေးရနံ့ကို ပါထားသည့် မြောက်ဥရောပပုံစံရှိသစ်တော
တာ့ရှောက်သစ်တောသည် ကူမင်းမြို့ ဖန်လုံရပ်ကွက်၌ တည်ရှိသည်။
ဤနေရာသည် စစ်မှန်သော "သဘာဝ အောက်ဆီဂျင်ဓာတ်ငွေ့များသောနေရာ" ဖြစ်၍ ဤနေရာ၌ စခန်းချနိုင်သည်၊ ဘာဘီကျူး လုပ်နိုင်သည်၊ တောရိုးမှို ကောက်ယူနိုင်သည်။ နွေရာသီတွင် တာ့ရှောက်သစ်တော၏ အရိပ်အောက်တွင်၊ သဘာဝလောကကြီး၏ ရင်ခွင်ထဲတွင် မိုးမရှောင်လေမရှောင်၊ ပိုးများနှင့် ငှက်များ၏ မြည်သံများကို နားထောင်ကြပြီး…
တည်နေရာ။ ။ ကူမင်းမြို့ ဖန်လုံရပ်ကွက် တာ့မိုက်လမ်းနှင့် ၁၆၉ မြို့နယ်အဆင့် လမ်းကြောင်းတို့၏ လမ်းဆုံရှိ တာ့ရှောက်သစ်တော
ကာမောင်းချိန်။ ။ ကူမင်းမြို့မှ ထွက်ခွာလျှင် ၁ နာရီခွဲခန့် ကားမောင်းရောက်နိုင်သည်
အဝင်လက်မှတ်။ ။ အခမဲ့
လည်ပတ်ခြင်း။ ။ မတ်လမှ ဇွန်လအထိ တာ့ရှောက်သစ်တောတွင် ဂျုံခင်းများကို မြင်နိုင်၍ ၄င်းသည် သိုးစုများနှင့်အတူ ထူးခြားသော ရှုခင်းတစ်ခုကို ဖန်တီးဖြစ်လာသည်။
သတိပေးချက်။ ။ ရေအရင်းအမြစ် မရှိသောကြောင့် ရေနှင့် အစားအစာ အလုံအလောက် ကြိုတင်ပြင်ဆင်ရန် လိုအပ်သည်။ မိုးဘိုင်းဖုန်း၏ အချက်ပြမှု အားနည်းသည်၊ နှစ်တိုင်း ဒီဇင်ဘာလမှ နောက်နှစ် ဇွန်လအထိ မီးဖြင့် ဘာဘီကျူးလုပ်ရန် တင်းတင်းကျပ်ကျပ် တားမြစ်သည်၊ တောရိုင်းတွင် စခန်းချသည့်အခါ သဘာဝပတ်ဝန်းကျင်ကို ဂရုစိုက်ပါ။
အချိန်ရှာပြီး ခရီးသွားပါ၊ တာ့ရှောက်သစ်တောသို့ သွားပါ
ဆိတ်ငြိမ်သော သစ်တောနှင့် သဘာဝလောကကြီး၏ တည်ငြိမ်မှုကို ခံစားသွားပါ
နွေရာသီထဲမှ တာ့ရှောက်သစ်တောရှိ စိမ်းလန်းသော ထင်းရှူးပင်များကို သွားကြည့်ပါ
ပေါ့ပါးသော အသက်စွမ်းအားကို ခံစားပါ
ကောင်းကင်နှင့် မြေကြီး ကျယ်ဝန်းလှပြီး နေရာအနှံ့ မြက်ပင်များကို တွေ့နိုင်၊ လေတိုက်လာပြီး မြက်ခင်းပြင်တွင် နွားနှင့် သိုးများကို မြင်ရသည်။
ဖုန့်လုံစန်းတောင်သည် ၄င်း၏ မြက်ခင်းပြင်များကြောင့် ကျော်ကြား၍ တောင်ခြေရှိ သဘာဝ စားကျက်မြေများကြောင့် ၄င်းသည် "ထျန်းစန်းတောင်ရှိ မြက်ခင်းပြင်ကလေး" ဟူသော နာမည်ကောင်းရှိသည်။
