၁၉ကြိမ်မြောက် တရုတ်(ရှိန်းကျိန့်) နိုင်ငံတကာ ယဉ်ကျေးမှုလုပ်ငန်း ကုန်စည်ပြပွဲကို ဇွန်လ ၇ ရက်နေ့တွင် စတင်ကျင်းပ၍ ယူနန် ပါဝင်ပြသ

2023-06-08 10:01|ရောင်စုံတိမ်တံတား

(ရောင်စုံတိမ်တံတား ခင်ခင်) ဇွန်လ ၇ ရက်နေ့တွင် တစ်နှစ်တစ်ကြိမ် ကျင်းပလျက်ရှိသည့် တရုတ်(ရှိန်းကျိန့်) နိုင်ငံတကာ ယဉ်ကျေးမှုလုပ်ငန်း ကုန်စည်ပြပွဲကို စတင်ကျင်းပခဲ့သည်။ ၎င်းသည် တရုတ်နိုင်ငံ၌ တစ်ခုတည်းသော အမျိုးသားအဆင့်၊ အပြည်ပြည်ဆိုင်ရာ၊ အထွေထွေရှိသည့် ယဉ်ကျေးမှုလုပ်ငန်း ကုန်စည်ပြပွဲ ဖြစ်၍ "တရုတ်နိုင်ငံ ယဉ်ကျေးမှုလုပ်ငန်း၏ ပထမပြပွဲ" ဟူသော နာမည်ကောင်း ရှိသည်။ ၅ ရက်ကြာ ဆက်လက်ကျင်းပသည့် ဤပြပွဲကို ကြီးကျယ်ခမ်းနားစွာ ကျင်းပပြသမည်ဖြစ်၍ ၄င်းတွင် ပြည်တွင်းပြည်ပ ယဉ်ကျေးမှုများကို စုစည်းပြီး ကမ္ဘာသူကမ္ဘာသားသို့ တရုတ်နိုင်ငံ ယဉ်ကျေးမှု၏ ထွန်းလင်းတောက်ပမှုကို ထပ်မံပြသမည် ဖြစ်သည်။

ဤအကြိမ် ပြပွဲတွင် ပြတိုက် ၆ ခုကို စီစဉ်တည်ဆောက်ထားပြီး ပြတိုက်နေရာအကျယ်အဝန်းမှာ စတုရန်းမီတာ ၁၂ သောင်း ရှိ၍ ပြည်တွင်းပြည်ပ ယဉ်ကျေးမှု အဆန်းထွင်မှုလုပ်ငန်းဆိုင်ရာ ကုန်စည် အမျိုး ၁၀ သောင်းကျော် ပြသထားသည်။ ပြပွဲသည် အပြည်ပြည်ဆိုင်ရာ၊ ဒစ်ဂျစ်ဒယ်၊ စျေးကွက်နှင့် သီးခြားမှုကို အလင်းဆုံပေးပြီး ပြည်တွင်းပြည်ပ အဆင့်မြင့် ယဉ်ကျေးမှုလုပ်ငန်း အရင်းအမြစ်များကို တက်ကြွစွာ သွင်းယူလာ၍ တရုတ်တစ်ပြည်လုံးနှင့် တစ်ကမ္ဘာလုံးတွင် ယဉ်ကျေးမှုလုပ်ငန်း ဖွံ့ဖြိုးတိုက်တက်မှု၏ နောက်ဆုံးရလဒ်များကို ပြည့်စုံစွာ ပြသထားကာ ပြသမှုနှင့် ရောင်းဝယ်မှု စွမ်းအားကို တစ်ဆင့်တိုးပြီး မြှင့်တင်မည် ဖြစ်သည်။

