ကူမင်းမြို့သည် နိုင်ငံတော် ကလေးသူငယ်များ အဆင်ပြေစေမည့် မြို့များတည်ဆောက်ရေး ဒုတိယအသုတ်စာရင်းတွင် အရွေးခံခဲ့

2023-06-09 10:57|ရောင်စုံတိမ်တံတား

(ရောင်စုံတိမ်တံတား လဲ့ရွှေရည်အခုတလော၊ တရုတ်နိုင်ငံ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေး ကော်မရှင် အထွေထွေရေးရာရုံး၊ တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ အမျိုးသမီးနှင့် ကလေးသူငယ်ဆိုင်ရာ လုပ်ငန်းကော်မတီရုံးတို့သည် နိုင်ငံတော် ကလေးသူငယ်များ အဆင်ပြေစေမည့် မြို့များတည်ဆောက်ရေး ဒုတိယအသုတ်စာရင်းကို ထုတ်ပြန်ခဲ့၍ နိုင်ငံတစ်ခုလုံး မြို့ ၄၀ ခုကို ၄င်းတွင် ပါဝင်ထားသည်။ ၄င်းအနက်၊ ကူမင်းမြို့သည် အောင်မြင်စွာ အရွေးခံခဲ့၍ ယူနန်ပြည်နယ်တွင် ပထမဆုံး အရွေးခံရသည့်မြို့ ဖြစ်လာခဲ့သည်။

ကလေးလူငယ်များ အဆင်ပြေစေမှုသည် မြို့ပြ အရည်အသွေးမြင့်မားစွာ ဖွံ့ဖြိုးတိုးတက်သည့် အရေးကြီးသော အမှတ်အသားဖြစ်၍ လူများကို ဗဟိုပြုသော မြို့ပြအသွင်ကူးပြောင်းမှု ပုံစံအသစ်၏ မဟာဗျူဟာ ဦးတည်ချက်လည်းဖြစ်သည်။ ကလေးလူငယ်များ အဆင်ပြေစေသည့် မြို့များ တည်ဆောက်ခြင်းသည် မြို့ပြလူဦးရေကို စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန်၊ မြို့ပြယဉ်ကျေးမှုနှင့် လူမှုရေးနွေးထွေးမှုကို ပြသရန်၊ စီးပွားရေး ပတ်ဝန်းကျင်ကို ပိုမိုကောင်းမွန်လာစေရန်၊ မြို့ပြ၏ ဆွဲဆောင်နိုင်မှုကို တိုးမြှင့်ရန် စသည်တို့အတွက် အရေးကြီးသော အကျိုးသက်ရောက်မှု ရှိသည်။ 

ကူမင်းမြို့သည် နိုင်ငံတော် ကလေးသူငယ်များ အဆင်ပြေစေမည့် မြို့များတည်ဆောက်ရေး ဒုတိယအသုတ်စာရင်းတွင် အရွယ်ခံခဲ့သည့် အခွင့်အလမ်းကို ရယူခြင်းအားဖြင့် နိုင်ငံတော် ကလေးသူငယ်များ အဆင်ပြေစေမည့် မြို့တည်ဆောက်ရေးကို အဆက်မပြတ် ရှေ့သို့တွန်းတင်မည် ဖြစ်ကြောင်း၊ ကလေးသူငယ်များ အဆင်ပြေစေမှု သဘောတရားများကို ကျင့်သုံးဆောင်ရွက်ကာ "အဆင်ပြေစေမှု ၅ ခုကြီး" ဆိုင်ရာ တည်ဆောက်ရေးကို တက်ကြွစွာ ရှေ့သို့တွန်းတင်မည် ဖြစ်ကြောင်း၊ "တစ်မီတာအမြင့်မှ မြို့ကို ကြည့်ခြင်း" ဟူသော အယူအဆကို လိုက်နာခြင်းအားဖြင့် ကလေးသူငယ်များ အဆင်ပြေစေမည့် လူမှုရေးမူဝါဒများကို တိုးမြှင့်ချတ်မှတ်မည် ဖြစ်ကာ အများပြည်သူမူဝါဒများ ချမှတ်ခြင်း၊ အများပိုင် အရင်းအမြစ်များ ခွဲဝေခြင်းနှင့် မြို့ပြတည်ဆောက်မှု စီမံကိန်းချခြင်းများတွင် ကလေးလူငယ်များကို ဦးစားပေး စဉ်းစားသည့် နည်းလမ်းများကို စွဲစွဲမြဲမြဲ လိုက်နာပြီး ကလေးလူငယ်များ၏ အမြင်များကို ပြသပြီး ကလေးလူငယ်များ၏ ပါဝင်ခြင်းကို အာရုံစူးစိုက်၍ လူ့အဖွဲ့အစည်း တစ်ခုလုံးတွင် ကလေးသူငယ်များ အဆင်ပြေစေမည့် သဘောတရားများကို ကျင့်သုံးဆောင်ရွက်စေမည် ဖြစ်ကြောင်း ကူမင်းမြို့ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေး ကော်မရှင်၏ သက်ဆိုင်ရာတာဝန်ရှိသူက ပြောကြားခဲ့သည်။