ဖုန့်လုံစန်းတောင်ရှိ သဘာဝ မြက်ခင်းပြင် စုစုပေါင်းအကျယ်အဝန်း အမို ၁.၄ သောင်းခန့်ရှိ၍ မြင့်ချည်နိမ့်ချည်ဖြစ်သော တောင်တန်းများရှိပြီး ကျယ်ပြန့်သော မြက်ခင်းပြင်ပေါ်တွင် သိုးအုပ်များကို ကျက်စားနေ၍ အပြာရောင်ဖြစ်သည့် ကောင်းကင်ယံတွင် တိမ်ဖြူးများ မျောနေသည်... ဤနေရာသို့ မြက်ခင်းပြင်၏ မွှေးရနံ့ကို ရှူရှိုက်ပြီး လေတိုက်လာပြီး မြက်ခင်းပြင်တွင် နွားနှင့် သိုးများကို မြင်ရသည့် ပန်းချီကားလိပ်ထဲသို့ ဝင်ရောက်သွားပါ။
တည်နေရာ။ ။ ကူမင်းမြို့ ရွင်တိန့်ခရိုင် ဖုန့်လုံစန်းတောင် သို့မဟုတ် ရွင်တိန့်စားကျက်မြေ
ကားမောင်းချိန်။ ။ အဝေးပြေးလမ်းမကြီး ကီလိုမီတာ ၉၀ ခန့်ရှိပြီး အဝေးပြေးလမ်းမကြီးမှ ဆင်းပြီးနောက် ခရိုင်အဆင့်၊ မြို့နယ်အဆင့် လမ်း ၁၁ ကီလိုမီတာခန့်ရှိသည်။ ကူမင်းမြို့သို့ ၁ နာရီ မိနစ် ၄၀ ကြာ ကားမောင်းရောက်နိုင်သည်။
သတိပေးချက်။ ။ တောင်ထိပ်တွင် သစ်တောအနည်းငယ်သာရှိ သောကြောင့် နေရောင်တားမြစ်ရန် အာရုံစိုက်၍ စခန်းချရာနေရာတွင် မီးမွှေးနိုင်သည်။
ဤကျယ်ပြန့်သောသော မြက်ခင်းပြင်ကို ခြေဖြင့် တိုင်းတာပါ
ဤနေရာရှိ မြက်ပင်နှင့် သစ်ပင်များ၏ အငွေ့အသက်ကို နှလုံးသားဖြင့် ခံစားပါ
တောရိုင်းမှိုကောက်ယူခြင်း၊ တောရိုင်းဟင်းသီးဟင်းရွက်များ ကောက်ယူခြင်း၊ စွန်လွှတ်ကစားခြင်း...
အားလုံးသည် ခရီးစဉ်ထဲမှ ပျော်ရွှင်သော အချိန်ဖြစ်သည်
မြက်ခင်းပြင်၏ လှပမှုနှင့် ကျယ်ပြန့်မှု
သူငယ်ချင်းများ၏ ဝမ်းသာအားရ သြဘာပေးသံနှင့် ရယ်မောခြင်း
အစားအစားနှင့်ပတ်သက်သည့် မျှဝေစားသောက်ခြင်း
အားလုံးသည် ဤခရီးစဉ်ထိုက်တန်သည့် အကြောင်းပြချက် ဖြစ်လာလိမ့်မည်
ဤနွေရာသီတွင်
အကြိုက်ဆုံးသောနေရာတစ်ခုကို ရွေးချယ်ပြီး
မင်း၏ ကိုယ်ပိုင်မှတ်ဉာဏ် ချန်ထားပါ
世界很大
举目思亲 你我相隔万里
世界很小
两点一线 成为我生活圈的栅栏
人们不再满足于一下午的短暂小憩
而更向往一个有山有水的地方
约上三五好友待上一整天
昆明周边这4个“世外桃源”
个个都是隐居地。
森林、溪流、草原、花海
静谧、凉爽、惬意、旷达
你想要的样子和感觉它都有
马蹄河MATIHE
去这个野生小溪,被森系秘境治愈,寻觅夏日清凉。
马蹄河位于宜良县,系珠江流域南盘江支流,在耿家营乡段河流穿越崇山峻岭,蜿蜒曲折,清澈幽远。马蹄河从山顶上看下去形似马蹄而得名,沿岸多为峡谷、岩石峭壁,风景绮丽,是人们徒步休闲旅游的好去处。
百年来,马蹄河默默地切割开宜良北部的喀斯特高原,河道两岸古树峥嵘,藤蔓、树根顽强地在石缝中生长。
地点:宜良县耿家营羊桥村
车程:昆明出发1.5小时到起始点
游玩:徒步全程大约11公里,没有难走的路,空气清新,溪流相伴,堪称昆明周边“绿野秘境”。
贴士:路途灌木丛较多,穿软壳或防剐衣裤徒步较为方便,部分路段溯溪过河,建议带防水的户外运动鞋或拖鞋。沿途没有补给站,需自带食物和水,山上信号弱,提前下载轨迹,结伴前行。
顺着马蹄河幽静的小路
跟着绿意穿梭到树林深处
寻一处平地,搭上天幕,摆上桌椅
过一段免去嘈杂和纷争的时光
严家庄YANJIAZHUANG
昆明周边一个有风、有水、有花香的“民宿村”。