ပါဝင်ပြသသည့် ပြည်နယ်တစ်ခု အနေနှင့် ယူနန်ပြည်နယ်၏ ပြခန်းသည် ပြတိုက် နံပါတ် ၁၃ တွင် တည်ရှိပြီး ပြခန်းနေရာအကျယ်အဝန်မှာ စတုရန်းမီတာ ၅၂၅  ရှိကာ "ယူနန်ဟု ခေါ်သည့် နေထိုင်မှုဘဝတစ်မျိုး" ဟူသော ခေါင်းစဉ်ဖြင့် ဒစ်ဂျစ်ဒယ် မာလ်တီမီတီယာ နည်းပညာ၊ Real -life restoration နှင့် Immersive experience စသည့် နည်းလမ်းအမျိုးမျိုးကို အထွေထွေအသုံးပြုပြီး ယခုနှစ်များအတွင်း ယူနန်ပြည်နယ်၏ "ယဉ်ကျေးမှု+" မဟာဗျူဟာကို နက်ရှိုင်းစွာ လက်တွေ့ကျင့်သုံးပြီး ပြည်တွင်းပထမတန်း၊ တောင်အာရှ အရှေ့တောင်အာရှသို့ မျက်နှာမူသည့် ပိုကြီးသော သြဇာလွှမ်းမိုးမှု ရှိသည့် ယဉ်ကျေးမှုစွမ်းအား ကြီးမားသော ပြည်နယ်ကို တည်ဆောက်ရန် ရရှိသည့် နောက်ဆုံးရလဒ်များကို ပြသထားသည် ဖြစ်သည်။

ပြခန်း၏ ဒီဇိုင်းသည် တစ်နေ့တာအချိန်အလိုက် နယ်ပယ်များ ပိုင်းခြားစီစဉ်ထားပြီး ပရိသတ်များကို ယူနန်ပြည်နယ်၏ နေထိုင်မှုမြင်ကွင်းကို ပြန်လည်ခံစားစေကာ လမ်းလျှောက်ရင်း မြင်ကွင်းပြောင်းလွဲလိုက်ရာတွင် ယူနန်ပြည်နယ်၏ ပန်းချီကားကဲ့သို့သော ရှုခင်းများ၊ ကဗျာကဲ့သို့သော လူမှုရိုးရာဓလေ့ထုံးစံနှင့် သဘာဝအခြေအနေများနှင့် ကြွယ်ဝသော စက်မှုလုပ်ငန်း ယဉ်ကျေးမှုများကို တွေ့မြင်စေနိုင်၍ တစ်နေ့တာမှ မတူသော အချိန်တွင် "ယူနန်ဟု ခေါ်သည့် နေထိုင်မှုဘဝတစ်မျိုး"ကို ခံစားစေနိုင်သည်။

ဇွန်လ ၇ ရက်နေ့မှ ၁၁ ရက်နေ့အထိ၊ ဤခမ်းနားကြီးကျယ်သော ယဉ်ကျေးမှုကုန်စည်ပြပွဲတွင် အတူတူပါဝင်၍ "ယူနန်ဟု ခေါ်သည့် နေထိုင်မှုဘဝတစ်မျိုး"ကို ခံစားကြပါ။


6月7日,一年一度的中国(深圳)国际文化产业博览交易会拉开帷幕。这是中国唯一的国家级、国际化、综合性的文化产业博览交易会,被誉为“中国文化产业第一展”。为期5天的展会将盛装亮相,汇聚国内外文化星点,再一次向世人绽放中华文化的灿烂光芒。

据悉,本届深圳文博会线下共设6个展馆,展览面积12万平方米,海内外10多万种文化创意产业展品参展。展会聚焦国际化、数字化、市场化、专业化,积极引进国内外高端文化产业资源,全面展示全国乃至全球文化产业发展最新成果,并进一步提升展示交易功能。

作为参展省份之一,云南展区以“有一种叫云南的生活”为主题亮相13号馆,展区展陈面积525平方米,综合运用数字多媒体技术、实景还原、沉浸式体验等多种手段,展现云南近年深入实施“文化+”战略,建设国内一流、面向南亚东南亚有较大影响力的文化强省新成就。

展区展陈以一天时间为轴划分版块设计,带领观众复刻云南生活场景,在移步易景中看到云南的如画风景、如诗风情、丰富的产业文化,通过一日的不同时辰,体验“有一种叫云南的生活”。

6月7日-6月11日,一起走进这场文化盛宴,体验“有一种叫云南的生活”。(云南网 记者赵琳)

အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73ကျပ်