အနှစ်သာရနှင့် ပြည့်စုံသော လှုပ်ရှားမှုများရှိသည့် ကူမင်းမြို့ နိုင်ငံတကာ မော်တော်ယာဉ်ပြပွဲကို ဇွန်လ ၂၂ ရက်နေ့မှ စတင်ကျင်းပမည်
2023-06-07 09:47|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) ၂၄ ကြိမ်မြောက် တရုတ်နိုင်ငံ (ကူမင်းမြို့) နိုင်ငံတကာ မော်တော်ယာဉ်ပြပွဲကို ဇွန်လ ၂၂ ရက်နေ့မှ ၂၆ ရက်နေ့အထိ တိန်ချီး နိုင်ငံတကာ ပြသရေးစင်တာ၌ ကျင်းပမည်ဖြစ်၍ ၅ ရက်ကြာ ဆက်လက်ပြသမည် ဖြစ်သည်။
ဤအကြိမ် ကူမင်းမြို့ နိုင်ငံတကာ မော်တော်ယာဉ်ပြပွဲတွင် တိန်ချီး နိုင်ငံတကာ ပြသရေးစင်တာရှိ နံပါတ် ၃ မှ နံပါတ် ၁၁ အထိ စုစုပေါင်း ပြတိုက် ၉ ခုကို အသုံးပြုမည် ဖြစ်သည်၊ ထိုအချိန်တွင် ပြည်တွင်း ပြည်ပ ထိပ်တန်း မော်တော်ယာဉ် လုပ်ငန်းကုမ္ပဏီ ၁ ရာကျော်သည် မကြာမီ ပေါ်ထွက်တော့မည့် မော်တော်ယာဉ် စီးရီးအသစ်နှင့် မော်တော်ယာဉ် မော်ဒယ်အသစ်များကို ဘက်စုံစုစည်းပြသမည် ဖြစ်ကာ ပြသရေး အကျယ်အဝန်း စတုရမ်းမီတာ ၁၅ သောင်းကျော် ရှိမည်ဖြစ်သည်။ ထိပ်တန်း၊ ရင်းနှီးငွေစုပေါင်းမြှုပ်နှံ၊ တင်သွင်း၊ ကိုယ်တိုင်ပိုင်ဆိုင်သည့် အမှတ်တံဆိပ်များကို စုစည်းသည့်အပြင် ရေပန်းစားသော စွမ်းအင်သစ် မော်တော်ယာဉ် အမှတ်တံဆိပ်များနှင့် နောက်ဆုံးပေါ် အင်အားကြီးသော မော်တော်ယာဉ် ထုတ်လုပ်ရေး အမှတ်တံဆိပ်များသည် ၄င်းတို့၏ မော်တော်ယာဉ် မော်ဒယ်အများအပြား နှင့်အတူ အားလုံးပြသမည် ရှိသည်ဖြစ်၍ လျှပ်စစ်စွမ်းအင်သုံးနိုင်ခြင်း၊ အသိဉာဏ်အသွင် နယ်ပယ်များတွင် မော်တော်ယာဉ်လုပ်ငန်းများ၏ အောင်မြင်မှုအသစ်ကို ဘက်စုံပြသမည် ဖြစ်ကာ အာရုံစူးစိုက်များသော မော်ဒယ်အသစ်နှင့် သိပ္ပံနည်းပညာအသစ်များကိုလည်း ပြသမည် ဖြစ်သည်။
ယခုနှစ် ကျင်းပသည့် ကူမင်းမြို့ နိုင်ငံတကာ မော်တော်ယာဉ်ပြပွဲတွင် အနှစ်သာရနှင့် ပြည့်စုံသော လှုပ်ရှားမှုများကိုလည်း ကျင်းပမည် ဖြစ်၍ ပြပွဲပါဝင်သည့် မြို့သူမြို့သားများသည် အဝင်လက်မှတ် တစ်စောင်ဖြင့် ပြပွဲတစ်ခုလုံးကို လည်ပတ်နိုင်မည် ဖြစ်သည်။ ထို့ပြင်၊ ပရိသတ်များသည် အဝင်လက်မှတ်ဖြင့်သာ ပြတိုက် နံပါတ် ၃ ရှိ ဒုတိယ အကြိမ်မြောက် အနောက်တောင်ပိုင်း တပ်ဆင်မှုပြုပြင်သည့် မော်တော်ယာဉ်များ ပြပွဲ၊ ပြတိုက် နံပါတ် ၁၁ ရှိ မော်တော်ယာဉ် မော်ဒယ်အများအပြား အတွက် စမ်းသပ်မောင်းခြင်းနှင့် တခြားလှုပ်ရှားမှုများကို ကြည့်ရှုနိုင်မည် ဖြစ်သည်။
昆明信息港讯 记者合宇聪 第二十四届中国(昆明)国际汽车博览会(以下简称“昆明国际车展”)将于6月22日至6月26日在滇池国际会展中心举办,展期5天。
本届昆明国际车展将启用滇池国际会展中心3至11号共计9个馆,届时将有国内外百家顶级汽车公司,对即将面世的全新车系、车型进行全方位集中展示,展出面积超15万平方米。高端、合资、进口、自主品牌云集,更有多个热门新能源品牌和新势力造车品牌携旗下众多车型悉数亮相,全面展示汽车工业在电动化、智能化赛道的新成果,更有备受瞩目的新车型、新科技展现。
今年的昆明国际车展还将在现场推出多项精彩活动,逛展市民一张门票即可玩转全场。据介绍,观众可凭门票即可参观3号馆第二届西南改装车展、11号馆的众多车型试乘试驾及其他精彩活动……
အယ်ဒီတာ: ကိုကိုမောင် တာဝန်ခံအယ်ဒီတာ: Xu Ting
- ၁၇ ကြိမ်မြောက် တရုတ် ကူမင်း နှစ်သစ်ကူးကုန်စည်ပြပွဲကို ကျင်းပနေ
- ယူနန်ပြည်နယ် တာ့လီမြို့တွင် ပထမဆုံး နိုင်ငံတကာ တိုက်ရိုက်လေကြောင်းလိုင်းကို ဖွင့်လှစ်
- ယူနန်ပြည်နယ်မှ ပြည်သူများသည် ကျီးဇူစန်းတောင်သို့ အခမဲ့ လည်ပတ်ကြည့်ရှုနိုင်
- Lucky Air သည် ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ကူမင်း-ဗီယင်ကျန်း နိုင်ငံတကာ လေကြောင်းလိုင်းသစ်ကို စတင်ဖွင့်လှစ်
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- အရှေ့တောင်အာရှ ကုန်ပစ္စည်းကလေးများသည် ကူမင်းမြို့ရှိ "နှစ်သစ်ကူးကုန်စည်ပြပွဲ"တွင် ရေပန်းစားနေ
- "ရထားလမ်း ဖွင့်လှစ်တာနဲ့အမျှ အားလုံး အရှိန်တိုးလာနေတယ်" ဟု ဟွန်ကျွင့်ကျယ်က ပြောဆိုခဲ့
- တရုတ်-လာအို ရထားလမ်းနှင့် မိုဟန်ဆိပ်ကမ်းတို့သည် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြု
- တရုတ်-လာအို ရထားလမ်းကို မှီခိုပြီး မိုဟန်မြို့နယ်သည် ဖွံ့ဖြိုးတိုးတက်မှုရလဒ်များ ရရှိ