严家庄——全家老小、闺蜜兄弟出动的好选择。这个村庄距离市中心30公里,占地10000余亩,森林覆盖率80%以上。这个昔日的农家小院,已变成一座座颇有独具特色,有烟火气息的民宿。
民宿一家紧挨着一家,框架、轮廓都是原来村里民居的样子,院里的装饰、格局就各有不同,院里曲径通幽,花花草草,小桥流水……好一幅夏日庭院画。
地点:昆明市官渡区严家庄
车程:昆明出发驾车60分钟左右,地铁6号线机场前站下车
消费:民宿每家价格不同
游玩:严家庄附近的花海6月是最美的时候,整个“民宿村”设计别致、性价比高,不想留宿的朋友有农家菜馆、山地越野、扎染、600余亩花海等娱乐项目可选择。
这个夏天
麻将烧烤、田园风光、戏水出片
宝妈解放双手遛娃
高考结束好友party狂欢
小朋友的游乐园
宠物的后花园
严家庄统统能满足
大哨森林DASHAO
自带松木香的北欧风森林。
大哨森林位于昆明市盘龙区。
这里是真正的“大自然氧吧”,能露营、能烧烤、还能拾菌。夏天在大哨森林的树荫下,在大自然的怀抱中,栉风沐雨,聆听虫鸣鸟叫、松涛海浪……
地点:昆明市盘龙区大麦路与169乡道交叉口大哨森林
车程:昆明出发约1.5小时车程
门票:免费
游玩:3-6月的大哨森林可以看到麦田,与羊群组合成一道独特的风景线。
贴士:无水源地,需自备充足生活用水及方便充饥食品。手机信号弱,每年12月至次年6月为禁火期严禁明火烧烤,野地露营注意环保。
找个时间去旅行,去大哨森林
去感受清幽的森林、自然的宁静
去看看夏日的大哨绿松
感受轻盈的生命力
凤龙山FENGLONGSHAN
苍苍野茫茫,风吹草地见牛羊。
凤龙山以草原闻名四方,得益于山麓的天然牧场,这里有“天山小草原”的美称。
凤龙山天然草原总面积约1.4万亩,起伏的山峦,广袤的草原上放牧着一群群绵羊,蔚蓝的天空白云飘……在这里,去呼吸草原的芬芳,走进风吹草低见牛羊的画卷。
地点:昆明市寻甸县凤龙山或寻甸牧场
车程:高速路程约90千米,下高速后县乡道约11千米,距离昆明1小时40分
贴士:山顶树林稀少,注意防晒,露营地可以生火。
用双脚丈量这片广阔的草原
用心感受这里一草一木的呼吸
捡菌子、摘野菜、放风筝……
都是旅途中愉悦的小时光
草原的壮美辽阔
小伙伴的欢声笑语
美食的分享交流
都将成为不虚此行的理由
这个夏天
择一处中意的目的地
留下属于你的独家记忆吧
အယ်ဒီတာ: ခင်ခင် တာဝန်ခံအယ်ဒီတာ: Xu Ting
- ၁၇ ကြိမ်မြောက် တရုတ် ကူမင်း နှစ်သစ်ကူးကုန်စည်ပြပွဲကို ကျင်းပနေ
- ယူနန်ပြည်နယ် တာ့လီမြို့တွင် ပထမဆုံး နိုင်ငံတကာ တိုက်ရိုက်လေကြောင်းလိုင်းကို ဖွင့်လှစ်
- ယူနန်ပြည်နယ်မှ ပြည်သူများသည် ကျီးဇူစန်းတောင်သို့ အခမဲ့ လည်ပတ်ကြည့်ရှုနိုင်
- Lucky Air သည် ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ကူမင်း-ဗီယင်ကျန်း နိုင်ငံတကာ လေကြောင်းလိုင်းသစ်ကို စတင်ဖွင့်လှစ်
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- အရှေ့တောင်အာရှ ကုန်ပစ္စည်းကလေးများသည် ကူမင်းမြို့ရှိ "နှစ်သစ်ကူးကုန်စည်ပြပွဲ"တွင် ရေပန်းစားနေ
- "ရထားလမ်း ဖွင့်လှစ်တာနဲ့အမျှ အားလုံး အရှိန်တိုးလာနေတယ်" ဟု ဟွန်ကျွင့်ကျယ်က ပြောဆိုခဲ့
- တရုတ်-လာအို ရထားလမ်းနှင့် မိုဟန်ဆိပ်ကမ်းတို့သည် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြု
- တရုတ်-လာအို ရထားလမ်းကို မှီခိုပြီး မိုဟန်မြို့နယ်သည် ဖွံ့ဖြိုးတိုးတက်မှုရလဒ်များ ရရှိ