ထို့ပြင်၊ အများပြည်သူများ အဆင်ပြေစေမည့် ဝန်ဆောင်မှုများကို မြှင့်တင်ကာ စျေးသက်သာသော ကလေးလူငယ် ပြုစုစောင့်ရှောက်ရေး ဝန်ဆောင်မှုများကို ဖော်ဆောင်ခြင်း၊ အခြေခံ ပညာရေးလုပ်ငန်းကို ညီမျှစွာ ဖွံ့ဖိုးတိုးတစ်စေခြင်း၊ ကလေးလူငယ်ဆိုင်ရာ ကျန်းမာရေး စီမံအုပ်ချုပ်ရေးလုပ်ငန်းများကို ကောင်းကောင်း ဆောင်ရွက်ခြင်း၊ ကလေးလူငယ်၏ ယဉ်ကျေးမှုနှင့် အားကစားဆိုင်ရာ ဝန်ဆောင်မှုများ ပံ့ပိုးဖြည့်ဆည်းပေးခြင်း စသည့် အများပိုင် ဝန်ဆောင်မှုစနစ်ကို ကောင်းမွန်ပြည့်စုံအောင် ဆောင်ရွက်ခြင်းအားဖြင့် ကလေးလူငယ်များ၏ ကြီးထွားမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ လိုအပ်ချက်များကို အပြည့်အဝ ဖြည်းဆည်းပေးမည် ဖြစ်ကြောင်း၊ အခွင့်အရေးများကို ကောင်းမွန်စွာ ကာကွယ်စေမည် ဖြစ်၍ အထူး အခက်အခဲရှိသည့် ကလေးလူငယ်များကို ကာကွယ်စောင့်ရှောက်မည် ဖြစ်၍ လူထုသက်သာချောင်ချိရေးတွင် ကလေးလူငယ်များ အဆင်ပြေစေသည့် ကောင်းကျိုးစနစ်ကို ပြည့်စုံအောင် ဆောင်ရွက်မည် ဖြစ်ကြောင်း၊ ကလေးလူငယ်၏ ကြီးပြင်းလာနေသည့် အာကာသ ကောင်းမွန်လာအောင် ဆောင်ရွက်မည် ဖြစ်၍ မြို့ပြထဲမှ လမ်းများ၊ ကွန်မြူတီများ၊ ကျောင်းများနှင့် ဆေးရုံများ၏ ကလေးလူငယ်များ အဆင်ပြေစေသည့် ပြုပြင်ပြောင်းလဲရေးကို ဆောင်ရွက်မည် ဖြစ်၍ ကလေးလူငယ်ဆိုင်ရာ အလုပ်လုပ်ခြင်း၊ သင်တန်းချိန်အပ လက်တွေ့ဆောင်ရွက်မှု စသည်တို့ နှင့်ပတ်သက်သည့် ကျောင်းပ လှုပ်ရှားမှုနေရာများကို တည်ဆောက်ရန် အားဖြည့်ပေးမည် ဖြစ်၍ မြို့ပြအာကာသ၏ အရည်အသွေးနှင့် ဝန်ဆောင်မှုပေးနိုင်စွမ်းများကို မြှင့်တင်မည် ဖြစ်ကြောင်း၊ ပတ်ဝန်းကျင် ကောင်းမွန်သော၊ ကလေးလူငယ်၏ နေ့စဉ် စာသင်မှုနှင့် နေထိုင်မှု စသည်တို့ကို အာရုံစူးစိုက်သည့် နေရာများကို ဖွံ့ဖြိုးတိုးတက်စေမည် ဖြစ်၍ ကလေးလူငယ် ကျန်းကျန်းမာမာ ကြီးထွာလာသည့် လူမှုရေး ပတ်ဝန်းကျင်ကို ကောင်းမွန်လာအောင် ဆောင်ရွက်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

近日,国家发展改革委办公厅、国务院妇儿工委办公室公布了第二批建设国家儿童友好城市名单,全国40个城市上榜。其中,昆明成功入选,为我省首个入选城市。

儿童友好是城市高质量发展的重要标识,也是以人为核心的新型城镇化的战略方向。建设儿童友好城市,对于推动城市人口可持续发展、体现城市文明和人文温度、优化营商环境、增强城市吸引力等方面具有重要意义。

昆明市发展和改革委员会相关负责人表示,昆明市将以入选第二批建设国家儿童友好城市为契机,持续推进国家儿童友好城市建设。践行儿童友好理念,积极推进“五大友好”建设。秉承“一米高度看城市”理念,推进社会政策友好,在制定公共政策、配置公共资源、规划城市建设中,坚持儿童优先、体现儿童视角、注重儿童参与,推动全社会践行儿童友好理念。

同时,推进公共服务友好,通过发展普惠托育服务、推进基础教育均衡发展、做好儿童健康管理、丰富儿童文体服务供给等公共服务体系,充分满足儿童成长发展需要。推进权利保障友好,关爱保护特殊困难儿童群体,完善公益普惠儿童福利体系。推进成长空间友好,开展城市街区社区、学校医院的适儿化改造,加强儿童劳动教育、课外实践等校外活动场所建设,提升城市空间品质和服务效能。推进发展环境友好,聚焦儿童日常学习生活等场景,优化儿童健康成长社会环境。(记者张雁群)

အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73ကျပ်